Knowledge

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏သက်တော်စောင့် ချယ်ရီထက်ရဲ့ အမိုက်စားတိုက်ကွက်များ (ရုပ်သံ)

ကျွန်တော်တို့ အမေ့ကို ချစ်တယ်ဆိုတာထက် သူကပိုပါတယ်။ဒါကြောင့်ဒေါ်လဲ့လဲ့မော်ကို မဲ့ပြရုံမက လို့ နောက်က ကန်ချခဲ့ရင်တောင် ကိုယ့်အလုပ်ကိုယ်မလုပ်လို့ အနေအထိုင်မတက်လို့ ကန်ချခံရတာလို့ပဲ မြင်မိမှာ။ဒီခလေးမလေး ကိုတော့ အပြစ်မြင်မိမှာမဟုတ်ဘူး ။ဘာ ကြောင့်လည်းဆိုတော့ အမေ့ အပေါ်ထားတဲ့ ဒီခလေးမရဲ့မေတ္တာစေတနာက ကျုပ်တို့ထ က်သာလို့ပဲ။ ချယ်ရီထက်နဲ့ ပတ်သက်ပြီး ရေးသား ခဲ့ကြတဲ့ စာလေးကိုလည်းမျှဝေပေး လိုက်ပါတယ်။

ကမ္ဘာပေါ်မှာ အန္တရာယ် အရှိဆုံးစာရင်းဝင်တဲ့ သက်တော်စောင့် ချယ်ရီထက်ပါ။သူမအမည် ချယ်ရီထက် လူထုခေါင်းဆောင်အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် သက်တော်စောင့် ရဲမေ ချယ်ရီထက် ပစ်မှတ်ကို ၉၉% ထိအောင်ပစ်နိုင်သူ။ဒီခလေးမကို စောင့်ကြည့်နေတာ အမေ့နားမှာ ကိုလင်းလင်းမရှိတဲ့ အချိန်ထဲကပဲ။ စစ်အာဏာရှင်တွေ မွေးထုတ် ပေးလိုက်တဲ့ အထူးတပ်ဖွဲ့ထဲ ကမို့ အမေ့နားရောက်တော့ ပိုလို့သတိထားစောင့်ကြည့်မိတယ်။အမေ့နားမှာ တစ်စစနဲ့ ပြည်သူတွေ သိလာ ကြချီးကျူးးလာကြပေမယ့်မယုံရဲတဲ့စိတ်နဲ့ပဲကိုယ့်မှာ မချီးကျူးးရဲခဲ့ဘူး။ခုတော့ဒေါ်လဲ့လဲ့မော်နဲ့ကိစ္စမှာ ဒီခလေးမလေးကို အပြစ်ပြောတဲ့သူတွေ တွေ့လာရတော့ မြင်သလောက်လေး ဒီခလေးမဘက်က ရပ်တည် ပေးချင်လာမိတယ်။

အမေသွားတဲ့ခရီးစဉ်တိုင်းဘယ်ဝန်ကြီ းချုပ်မှ လေယာဉ်ပေါ် အထိတက်ကြိုတာ မတွေ့ခဲ့ရဘူးသလိုပဲ။ မမြင်လိုက် မိတာလည်းဖြစ်မှာပါ။အပြစ်ကို ဖုံးကွယ်ချင်လို့ ဖားတဲ့အနေနဲ့ဝန်ကြီးချုပ်ပဲ လေယာဉ်ပေါ်ထိ တက်ချင်သလိုတက်မယ်၊ ဆင်းချင်သလို ဆင်းမယ်ဆိုပြီး လုံခြုံ ရေးချိုးဖောက်ရလောက်တဲ့ အထိဖြစ်လာတော့ဒီခလေးမ အမြင်ကတ်သွားပုံရပါတယ်။အမေ့နားမှာနေသူမို့အမေ့စိတ်ကိုသိနေသူမို့ဒီလိုအလုပ်တွေကိုအမေမကြိုက်မှန်းသိနေသူဆိုတော့ မျက်နှာအမူအရာကအစ လူပြောစရာ ဖြစ်သွားခဲ့ရတယ်။ကျွန်တော်ကတော့ ရှင်းတယ်။

ဒေါ်လဲ့လဲ့မော်ကို နောက်ကမဲ့ ပြရုံမကလို့ လှေကားကပါကန်ချခဲ့ရင်တောင်ဒီခလေးမကို အပြစ်မြင်မိမှာမဟုတ်ဘူးဘာလို့လည်းဆိုတော့ဒီခလေးမ အမေ့ပေါ်ထားတဲ့စိတ်ထားဟာတာဝန်ဆိုတာထက် အမေ့ပေါ်ထားတဲ့ နွေးထွေး တဲ့မေတ္တာတရားကို မြင်နေမိလို့တေကန်တော် တို့တွေ အမေ့အတွက် ခရီးစဉ်တိုင်းမှာစိတ်ပူတာထက်ဒီခလေးမကပိုတယ်။ကျွန်တော်တို့တွေ အမေ့ရဲ့ကျန်းမာရေးမကောင်းဖြစ်မှာကို စိုးရိမ်တာထက် ဒီခလေးမကပိုစိုးရိမ်တယ်။ ဘာလို့ပြောလည်းဆိုတော့ အမေ့ ခရီးစဉ်တိုင်းမှာ ဒီခလေးမ အမေ့အပေါ်ပြုစုစောင့်ရှောက်တဲ့ပုံလေးတွေ တက်လာတာကြောင့်ပဲ။

အပေါ်ယံလားဆိုပြီး ပုံလေးတွေကို သေ ချာကြည့်မိပြန်တော့ရင်ထဲကလာတဲ့ အမေ့အပေါ်ထားတဲ့ နွေးထွေးတဲ့ မေတ္တာဆိုတာ ကိုတွေ့လိုက်ရတယ်။ အမေနေပူတဲ့အခါ ကိုယ်နဲ့ ကွယ်ပေးတာတွေ၊ခမောက်လေးတွေယူပြီး အကာအကွယ် ပေးတာတွေ၊ခန္ဓာကိုယ်နဲ့ အမေ့ခုံလေး လဲသွားမှာကို တွန်းအားပေး ထားတာတွေ၊ လှေကားထစ်တွေ တက်တိုင်း အမေ့ခြေလှမ်းယိုင်လဲသွားမှာစိုးလို့ မျက်စိဒေါက်ထောက်ကြည့်နေတာတွေ၊ ရေဆိုရေ မီးဆိုမီး အမေတောင်းစရာမလိုအောင် အလိုက်တသိ အရံသင့်အနားက လုပ်ပေးနေ တာတွေက ကိုယ်ရံတော်ဆိုတာထက် ပိုတယ်။

#credit

Posted by Moe Ma Kha on Tuesday, 4 August 2020