Celebrities

အချိန်တိုင်းမှာ ဆွဲဆောင်မှုတွေပြည့်နှက်လွန်းနေတဲ့ ပက်ထရစ်ရှာရဲ့ ရင်ခုန်ဖွယ်ပုံရိပ်တစ်ချို့

ဘယ်အချိန်ကြည့်ကြည့် အလှတရားတွေအပြည့်ရှိနေတဲ့ ချစ်စရာအပြုံးပိုင်ရှင်လေး ပက်ထရစ်ရှာတစ်ယောက် သူမရဲ့ရင်ခုန်ချင်စရာပုံရိပ်တွေကို ထုံစံအတိုင်း လူမှုကွန်ရက်မှာ တင်လိုက်ပြန်ပါပြီပရိသတ်ကြီးရေ။ အစိမ်းရောင်ဝတ်စုံလေးကို ဂျင်းစကဒ်အတိုလေးနဲ့ လှလှပပဆင်မြန်းထားတဲ့ ရှာရှာ့ရဲ့ပုံလေးက အသည်းယားချင်စရာကောင်းလွန်းပါတယ်။

ဘာခွဲစိတ်ပြုပြင်မှုမှလုပ်စရာမလိုဘဲ နဂိုလှနေတဲ့ မင်းသမီးလေးကတော့ မြန်မာမလေးလို့တောင်မထင်ရဘဲ ထိုင်းမင်းသမီးလေးလို့ထင်ချင်စရာပါ။ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီ တိုင်းဟာ လှပနေတာမို့ ပြစ်မျိုးမှဲ့မထင်ဆိုတဲ့ အနေအထားကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါပဲ။ ဒီလိုအလှတရား တွေဟာ သူမရဲ့ဖခင်ဆီက အမွေရထားတဲ့အကြောင်းကိုလည်း ပြောခဲ့ပါသေးတယ်။

ကြည့်လိုက်တိုင်းမှာ ပိုပိုပြီးချစ်သွားစေမယ့် ပုံရိပ်လေးတွေကို ” Daddy ဆီကရတဲ့ မျက်ခုံးမွှေး မျက်တောင်မွှေးရှည်ရှည်လေးတွေနဲ့ နှုတ်ခမ်း ထော်ထော်လေး ” ဆိုပြီး တင်ခဲ့ပါသေးတယ်။ ဖခင်ရဲ့အမွေကောင်းလေးတွေကို ပိုင်ဆိုင်ထားတဲ့ အဖေတူသမီးလေးမို့ ပိုပြီးချောနေတာ ထင်ပါရဲ့နော်။ အချိန်တိုင်းလှနေတဲ့ အရုပ်မလေးရဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

(ဇော်ဂျီဖြင့်ဖတ်ရန်)

အချိန်တိုင်းမှာ ဆွဲဆောင်မှုတွေပြည့်နှက်လွန်းနေတဲ့ ပက်ထရစ်ရှာရဲ့ ရင်ခုန်ဖွယ်ပုံရိပ်တစ်ချို့

ဘယ်အချိန်ကြည့်ကြည့် အလှတရားတွေအပြည့်ရှိနေတဲ့ ချစ်စရာအပြုံးပိုင်ရှင်လေး ပက်ထရစ်ရှာတစ်ယောက် သူမရဲ့ရင်ခုန်ချင်စရာပုံရိပ် တွေကို ထုံစံအတိုင်း လူမှုကွန်ရက်မှာ တင်လိုက်ပြန်ပါပြီပရိသတ်ကြီးရေ။ အစိမ်းရောင်ဝတ်စုံလေးကို ဂျင်းစကဒ်အတိုလေးနဲ့ လှလှပပဆင်မြန်းထားတဲ့ ရှာရှာ့ရဲ့ပုံလေးက အသည်းယားချင်စရာကောင်းလွန်းပါတယ်။

ဘာခွဲစိတ်ပြုပြင်မှုမှလုပ်စရာမလိုဘဲ နဂိုလှနေတဲ့ မင်းသမီးလေးကတော့ မြန်မာမလေးလို့တောင်မထင်ရဘဲ ထိုင်းမင်းသမီးလေး လို့ထင်ချင်စရာပါ။ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီ တိုင်းဟာ လှပနေတာမို့ ပြစ်မျိုးမှဲ့မထင်ဆိုတဲ့ အနေအထားကို ပိုင်ဆိုင်ထားသူတစ် ယောက်ပါပဲ။ ဒီလိုအလှတရားတွေဟာ သူမရဲ့ဖခင်ဆီက အမွေရထားတဲ့အကြောင်းကိုလည်း ပြောခဲ့ပါသေးတယ်။

ကြည့်လိုက်တိုင်းမှာ ပိုပိုပြီးချစ်သွားစေမယ့် ပုံရိပ်လေးတွေကို ” Daddy ဆီကရတဲ့ မျက်ခုံးမွှေး မျက်တောင်မွှေးရှည်ရှည်လေး တွေနဲ့ နှုတ်ခမ်းထော်ထော်လေး ” ဆိုပြီး တင်ခဲ့ပါသေးတယ်။ ဖခင်ရဲ့အမွေကောင်းလေးတွေကို ပိုင်ဆိုင်ထားတဲ့ အဖေတူသမီး လေးမို့ ပိုပြီးချောနေတာ ထင်ပါရဲ့နော်။ အချိန်တိုင်းလှနေတဲ့ အရုပ်မလေးရဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

#credit  cele zone