Health & Knowledge

စားလို့ရမှန်းမသိပဲ သင်ကျိန်းသေ လွင့်ပစ်ခဲ့မိမယ့် အစားအစာ (၆) မျိုး

အစားအစာဆိုတာ လူသားတိုင်းအတွက် လိုအပ်ပါတယ်။ ဟင်းသီဟင်းရွက်၊ အသားငါး အစရှိတဲ့ အစားတွေထဲမှာ လူတွေအတါက်နေ့စဉ်လိုအပ်မယ့် အစာအဟာရဓာတ်တွေ မြောက်မြားစွာ ရှိပါတယ်။ ဒါပေမယ့်လူတော်တော်များများဟာ တစ်ချို့ စားလို့ရတဲ့ အရာတွေကို စားလို့မရဘူး၊ အသုံးမဝင်ဘူးပဲထင်ပြီး လွှင့်ပစ်တတ်ကြပါတယ်။ ဒါကတော့ ရှင်းရှင်းပြောရရင် အစာအစားတွေကို သက်သက်မဲ့ ဖြုန်းတီးနေတာပါပဲ။ ကမ္ဘာပေါ်မှာရှိသမျှ အစားအစာတွေရဲ့ သုံးပုံတစ်ပုံဟာ စားလို့မရဘူးထင်ပြီး အမြဲတမ်းလွှင့်ပစ်ခံနေရပါတယ်။ ဒါ့ကြောင့် ဒီလိုမျိုးတွေထပ်မဖြစ်ရအောင် သင်ကိုယ်တိုင် စားလို့ရမှန်းမသိပဲ ကျိန်းသေလွှင့်ပစ်ခဲ့မိမယ့် အစားအစာ (၆) မျိုးအကြောာင်း ပြောပြချင်ပါတယ်။

၁။ ကြက်ဥအခွံ

ကြက်ဥတစ်လုံးကို လူတိုင်းဟာ ကြက်ဥဖောက်ပြီးတာနဲ့ ကြက်ဥအခွံကို အမှိုက်ပုံးထဲ တန်းထည့်တတ်ကြပါတယ်။ ဒါပေမယ့်မယ့် လူတော်တော်များများ မသိတာက ကြက်ဥအခွံထဲမှာ အရိုးအဆစ်ကို သနမ်မာစေတဲ့ Calcium ဓာတ်များစွာ ပါဝင်နေတာပါပဲ။ ဒါ့ကြောင့် ကြက်ဥအခွံကို ဒီအတိုင်း မစားချင်ရင်တော့ ဖျော်စက်ထဲထည့်မွှေပြီး ကိုယ်ကြိုက်တဲ့ smoothie တစ်ခုခုနဲ့ ရောသောက်တာ အကောင်းဆုံးပါပဲ။

၂။ ဖရဲသီးအခွံ

ဖရဲသီအခွံဟာ ဖရဲသီးအတွင်းသားထက် ရေဓာတ်များစွာ ပါဝင်နေပါတယ်။ ဒါပေမယ့် လူတော်တော်များများကတော့ ဖရဲသီးကို အတွင်းသားနီနီလေးတွေကိုသာစားပြီး ဖရဲသီးအခွံကို လွှင့်ပစ်တတ်ကြပါတယ်။ ဒါပေမယ့် တစ်ချို့လူတွေကတော့ ဖရဲသီးအခွံအပေါ်က ကပ်နေတဲ့ အဖြူသားတွေကိုပါ ခြစ်ကုတ်စားသောက်တတ်ပြီး အရသာကတော့ သခွားသီးနဲ့တူတယ်လို့ ပြောကြာပါတယ်။

၃။ ပန်းဂေါ်ဖီအရွက်

ပန်းဂေါ်ဖီကတော့ သက်သက်လွတ်သမားတွေ တော်တော်များများ စားလေ့စားထရှိကြပါတယ်။ ဒါပေမယ့် ပန်းဂေါ်ဖီကိုသာစားပြီး ပန်းဂေါ်ဖီအရွက်ကိုတော့ လူတိုင်းလွှင့်ပစ်တတ်ကြပါတယ်။ အဲဒီပန်းဂေါ်ဖီအရွက်တွေကတော့ စိမ်းသက်သက် အနံ့ရှိပေမယ့် Beta carotene, သံဓာတ်နဲ့ Calcium ဓာတ်များစွာပါဝင်တာကို တော်တော်များများ မသိကြပါဘူး။ အကောင်းဆုံးကတော့ ဒီအတိုင်းမစားချင်ရင် စွပ်ပြုတ်လုပ်စားတာ အကောင်းဆုံးပါပဲ။

၄။ မုန်လာဥနီအခွံ

အသားအရေလှချင်တဲ့ လူတွေနဲ့ မျက်စိမကောင်းတဲ့ လူတော်တော်များများက မုန်လာဥနီကို ဖျော်ရည်လုပ်ပြီး သောက်လေ့ရှိပါတယ်။ ဒါပေမယ့် အပြင်က အခွံမာမာကြီးကိုတော့ ဓားနဲ့လှီးထုတ်ပြီး လွှင့်ပစ်ကာ အထဲက မုန်လာဥနီ အတွင်းသားကိုပဲ ဖျော်ရည်လုပ်သောက်တတ်ကြပါတယ်။ အဲဒီလွှင့်ပစ်လိုက်တဲ့ မုန်လာဥနီအခွံမှြ ဗီတာမင်စီဓာတ် အမြောက်အမြားပါဝင်တာကြောင့် အကောင်းဆုံးက မုန်လာဥနီဖျော်ရည်သောက်မယ်ဆိုရင် ဒီအတိုင်းရေဆေးပြီး ဖျော်စက်ထဲ ထည့်လိုက်တာ အကောင်းဆုံးပါပဲ။

၅။ စတော်ဘယ်ရီအရွက်

လူတိုင်းကတော့ စတော်ဘယ်ရီစားတော့မယ်ဆိုရင် အပေါ်က အရွက်စိမ်းစိမ်းလေးကို နှုတ်ပြီး ဖယ်ပစ်လိုက်တတ်ကြပါတယ်။ အဲဒီအရွက်လေးထဲမှာ Antioxidants,anti-inflammatories, cardioprotective elements တွေနဲ့ neuroprotective ဓာတ်ပေါင်များစွာ ပါဝင်နေတာကို သိရင် လွှင့်ပစ်မိမယ်လို့ မထင်ပါဘူး။ ဒါ့ကြောင့် ဒီအတိုင်းမစားချင်ရင်တောင် ရေဆေးပြီး ဖျော်စက်ထဲ ထည့်လိုက်တာ အကောင်းဆုံးပါပဲ။

၆။ ငှက်ပျော်သီးအခွံ

ငှက်ပျောသီးတစ်လုံးစားတော့မယ်ဆိုရင် အခွံကတော့ လူတိုင်း အမှိုက်ပုံးထဲ ထည့်မိကြမှာပါပဲ။ အဲဒီလွှင့်ပစ်လိုက်တဲ့ ငှက်ပျော်ခွံထဲမှာ potassium ဓာတ်တွေ၊ magnesium ဓာတ်တွေနဲ့ calcium ဓာတ်တွေပါဝင်တာကြောင့် မဖြစ်မနေစားသင့်ပါတယ်။ ဒီအတိုင်းစားရင်တော့ အရသာက ဖန်နေတတ်ပါတယ်။ ဒါ့ကြောင့် ငှက်ပျော်သီးကို မီးဖုတ်ပြီး အခွံပါဝါးစား ဒါမှမဟုတ် ဖျော်စက်ထဲ ငှက်ပျော်သီးအခွံမခွာပဲဖျော်သောက်တာ အကောင်းဆုံးပါပဲ။

unicode

အစားအစာဆိုတာာ လူသားတိုင်းအတွက် လိုအပ်ပါတယ်။ ဟင်းသီဟင်းရွက်၊ အသားငါး အစရှိတဲ့ အစားတွေထဲမှာ လူတွေအတါက်နေ့စဉ်လိုအပ်မယ့် အစာအဟာရဓာတ်တွေ မြောက်မြားစွာ ရှိပါတယ်။ ဒါပေမယ့်လူတော်တော်များများဟာ တစ်ချို့ စားလို့ရတဲ့ အရာတွေကို စားလို့မရဘူး၊ အသုံးမဝင်ဘူးပဲထင်ပြီး လွှင့်ပစ်တတ်ကြပါတယ်။ ဒါကတော့ ရှင်းရှင်းပြောရရင် အစာအစားတွေကို သက်သက်မဲ့ ဖြုန်းတီးနေတာပါပဲ။ ကမ္ဘာပေါ်မှာရှိသမျှ အစားအစာတွေရဲ့ သုံးပုံတစ်ပုံဟာ စားလို့မရဘူးထင်ပြီး အမြဲတမ်းလွှင့်ပစ်ခံနေရပါတယ်။ ဒါ့ကြောင့် ဒီလိုမျိုးတွေထပ်မဖြစ်ရအောင် သင်ကိုယ်တိုင် စားလို့ရမှန်းမသိပဲ ကျိန်းသေလွှင့်ပစ်ခဲ့မိမယ့် အစားအစာ (၆) မျိုးအကြောာင်း ပြောပြချင်ပါတယ်။

၁။ ကြက်ဥအခွံ

ကြက်ဥတစ်လုံးကို လူတိုင်းဟာ ကြက်ဥဖောက်ပြီးတာနဲ့ ကြက်ဥအခွံကို အမှိုက်ပုံးထဲ တန်းထည့်တတ်ကြပါတယ်။ ဒါပေမယ့်မယ့် လူတော်တော်များများ မသိတာက ကြက်ဥအခွံထဲမှာ အရိုးအဆစ်ကို သနမ်မာစေတဲ့ Calcium ဓာတ်များစွာ ပါဝင်နေတာပါပဲ။ ဒါ့ကြောင့် ကြက်ဥအခွံကို ဒီအတိုင်း မစားချင်ရင်တော့ ဖျော်စက်ထဲထည့်မွှေပြီး ကိုယ်ကြိုက်တဲ့ smoothie တစ်ခုခုနဲ့ ရောသောက်တာ အကောင်းဆုံးပါပဲ။

၂။ ဖရဲသီးအခြံ

ဖရဲသီအခွံဟာ ဖရဲသီးအတွင်းသားထက် ရေဓာတ်များစွာ ပါဝင်နေပါတယ်။ ဒါပေမယ့် လူတော်တော်များများကတော့ ဖရဲသီးကို အတွင်းသားနီနီလေးတွေကိုသာစားပြီး ဖရဲသီးအခွံကို လွှင့်ပစ်တတ်ကြပါတယ်။ ဒါပေမယ့် တစ်ချို့လူတွေကတော့ ဖရဲသီးအခွံအပေါ်က ကပ်နေတဲ့ အဖြူသားတွေကိုပါ ခြစ်ကုတ်စားသောက်တတ်ပြီး အရသာကတော့ သခွားသီးနဲ့တူတယ်လို့ ပြောကြာပါတယ်။

၃။ ပန်းဂေါ်ဖီအရွက်

ပန်းဂေါ်ဖီကတော့ သက်သက်လွတ်သမားတွေ တော်တော်များများ စားလေ့စားထရှိကြပါတယ်။ ဒါပေမယ့် ပန်းဂေါ်ဖီကိုသာစားပြီး ပန်းဂေါ်ဖီအရွက်ကိုတော့ လူတိုင်းလွှင့်ပစ်တတ်ကြပါတယ်။ အဲဒီပန်းဂေါ်ဖီအရွက်တွေကတော့ စိမ်းသက်သက် အနံ့ရှိပေမယ့် Beta carotene, သံဓာတ်နဲ့ Calcium ဓာတ်များစွာပါဝင်တာကို တော်တော်များများ မသိကြပါဘူး။ အကောင်းဆုံးကတော့ ဒီအတိုင်းမစားချင်ရင် စွပ်ပြုတ်လုပ်စားတာ အကောင်းဆုံးပါပဲ။

၄။ မုန္လာဥနီအခြံ

အသားအရေလှချင်တဲ့ လူတွေနဲ့ မျက်စိမကောင်းတဲ့ လူတော်တော်များများက မုန်လာဥနီကို ဖျော်ရည်လုပ်ပြီး သောက်လေ့ရှိပါတယ်။ ဒါပေမယ့် အပြင်က အခွံမာမာကြီးကိုတော့ ဓားနဲ့လှီးထုတ်ပြီး လွှင့်ပစ်ကာ အထဲက မုန်လာဥနီ အတွင်းသားကိုပဲ ဖျော်ရည်လုပ်သောက်တတ်ကြပါတယ်။ အဲဒီလွှင့်ပစ်လိုက်တဲ့ မုန်လာဥနီအခွံမြှ ဗီတာမင်စီဓာတ် အမြောက်အမြားပါဝင်တာကြောင့် အကောင်းဆုံးက မုန်လာဥနီဖျော်ရည်သောက်မယ်ဆိုရင် ဒီအတိုင်းရေဆေးပြီး ဖျော်စက်ထဲ ထည့်လိုက်တာ အကောင်းဆုံးပါပဲ။

၅။ စတော်ဘယ်ရီအရွက်

လူတိုင်းကတော့ စတော်ဘယ်ရီစားတော့မယ်ဆိုရင် အပေါ်က အရွက်စိမ်းစိမ်းလေးကို နှုတ်ပြီး ဖယ်ပစ်လိုက်တတ်ကြပါတယ်။ အဲဒီအရွက်လေးထဲမှာ Antioxidants,anti-inflammatories, cardioprotective elements တွေနဲ့ neuroprotective ဓာတ်ပေါင်များစွာ ပါဝင်နေတာကို သိရင် လွှင့်ပစ်မိမယ်လို့ မထင်ပါဘူး။ ဒါ့ကြောင့် ဒီအတိုင်းမစားချင်ရင်တောင် ရေဆေးပြီး ဖျော်စက်ထဲ ထည့်လိုက်တာ အကောင်းဆုံးပါပဲ။

၆။ ငှက်ပျော်သီးအခွံ

ငှက်ပျောသီးတစ်လုံးစားတော့မယ်ဆိုရင် အခွံကတော့ လူတိုင်း အမှိုက်ပုံးထဲ ထည့်မိကြမှာပါပဲ။ အဲဒီလွှင့်ပစ်လိုက်တဲ့ ငှက်ပျော်ခွံထဲမှာ potassium ဓာတ်တွေ၊ magnesium ဓာတ်တွေနဲ့ calcium ဓာတ်တွေပါဝင်တာကြောင့် မဖြစ်မနေစားသင့်ပါတယ်။ ဒီအတိုင်းစားရင်တော့ အရသာက ဖန်နေတတ်ပါတယ်။ ဒါ့ကြောင့် ငှက်ပျော်သီးကို မီးဖုတ်ပြီး အခွံပါဝါးစား ဒါမှမဟုတ် ဖျော်စက်ထဲ ငှက်ပျော်သီးအခွံမခွာပဲဖျော်သောက်တာ အကောင်းဆုံးပါပဲ။

credit – shwemom