International News

ဘေရွတ်မြို့တွင်အကြီးအကျယ်ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၇၀ ကျော်သေဆုံး

လက်ဘနွန်နိုင်ငံမြို့တော်ဘေရွတ်တွင် အင်္ဂါနေ့က ပေါက်ကွဲမှုအကြီးအကျယ်ဖြစ်ပွားပြီးနောက် အနည်းဆုံးလူ ၇၈ ယောက်သေဆုံးပြီး လူ ၄၀၀၀ ကျော်ဒဏ်ရာသည်။ဆိပ်ကမ်းတစ်ခုမှစတင်သည့်ပေါက်ကွဲမှုကြောင့် တစ်မြို့လုံးတုန်ခါခဲ့သည်။

ဂိုဒေါင်တစ်ခုတွင် ပေါက်ကွဲလွယ်သည့်အမိုနီယံနိုက်ထရိတ်တန် ၂၇၅၀ ခန့်ကို ၆ နှစ်ကြာမျှ ဘေးကင်းလုံခြုံမှုမရှိစွာသိုလှောင်ထားကြောင်း သမ္မတ မိုက်ကယ် အာအွန်းကပြောသည်။ဗုဒ္ဓဟူးနေ့တွင် အရေးပေါ်အစိုးရအစည်းအဝေးခေါ်ယူရန်စီစဉ်ထားပြီး ၂ ပတ်ကြား အရေးပေါ်အခြေအနေကြေညာသင့်ကြောင်းလည်းပြောသည်။

ဗုဒ္ဓဟူးနေ့မှစတင်၍ ၃ ရက်ကြာ ဝမ်းနည်းကြောင်းအထိမ်းအမှတ်နေ့အဖြစ်သတ်မှတ်ထားသည်။အရေးပေါ်ရန်ပုံငွေအဖြစ် လီယာငွေ ၁၀၀ ဘီလီယံ(ဒေါ်လာ ၆၆ သန်း) ချပေးသွားမည်ဟုလည်း သမ္မတအာအွန်းကပြောသည်

အပျက်အစီးများကြားတွင် ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နေပြီး သေဆုံးသူဦးရေမြင့်တက်လာနိုင်သည်ဟု ခန့်မှန်းထားသည်။ပေါက်ကွဲရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်းလည်း အရာရှိများက အင်္ဂါနေ့တွင်ပြောသည်။

(Unicode)
ဘေရွတ်မြို့တွင်အကြီးအကျယ်ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၇၀ ကျော်သေဆုံး
……………………………………..

ဘေရွတ်၊ သြဂုတ် ၅

လက်ဘနွန်နိုင်ငံမြို့တော်ဘေရွတ်တွင် အင်္ဂါနေ့က ပေါက်ကွဲမှုအကြီးအကျယ်ဖြစ်ပွားပြီးနောက် အနည်းဆုံးလူ ၇၈ ယောက်သေဆုံးပြီး လူ ၄၀၀၀ ကျော်ဒဏ်ရာသည်။ဆိပ်ကမ်းတစ်ခုမှစတင်သည့်ပေါက်ကွဲမှုကြောင့် တစ်မြို့လုံးတုန်ခါခဲ့သည်။ဂိုဒေါင်တစ်ခုတွင် ပေါက်ကွဲလွယ်သည့်အမိုနီယံနိုက်ထရိတ်တန် ၂၇၅၀ ခန့်ကို ၆ နှစ်ကြာမျှ ဘေးကင်းလုံခြုံမှုမရှိစွာသိုလှောင်ထားကြောင်း သမ္မတ မိုက်ကယ် အာအွန်းကပြောသည်။ဗုဒ္ဓဟူးနေ့တွင် အရေးပေါ်အစိုးရအစည်းအဝေးခေါ်ယူရန်စီစဉ်ထားပြီး ၂ ပတ်ကြား အရေးပေါ်အခြေအနေကြေညာသင့်ကြောင်းလည်းပြောသည်။ဗုဒ္ဓဟူးနေ့မှစတင်၍ ၃ ရက်ကြာ ဝမ်းနည်းကြောင်းအထိမ်းအမှတ်နေ့အဖြစ်သတ်မှတ်ထားသည်။အရေးပေါ်ရန်ပုံငွေအဖြစ် လီယာငွေ ၁၀၀ ဘီလီယံ(ဒေါ်လာ ၆၆ သန်း) ချပေးသွားမည်ဟုလည်း သမ္မတအာအွန်းကပြောသည်။အပျက်အစီးများကြားတွင် ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နေပြီး သေဆုံးသူဦးရေမြင့်တက်လာနိုင်သည်ဟု ခန့်မှန်းထားသည်ပေါက်ကွဲရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်းလည်း အရာရှိများက အင်္ဂါနေ့တွင်ပြောသည်။

#credit

သြဂုတ်လ ၄ရက်နေ့က လက်ဘနွန်မှာဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြီး

လက်ဘနွန်နိုင်ငံ မြို့တော်ဘေရွတ်မှာ သြဂုတ်လ ၄ရက်နေ့က ဖြစ်ခဲ့တဲ့ ဒီပေါက်ကွဲမှုကြီးကြောင့် လက်ရှိအချိန်အထိ လူပေါင်း ၇၈ဦးထက်မနည်းသေဆုံးကာ ၄၀၀၀ကျော် ဒါဏ်ရာရခဲ့တဲ့အပြင် ပျောက်ဆုံးသူတွေလည်း များစွာ ရှိနေပါသေးတယ်။

Posted by သုတဇုန္ on Tuesday, 4 August 2020