News

တရာဟောဆရာ ဒေးဗစ်လားကို ထောင်ဒဏ် အမိန့်ချလိုက်ပါပြီ

ခရစ်ယာန် တရားဟောဆရာ စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့ကို အလုပ်နှင့် ထောင်ဒဏ် (၃)လ ကျခံရန် မရမ်းကုန်းမြို့နယ်တရားရုံးက ချမှတ်လိုက်သည်။ဩဂုတ်လ ၆ ရက် ခရစ်ယာန် တရားဟောဆရာ စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့ကို ဥပဒေပုဒ်မ

၂၅ဖြင့် မရမ်းကုန်းမြို့နယ်တရားရုံးတွင် အပြီးသတ်အမိန့်ကိုချမှတ်ရာ အလုပ်နှင့် ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ခြင်း ဖြစ်သည်။၎င်းအမှုကို ၃လကြာစစ်ဆေးခဲ့ခြင်းဖြစ်ပြီး တရားလိုပြသက်သေနှင့် တရားခံပြသက်သေ လူ ၂၀ ခန့်ကို စစ်ဆေး ခဲ့ခြင်းလည်းဖြစ်သည်။

အင်းစိန်မြို့နယ်တွင် လူအများကို covid19 ရောဂါကူးစက်မှုဖြစ်ပေါ်စေခဲ့သော တရားပွဲအား စီစဉ်မှုဖြင့် တရား ဟောဆရာ စောဒေးဗစ်လားနှင့် အသံဖမ်းအင်ဂျင်နီယာ ဦးဝေထွန်းတို့ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ

ပုဒ်မ ၂၅ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

Zawgyi Version

ခရစ်ယာန် တရားဟောဆရာ စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့ကို အလုပ်နှင့် ထောင်ဒဏ် (၃)လ ကျခံရန် မရမ်းကုန်းမြို့နယ်တရားရုံးက ချမှတ်လိုက်သည်။ဩဂုတ်လ ၆ ရက် ခရစ်ယာန် တရားဟောဆရာ စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့ကို ဥပဒေပုဒ်မ၂၅ဖြင့် မရမ်းကုန်းမြို့နယ်တရားရုံးတွင် အပြီးသတ်အမိန့်ကိုချမှတ်ရာ အလုပ်နှင့် ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ခြင်း ဖြစ်သည်။၎င်းအမှုကို ၃လကြာစစ်ဆေးခဲ့ခြင်းဖြစ်ပြီး တရားလိုပြသက်သေနှင့် တရားခံပြသက်သေ လူ ၂၀ ခန့်ကို စစ်ဆေး ခဲ့ခြင်းလည်းဖြစ်သည်။အင်းစိန်မြို့နယ်တွင် လူအများကို covid19 ရောဂါကူးစက်မှုဖြစ်ပေါ်စေခဲ့သော တရားပွဲအား စီစဉ်မှုဖြင့် တရား ဟောဆရာ စောဒေးဗစ်လားနှင့် အသံဖမ်းအင်ဂျင်နီယာ ဦးဝေထွန်းတို့ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

#credit