Health & Knowledge

ကြောက်စရာကောင်းတဲ့ ရေဖျဉ်းရောဂါကို ပျောက်ကင်းစေတဲ့ မြန်မာ့ဆေးနည်

Unicode
ကြောက်စရာကောင်းတဲ့ ရေဖျဉ်းရောဂါအတွက် မြန်မာ့ဆေးနည်းတွေကို ပြန်လည်မျှဝေလိုက်ရပါတယ်နော်…ဆရာကြီး အစည်းအဝေးတက်လာနိုင် တာဝမ်းသာတယ်ဗျာ မြို့နယ်ပညာရေးမှူးဆရာကြီး ရေဖျဉ်းရောဂါဖြင့်အိပ်ရာထဲလဲခဲ့ရသည်။ မြန်မာ့တိုင်းရင်းဆေးဖြင့် သက်သာပျောက် ကင်းသွားခြင်းဖြစ်သည်။ဆေးနည်းမှာ ပေပင်၏အရွက်ကို အိပ်ရာအောက် ခင်းပြီး အိပ်ပေးခြင်း၊ ညဉ့်အိပ်စဉ် ပေရွက်ပတ်၍ အိပ်ခြင်း၊
ပေရွက်ကို (၃)ခွက်(၁)ခွက်တင် ဆေးကျိုပြီး သောက်ပေးခြင်း။ ထို့အပြင် အရှင်နာဂသိန်ဆေးကျမ်းမှ ပြဆိုထားသောဇော်ဂျီခါးပုံစခေါ် ဗြဟ္မာခါးပုံစ ခေါ် သူယောင်ဂမုန်းကြောင့်လည်း ပါသည်။ရေဖျဉ်းရောဂါကို ပျောက်ကင်းစေသည်မှာ ကိုယ်တွေ့ဖြစ်ကြောင်း ဆေးကျမ်းတွင် ဖော်ပြထားသည်။ဇော်ဂျီခါးပုံစအား အရွက်ကို ကျက်ရုံပြုတ်၍ ပါးပါးလှီးကာ မန်ကျည်းရည်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊
ပုဇွန်ခြောက်တို့ ထည့်ပြီး ရေဖျဉ်းဝေဒနာရှင်ကို လက်သုပ်လုပ်ပြီး ကျွေးရပါသည်။
ထိုပြင် ပြုတ်ရည်ကို ဟင်းချိုချက်၍လည်း တိုက်ရသည်။ (၇)ရက်တစ်ကြိမ် ဝမ်းနုတ်ပေးပါ။၎င်းနည်းဖြင့် ဆေးရုံက လက်လွတ်လိုက်ရသော ရေဖျဉ်းရောဂါသည်တို့ ပျောက်ကင်းကြသည်ဟုအရှင်နာဂသိန်ဆေးကျမ်း ပုံပြဆေးအဘိဓာန် တတိယတွဲ စာမျှက်နှာ(၃၄၂)တွင် ဖေါ်ပြထားပါသည်။လျှို့ဝှက်ဆန်းကြယ်မဂ္ဂဇင်းတွင် ဘိုးဝါးယမနှင့် ဆေးပင်ရှာပုံတော်ခေါင်းစဉ်ဖြင့် (ရေဖျဉ်း ရောဂါပျောက်ကင်းပုံ)
ဖေါ်ပြပြီးဖြစ်ပါသည်။ထို့ကြောင့်..(၁) ပေရွက်ကိုခင်း၍ ဗိုက်ကိုပတ်ပြီး အိပ်ပေးပါ။
(၂) ပေရွက်ကို (၃) ခွက် (၁) ခွက်တင်ပြုတ်ကျိုသောက် ပေးပါ။(၃) ဇော်ဂျီခါးပေါင်းစကို သုပ်ပြီး ကျွေးပေးပါ။
ဟင်းချိုချက်၍ တိုက်ပေးပါ။(၄) ၇ ရက်တစ်ကြိမ် ဝမ်းနုတ်ပေးပါ။ ၃ ပတ်အတွင်း ရေဖျဉ်းရောဂါ သက်သာပျောက်ကင်း
ဝမ်းသာခြင်း ကြုံရပါလိမ့်မည်။
ZawGyi

ကြောက်စရာကောင်းတဲ့ ရေဖျဉ်းရောဂါအတွက် မြန်မာ့ဆေးနည်းတွေကို ပြန်လည်မျှဝေလိုက်ရ
ပါတယ်နော်…ဆရာကြီး အစည်းအဝေးတက်လာနိုင် တာဝမ်းသာတယ်ဗျာ မြို့နယ်ပညာရေးမှူး
ဆရာကြီး ရေဖျဉ်းရောဂါဖြင့် အိပ်ရာထဲလဲခဲ့ရသည်။ မြန်မာ့တိုင်းရင်းဆေးဖြင့်
သက်သာပျောက် ကင်းသွားခြင်းဖြစ်သည်။ဆေးနည်းမှာ ပေပင်၏အရွက်ကို အိပ်ရာအောက် ခင်းပြီး အိပ်ပေးခြင်း၊
ညဥ့်အိပ်စဉ် ပေရွက်ပတ်၍ အိပ်ခြင်း၊ ပေရွက်ကို (၃)ခွက်(၁)ခွက်တင် ဆေးကျိုပြီး သောက်ပေးခြင်း။
ထို့အပြင် အရှင်နာဂသိန်ဆေးကျမ်းမှ ပြဆိုထားသော ဇော်ဂျီခါးပုံစခေါ် ဗြဟ္မာခါးပုံစ ခေါ်
သူယောင်ဂမုန်းကြောင့်လည်း ပါသည်။

ရေဖျဉ်းရောဂါကို ပျောက်ကင်းစေသည်မှာ ကိုယ်တွေ့ဖြစ်ကြောင်း ဆေးကျမ်းတွင် ဖော်ပြ
ထားသည်။ဇော်ဂျီခါးပုံစအား အရွက်ကို ကျက်ရုံပြုတ်၍ ပါးပါးလှီးကာ မန်ကျည်းရည်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊
ပုဇွန်ခြောက်တို့ ထည့်ပြီး ရေဖျဉ်းဝေဒနာရှင်ကို လက်သုပ်လုပ်ပြီး ကျွေးရပါသည်။

ထိုပြင် ပြုတ်ရည်ကို ဟင်းချိုချက်၍လည်း တိုက်ရသည်။ (၇)ရက်တစ်ကြိမ် ဝမ်းနုတ်ပေးပါ။
၎င်းနည်းဖြင့် ဆေးရုံက လက်လွတ်လိုက်ရသော ရေဖျဉ်းရောဂါသည်တို့ ပျောက်ကင်းကြသည်ဟု
အရှင်နာဂသိန်ဆေးကျမ်း ပုံပြဆေးအဘိဓာန် တတိယတွဲ စာမျှက်နှာ(၃၄၂)တွင် ဖေါ်ပြထားပါသည်။လျှို့ဝှက်ဆန်းကြယ်မဂ္ဂဇင်းတွင် ဘိုးဝါးယမနှင့် ဆေးပင်ရှာပုံတော်ခေါင်းစဉ်ဖြင့်
(ရေဖျဉ်း ရောဂါပျောက်ကင်းပုံ) ဖေါ်ပြပြီးဖြစ်ပါသည်။ထို့ကြောင့်..(၁) ပေရွက်ကိုခင်း၍
ဗိုက်ကိုပတ်ပြီး အိပ်ပေးပါ။(၂) ပေရွက်ကို (၃) ခွက် (၁) ခွက်တင်ပြုတ်ကျိုသောက် ပေးပါ။(၃) ဇော်ဂျီခါးပေါင်းစကို
သုပ်ပြီး ကျွေးပေးပါ။ ဟင်းချိုချက်၍ တိုက်ပေးပါ။(၄) ၇ ရက်တစ်ကြိမ် ဝမ်းနုတ်ပေးပါ။
၃ ပတ်အတွင်း ရေဖျဉ်းရောဂါ သက်သာပျောက်ကင်း ဝမ်းသာခြင်း ကြုံရပါလိမ့်မည်။
လက်ဆင့်ကမ်းကာ ဝေဒနာရှင်များထံ မျှဝေပေးပါ။

#credit