Local News

စိတ်ဝင်စားမှုအရှိန်မြင့်တက်နေသည့် ပခုက္ကူသီဟိုဋ်ရှင်ဘုရားကြီးအတွင်းရှိ မြေအောက်လိုဏ်ခေါင်းကို ဂေါပကအဖွဲ့မှစမ်းသပ်အဖြေရှာ

ပြည်တွင်းအပြင် ပြည်ပနိုင်ငံရောက်မြန်မာနိုင်ငံသားများကပါ စိတ်ဝင်းစားမှုရှိနေသည့် မကွေးတိုင်း ဒေသ ကြီး၊ ပခုက္ကူမြို့၏ကျက်သရေဆောင် သီဟိုဋ်ရှင်ဘုရားကြီးအတွင်းရှိ မြေအောက်လိုဏ်ခေါင်း ကိုဂေါပ ကအဖွဲ့က စမ်းသပ်အဖြေရှာသည့်လုပ်ငန်းတစ်ခုကို ပြုလုပ်ဆောင်ခဲ့ကြောင်း ဘုရားဂေါပက အဖွဲ့က သိရသည်။

စည်ပင်ရေမြောင်းတူးရာ ပေါ်ထွက်လာခဲ့သည် အဆိုပါလိုဏ်ခေါင်းနှင့်ပက်သက်၍ ထင်မြင်ယူဆချက် အသီးသီးအပေါ် ၎င်းတို့အနေဖြင့် ဘုရားများရေသပ္ပာယ်ရာတွင်တစ်နေရာတည်း ရေများ စုစည်းစွန့်ပစ် ရေကျ ဆင်းသည့် လိုဏ်ခေါင်းဟုတ်မဟုတ် သြဂုတ်လ ၆ရက်(ယနေ့)တွင် လက် တွေ့စမ်းသပ်ခဲ့ခြင်း ဖြစ်ကြောင်းဘုရား ဂေါပကအဖွဲ့အတွင်းရေးမှူးဦးလှဝင်းနိုင်ကပြောသည်။

“ဒီကနေ့မနက်ကျွန်တော်တို့စမ်းသပ်ကြည့်တာကတော့ ဘုရားရေသပ္ပာယ်တဲ့ရေတွေကအဲလိုဏ်ခေါင်း ထဲကို ရောက်သွားတယ်ဗျ၊တန်းခူးလဆိုရင် ရေသွန်းကန်ကနေအပေါ်တက်ပြီး ရေလောင်းကြတယ်၊အဲ မှာရေပိုက်က တစ်ဆင့် နတ်ရုပ်တွေရဲ့လက်ကိုရေကရောက်ပြီးဘုရားကိုရေသွန်းလောင်းပူဇော်တာ နောက် ဆုံးရေကလိုဏ်ခေါင်းရှိရာကိုသွားတာကိုဒီနေ့စမ်းသပ်ကြည့်တာတွေ့ရှိရတယ်၊အရင်ကတော့ရေကေ မြကြီးထဲစိမ့်ဝင်သွား တယ်ထင်ခဲ့တာပါ”ဟု၎င်းကဆိုသည်။

ယခုတွေ့ရှိထားသည့် လိုဏ်ခေါင်းအပေါ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လိုဏ် ခေါင်းဖြစ်တည်မှုနှင့် နှစ်ကာလကြာရှည်မှုအပေါ်စမ်းသပ်ရန်ရှိနေခြင်းကြောင့် ၎င်းလိုဏ်ခေါင်းကို ဝင်ခွင့်နှင့် စမ်းသပ်ခြင်းများမလုပ်ရန်တားမြစ်ထားကြောင်းလည်းသိရသည်။

#credit