Knowledge

မဟာမြိုင်တောအလယ် နတ်နန်းက ပန်ထွာဘုရင်မ ရုပ်ထုနဲ့ စန္ဒမုခိမယ်တော် ရုပ်ထုများမှ မျက်ရည်များ စီးကျလာ

မဟာမြိုင်တောအလယ် နတ်နန်းက ပန်ထွာဘုရင်မ ရုပ်ထုနဲ့ စန္ဒမုခိမယ်တော် ရုပ်ထုများမှ မျက်ရည်များ စီးကျလာခြင်း။ သဲဖြူဆရာတော်ကြီး မိန့်တာကတော့ ‘ဝမ်းသာလွန်းလို့ ကျတဲ့ မျက်ရည်’ ပါတဲ့။ ဟုတ်မှာပေါ့၊ ဝမ်းသာရှာလိမ့်မပေါ့၊ ဘယ်လောက်များ ကြည်နူးပီတိ ဖြစ်ရှာကြမလဲ၊ အနှစ်နှစ် အလလ’ က ကြိုးစားခဲ့ရတဲ့ သူတို့သားအမိနှစ်ယောက်ရဲ့ ဆန္ဒလေးတွေပြည့်ဝခဲ့တဲ့နေ့ ရောက်ခဲ့ပြီလေ။ “တပည့်တော်မတို့ ကြေနပ်လိုက်တာပျော်ရွှင်လိုက်တာ၊ ဝမ်းသာလိုက်တာဘုရား” တဲ့။ အချိန်က ၂၀၁၅ခုနှစ်၊ တပေါင်းလပြည့်နေ့။ မဟာမြိုင်တောကြီးရဲ့ ဗဟိုချက်မနေရာ(ချက်မရေ)။ ပန်ထွာဘုရင်မနဲ့ မယ်တော်စန္ဒမုခိတို့ရဲ့တောင်းပန်ချက်အရသဲဖြူဆရာတော်ကြီးက ‘လေးကျွန်းရန်အောင်’ဘုရားကြီး တည်ပေးနေချိန်၊ ဘုရားကြီးကို အထက်ဌာပနာပိတ်ပွဲ ကျင်းပချိန်၊ အထက်ဌာပနာ ပိတ်ပွဲနဲ့အတူ တစ်ပြိုင်တည်း နတ်နန်းအပ်ပွဲ ကျင်းပချိန် ဖြစ်ပါတယ်

ဘုရားလည်း ဌာပနာပိတ်၊ သူတို့သားအမိအတွက်လည်း နတ်နန်းလည်းရ၊ ဘုံခုနှစ်ဆင့်စည်တော်စင်ကြီးလည်း ရခဲ့တဲ့ သူတို့ရဲ့ဘဝဟာ အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားဆိုသလို ဘယ်လောက်များဝမ်းသာနေလိုက်ကြသလဲဆိုရင် ပန်ထွာဘုရင်မနဲ့ စန္ဒမုခိမယ်တော် ရုပ်ထုတွေအကုန်လုံး မျက်ရည်ဖြိုင်ဖြိုင်စီးကျခဲ့ရတဲ့ အထိပါပဲ။ အဲဒီနေ့ နေ့လည်ခင်းမှာ ဖြစ်ပျက်သွားတာပါ။ မယ်တော်ရုပ်ထုရော၊ ပန်ထွာဘုရင်မရော၊ ရင်ခွင်ပိုက်

ကလေးလေးပါမကျန် ရုပ်ထုအားလုံး မျက်ရည်တွေစီးကျနေတာကို အနီးမှာရှိတဲ့ ပရိသတ်အားလုံး မြင်တွေ့ခဲ့ကြပြီး အံ့ဩဘနန်း ဖြစ်ခဲ့ကြရပါတယ်။ (စာရေးသူ Anawyahtar King ရဲ့ မိတ်ဆွေတွေလည်း အနီးမှာရှိနေကြပါတယ်)။ တကယ်တော့ စန္ဒမုခိဆိုတဲ့ မယ်တော်ဘီလူးမကြီးနဲ့ သမီးလေးပန်ထွာတို့ရဲ့ ဘဝက ကြမ်းတမ်းလှပါတယ်။ မျက်နှာငယ်မှုတွေ၊ လူတွေရဲ့အထင်လွဲမှုတွေ၊ သိမ်ငယ်မှုတွနဲ့ ကြီးပြင်းခဲ့ရတာပါ။ မယ်တော်

စန္ဒမုခိအနေနဲ့ ဘုရင်စူဠာသမ္ဘဝရဲ့ အရေးအရာမပေးမှုကြောင့် သမီးလေးကို ပွေ့ပိုက်ပြီး သရေခေတ္တရာနန်းတော်က ဆင်းပြေးခဲ့ရသလို သမီးလေး ပန်ထွာကျပြန်တော့လည်း ရသေ့ကြီး(ကုမ္ဘဝတီမင်း)ရဲ့စောင့်ရှောက်မှုနဲ့ဗိဿနိုးနန်းတော်မှာ ဘုရင်မအဖြစ် အေးချမ်းစွာ သာသနာပြုနေတာကို ဒွတ္တဘောင်ဘုရင်ရဲ့ တိုက်ခိုက်ဖျက်စီးတာ ခံလိုက်ရပြန်တယ်။ မဟာမြိုင်တောကြီးဆီကို စစ်ရှုံးဘုရင်မတစ်ယောက်အနေနဲ့ ဝမ်းနည်းသိမ်ငယ်မှုတွေနဲ့အတူ

ဘဝကို အဆုံးသတ်ခဲ့ရပါတယ်။ (သဲဖြူဆရာတော်ရဲ့တရားတွေကိုနာယူရင် သူတို့ဘဝဇာတ်ကြောင်းကို ညတရားဟောရင် မကြာခဏ ထည့်ပြီးဟောကြားပါတယ်။ ဆရာတော်တရားအရ သုံးသပ်တဲ့အခါ အနီးကပ်ဦးဇင်းတွေရဲ့ ယူဆချက်ကတော့ သဲဖြူဆရာတော်ဟာ အတိတ်က ပန်ထွာရဲ့စစ်သူကြီးဖြစ်ခဲ့တာ မဟုတ်ပါဘူးတဲ့။ သူတို့သားအမိဘဝကို ကယ်တင်ခဲ့တဲ့ သူတို့ရဲ့ ဆရာရသေ့ကြီး(ကုမ္ဘဝတီဘုရင်)ဖြစ်ပါသတဲ့။ ခုဘဝမှာလည်းသဲဖြုဆရာတော်က ပြုစုစောင့်ရှောက်ထားတာမို့ ဒီအဆိုက ပိုပြီး သဘာဝကျလှပါတယ်) နတ်ဖြစ်တဲ့ဘဝမှာတောင် ဘုန်းကြီးရဟန်းတွေကိုမကြည်ညိုသူအဖြစ်၊ ဘုန်းကြီးတွေကို မဟာမြိုင်တောကိုလာရင် လုပ်ကြံသူအဖြစ်

မဟာမြိုင်တောထဲဝင်ရင် ဘုရားစာရွတ်တာတောင် မကြိုက်သူအဖြစ် စွတ်စွဲအပုတ်ချတာကို သံသရာတစ်လျှောက်လုံး ခါးစည်းလို့ ခံခဲ့ရတယ်။ ဘုရားဒကာမလည်းဖြစ်ပြီး ဘုန်းကြီးရဟန်းတွေကို ကြည်ညိုလွန်းလို့ ဗိဿနိုးမြို့ကနန်းဦးကျောင်းကို ရွှေကျောင်းကြီးအဖြစ် ဆောက်လုပ် လှူဌာန်းခဲ့တဲ့ ကျောင်းအမ၊ ရွှေရောင်တော် ဘုရားရဲ့ ဘုရားအမ တစ်ယောက်ကို ရက်ရက်စက်စက် ပြောရက်လိုက်ကြတာ။ အခုတော့ လူတွေအားလုံးကို

သက်သေပြနိုင်ခဲ့ပါပြီ၊ အောင်ပြီ၊ ဘုရားကြီးလည်း အောင်မြင်ခဲ့ပြီ။ ဆောင်ရွက်ပေးခဲ့ကြသူများအားလုံးကို ကျေးဇူးတင်ကြောင်း မျက်ရည်တွေနဲ့ သက်သေပြနိုင်ခဲ့ပါပြီ။ မယ်တော်စန္ဒမုခိ (ဘီလူးမ)ဟာ စူဠာသမ္ဘဝနဲ့ မဟာသန္ဘဝညီနောင်ကို မျက်စိနှစ်ကွင်း အလင်းရအောင် ဆေးကုပေးခဲ့တဲ့ ဆေးပညာကို တစ်ဖက်ကမ်းခတ် တတ်မြောက်သူလို့ အရင်ပို့စ်တွေမှာ Anawyahtar Kingရေးခဲ့ဖူးတာ မှတ်မိကြမှာပါ။ ဗဟုသုတလေး မျှဝေ‌ပေးချင်ပါတယ်။ ၂၀၁၅ ခုနှစ် ဖေဖဝါရီလလောက်မှာပေါ့။ နန်းအပ်ပွဲ မတိုင်ခင်လေးမှာမြိုင်ကြီးငူဆရာတော်ဟာ ကျန်းမာရေးမကောင်းဖြစ်ပြီး၊ နှာခေါင်းပိုက်တွေနဲ့ မဟာမြိုင်နန်းကို ကြွလာပါတယ်။ ဆေးကုရအောင် ကြွလာတာပါ။ကားပေါ်က ပွေ့ချကြပါတယ်။ နန်းဟောင်းမှာ ဆေးကုကြတာပါ။ သဲဖြူဆရာတော်ဟာ ခရီးသွားနေရာကနေ ချက်ချင်းပြန်ကြွလာပြီး မယ်တော်စန္ဒမုခိကို ပွဲတင်လို့ ဆေးကုစေခဲ့ပါတယ်။ အဲဒီအချိန်ဟာ မြိုင်ကြီးငူဆရာတော်ဟာပဌာန်းတွေကို ကရင်လို ဘာသာပြန်ရေးနေချိန်ဖြစ်ပါသတဲ့။ မဟာမြိုင်က ဦးဇင်းတွေက ကူညီဆောင်ရွက်ပေးခဲ့ရသလို၊ ဆရာတော်ကြီးအတွက် အောက်စီဂျင်ဗူးကိုလည်း ကလေးမြို့ကို သွားရောက်ယူဆောင်ပေးခဲ့ရကြောင်း ရှင်းပြပါတယ်။ ဆရာတော်ကို စန္ဒမုခိမယ်တော်က ပျောက်ကင်းအောင်ဆေးကုသပေးခဲ့ကြောင်းကို ဗဟုသုတအနေနဲ့ ထူဆန်းအံ့ဩဖွယ်ရာ အကြောင်းအရာလေးတွေကို မျှဝေပေးတာပါ။ ယခုနတ်နန်းသစ်

အလှူရှင်ဟာလည်း နိုင်ငံတော်ရဲ့ အထင်ကရ သူဌေးတွေပါပဲ။ ဘယ်နိုင်ငံမှ ကုသလို့ မသက်သာတဲ့ရောဂါကို ဆရာတော်ကျေးဇူးနဲ့ မယ်တော်ကြီး ကုသပေးခဲ့လို့ ပျောက်ကင်းသွားတဲ့အတွက်ကျေးဇူးပြန်ဆပ်မှု တစ်ခုပါ။ဘုရားကြီးပြီးစီးအောင်တည်တဲ့ ဒါယိကာတွေ၊ ဒါယိကာမတွေအဖြစ် ရှေ့တန်းက တက်တက်ကြွကြွ ပါဝင်ခဲ့ကြပါတယ်။ အတိတ်က ပဌာန်းဆက် ပါခဲ့ကြသူတွေလည်း ဖြစ်မယ်ထင်ပါတယ်။ ယခုလည်း ရန်ကုန်က အထင်ကရသူဌေးကြီးတွေ ကင်ဆာကုသဖို့ ရောက်ရှိနေတယ်လို့ သိရှိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူတွေရဲ့ အသက်ကို ကယ်တင်ပေးနေတဲ့ မယ်တော်ကြီးရဲ့ စိတ်ဓါတ်နဲ့ ကိုယ်ချင်းစာတရား ကြီးမားမှုကို သိစေချင်လို့ တင်ပြပေးတာပါ။အဖြစ်မှန်ကိုအားလုံးသိရှိခဲ့ရင် မယ်တော်ကြီးနဲ့ ပန်ထွာဘုရင်မတို့ကို မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီးတွေအဖြစ် အထင်လွဲမှားနေမှုလေးတွေ ပြေပျောက်နိုင်ကြပါစေ။ သူတို့မှာလည်း နာကြည်းချက်တွေ၊ ရင်နာစရာတွေနဲ့ပါလားလို့ကိုယ်ချင်းစာနိုင်ကြပါစေ၊ သားအမိနှစ်ယောက်စလုံး နူးညံ့တဲ့ နှလုံးသားပိုင်ရှင်လေးတွေဆိုတာ သိနိုင်ကြပါစေ၊ မယ်တော်ကြီးနဲ့ဘုရင်မကြီးဟာ သူတို့နန်းဆီကို လာရင်၊ သူတို့ကို မေတ္တာပို့ပေးရင်၊ သူတို့ကို အမျှဝေပေးရင်သူတို့ကိုဂရုစိုက်ရင် သူတို့ကလည်း ချက်ချင်းလက်ငင်းကို နှစ်ဆမက ပြန်လည်စောင့်ရှောက်ပေးကြောင်း သိနိုင်ကြပါစေ။ အခါသင့်လို့ အခွင့်သာခဲ့ရင် ပန်ထွာဘုရင်မနဲ့မယ်တော်ကြီးတို့ရဲ့ နတ်နန်းတွေရှိတဲ့ မဟာမြိုင်တောကြီးထဲက

ချက်မရေ နတ်နန်းနဲ့ ဗိဿနိုးမြို့ဟောင်းက နတ်နန်းတွေနဲ့ ဘုရားတွေကို ဖူးမျှော်ရင်း သွားနိုင်ကြပါစေလို့ ဆုတောင်းရင်း မျှဝေပေးလိုက်ပါတယ်။.Anawyahtar Kingရဲ့ ပို့စ်လေးတွေကို ကူးယူမျှဝေနိုင်ကြပါတယ်။ အရင်အပတ်ကတင်ထားတဲ့ ‘ ငါလာမှသီး၊ ငါလာမှကြီး’ ဆိုတဲ့ ကျိမ်စာသင့်ပေပင်လေးတွေအကြောင်း ရေးတင်ပေးတာကို ပေ့ချ်အငယ်တွေအားလုံးက မူလရေးသားသူ Anawyahtar King ကို ခရက်ဒစ်တောင်မပေးပဲ တင်ထားကြတာကိုစိတ်မကောင်းစွာ တွေ့ရှိရပါတယ်။ ပေ့ချ်ငါးခုလောက် ဖြစ်ပါတယ်။ တစ်ချို့လူငယ်တွေကလည်း သူတို့နာမည်တွေ တပ်ပြီး ရှယ်ထားကြတာ တွေ့ရပါတယ်။ ဘယ်လိုပဲ ဖြစ်စေ ko King တင်တဲ့ အကြောင်းအရာတွေကိုသူငယ်ချင်းတွေ သိသွားကြရင်ပဲ ကြေနပ်ပါတယ်။ သဲဖြူဆရာတော်ဟာ ချက်မရေမှာ တဖြေးဖြေးစည်ကားလာတာကြောင့်ဘရွာတစ်ခုဖြစ်အောင် တည်ပေးနေပါပြီ။ အိမ်ခြေ ၁၂၀ လောက် ရှိနေပါပြီ။ ဘုန်တော်ကြီးစာသင်ကျောင်းဟာလည်း ဆရာ နှစ်ဆယ်၊ ကျောင်းသား ၁၅၀ လောက် ရှိနေပါတယ်။ ဆေးရုံလည်း ဆောက်နေပါပြီ။ ဆရာတော်ကြီးနဲ့အတူ သာသနာအတူ ပြုနိုင်ကြပါစေ။ အော် မေ့နေလို့၊ အရင်က နတ်နန်းဆိုပြီး ရှိတဲ့နေရာလေးဟာ မကြာခင် ရွာကြီးဖြစ်လာတော့မယ်၊ ရွာနာမည်လေးက ” သစ္စာပန်းတောင်း” တဲ့။ သစ္စာအတူ ပြုကြရအောင် သစ္စာပန်းတောင်းရွာလေးဆီကို ဘုရားဖူး သွားကြရအောင် ဖိတ်ခေါ်လိုက်ပါတယ်။ မဟာမြိုင် နတ်နန်းနဲ့လေးကျွန်းရန်အောင်ဘုရား၊ သဲဖြူဆရာတော်တို့ရှိတဲ့ သစ္စာပန်းတောင်း ရွာသစ်လေးဆီကို သွားလိုပါက ကလေးဝမြို့ကလည်း သွားလို့ရပါတယ်။ ချင်းတွင်းမြစ်ကူးတံတားကျော်ပြီး နှစ်နာရီလောက် မောင်းလိုက်ရင်ရောက်ပါတယ်။

မုံရွာဖက်က လာမယ်ဆိုရင် မုံရွာ၊‌ ဒီပဲယင်း၊ ရေဦး၊ တန့်ဆည်မြို့ထိ ဂိတ်ဆုံးအောင် ကားစီးခဲ့ပါ။ တန့်ဆည်မြို့မှာ ကားဆက်ဌားပြီး မဟာမြိုင်က ချက်မရေရှင်၊ ဗိဿနိုးဘုရင်မနတ်နန်းလို့ ပြောပြီး လာခဲ့ပါ။ ခုလို မိုးတွင်းမှာတော့ ဆပ်တိုCRV 4တို့ ဘော်ဒီအမြင့်ကားလေးတွေ သွားလို့ရပါတယ်။တန့်ဆည်နဲ့ ၇နာရီလောက် ဆက်မောင်းခဲ့ရတယ်လို့ ပြောကြပါတယ်။ (အကြောင်းအရာများအားလုံး သိသမျှ ရှင်းပြပေးပါသော မဟာမြိုင်တောရကျောင်းမှဆရာတော်ကြီးရဲ့တပည့် ဦးဇင်း ဥူးသုမဂ်လ၊ ဆရာ Khin Mg Nyunt၊ သစ္စာပန်းတောင်းမှ မွန်မွန်၊ ကလေးဝမှ Sue Ma တို့အားကျေးဇူးအထူး တင်ရှိပါသည်။)

#credit