Celebrities

မြန်မာနိုင်ငံတစ်နိုင်ငံတည်းမှာပဲရှိတဲ့သနပ်ခါးကို လိမ်းခွင့်ရတာဂုဏ်ယူနေတဲ့ ပိုင်တံခွန်

မြန်မာနိုင်ငံရဲ့မော်ဒယ်လ်၊မင်းသားချောပိုင်တံခွန်ကတော့ အချိန်တိုအတွင်းမှာ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို များစွာရရှိထားသူတစ်ယောက်ပါ။ ပိုင်တံခွန်ကတော့ မြန်မာနိုင်ငံမှာသာမက အာရှနိုင်ငံကမိန်းကလေးပရိသတ်တွေရဲ့အသည်းကျော်လည်း ဖြစ်လို့နေတာပါ။ ဒီလိုအောင်မြင်မှုတွေရရှိနေတဲ့ ပိုင်တံခွန်ကတော့ ခေတ်ပေါ်အမိုက်စားအပြင်အဆင်တွေနဲ့ စတိုင်ကျနေသလို မြန်မာဆန်ဆန်ဝတ်ဆင်ဖို့ကိုလည်း မမေ့တဲ့သူတစ်ယောက်ပါ။

ဒီနေ့မှာတော့သူ့ရဲ့ဖေ့ဘွတ်ခ်မှာ မြန်မာဆန်ဆန်လုံချည်နဲ့အကျီကိုဝတ်ဆင်ထားပြီး သနပ်ခါးကိုလည်း လိမ်းထားတာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့သနပ်ခါးကို This is called Myanmar Tha Nat Kha which only exists in our country, Myanmar. ဆိုပြီးတော့လည်း ဂုဏ်ယူစွာနဲ့ရေးသားထားသေးတဲ့အပြင် အားပေးတဲ့ပရိသတ်တွေကိုလည်း ” ကျေးဇူးအများကြီးတင်ပါတယ် ခင်မျာဟုတ်တယ် မြန်မာသနပ်ခါးကို တခြားသော နိုင်ငံက လူတွေ ကို ကြွားချင်လို့ပါ” ဆိုပြီးတော့လည်း ရေးသားထားပါသေးတယ်။ ပိုင်တံခွန်ကတော့ မကြာသေးခင်ကလည်း မိဘတွေကို အိမ်နဲ့ကားကို လက်ဆောင်အဖြစ်နဲ့ပေးခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ချီးကျူးစကားကို များစွာရရှိခဲ့တာပါ။

ပိုင်တံခွန်ကတော့ နိုင်ငံရပ်ခြားမှာလည်းအနုပညာအလုပ်တွေလုပ်ခွင့်ရကာအောင်မြင်နေသလို ပြည်တွင်းမှာလည်းနှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲတစ်ယောက်ဖြစ်ပါတယ်။ အောင်မြင်နေသလိုလည်း မိဘကျေးဇူးသိတတ်ကာမြန်မာ့ယဉ်ကျေးမှုကိုလည်းမမေ့တဲ့သူတစ်ယောက်ဖြစ်တာကြောင့် တကယ့်ကိုလေးစားစရာပါပဲနော်…

#credit celegabar