Celebrities

မေတ္တာအင်္သချေအသင်းနဲ့အတူ သန့်ရှင်းရေး ဝန်ထမ်းတွေအတွက် လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ ပွင့်နဒီမောင်

ပွင့်နဒီမောင်ကတော့ လွန်ခဲ့တဲ့ နှစ်တော်တော်ကြာကြာကတည်းက မင်းသမီးတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။ လက်ရှိမှာတော့ ပရိသတ်တွေရဲ့အချစ်တော် ပွင့်နဒီမောင်က အနုပညာအလုပ်တွေကို ခြေလှမ်းကျဲကျဲသာလုပ်ကိုင်နေခဲ့ပြီး ပရဟိတအလုပ်တွေကို ပိုမိုလုပ်ကိုင်နေခဲ့ပါတယ်။

လတ်တလောမှာလည်း ပွင့်နဒီမောင်က မေတ္တာအင်္သချေအသင်းနဲ့ အတူ သန့်ရှင်းရေးဝန်ထမ်းတွေအတွက် လှူဒါန်းမှုတွေပြုလုပ်ခဲ့ပါတယ်။ အခုတစ်ခေါက်လှူဒါန်းတာကတော့ မေတ္တာအင်္သချေရဲ့ (၆)ကြိမ်မြောက်အလှူလေးပဲဖြစ်ပါတယ်။ (၆)ကြိမ်မြောက်အလှူလေးကတော့ သင်္ဃန်းကျွန်းမြိုနယ်မှ သန့်ရှင်းရေးဝန်ထမ်း (၁၅၈) ယောက်ကို တစ်ဦးကို ပိုက်ဆံ (၆၀၀၀)ကျပ် နဲ့ Mask စုစုပေါင်း အလှူငွေ (၁၀)သိန်းတိတိကို လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

ပွင့်နဒီမောင်ကတော့ သူတို့ပြုလုပ်တဲ့ ကုသိုလ်အဖို့ဘာဂကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုလို့ရအောင် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မဆဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။ CeleZone ပရိသတ်ကြီးတွေလည်း ပွင့်နဒီမောင်နဲ့ မေတ္တာအင်္သချေ အသင်းတို့ရဲ့ (၆)ကြိမ်မြောက်အလှူလေးအတွက် သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

#credit cele zone