News

မိန်းမဖြစ် သူရဲ့လူမဆန်တဲ့ လုပ်ရပ်ကြောင့် ကလေးတစ်ဖက်နဲ့ ဒုက္ခရောက်နေရတဲ့ အမျိုးသား

ဖိလစ်ပိုင်တွင် သုံးဘီးစက်ဘီးနင်းစားရတာ အလွန်ခက်ခဲပါတယ်။ ပူလောင်တဲ့နေရောင်ခြည်အောက်မှာ ကြပ်ပိတ်လှတဲ့ကားလမ်းကို သည်းခံရင်း နာရီပေါင်းများစွာ အလုပ်လုပ်မှ ဝမ်းပြည့်ရုံလောက်သာရတဲ့ ဝင်ငွေနဲ့ ရေရှည်ရပ်တည်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဖေ့စ်ဘုတ်မှာတွေ့တဲ့ လူတစ်ယောက်အတွက် ယောကျ်ားဖြစ်သူနဲ့ သားလေးကို ထားခဲ့တဲ့အမျိုးသမီးကြောင့် ယောကျ်ားမှာ ကလေးတစ်ဖက်နဲ့ ဒုက္ခရောက်နေရပါတယ်။

မိန်းမက ထွက်ခွာသွားတော့ သူ့အတွက်လည်း ရွေးချယ်စရာမရှိ။ ကလေးကို အလုပ်သွားရင် တစ်ပါတည်းခေါ်ဆောင်သွားရပါတယ်။ ကလေးကိုစောင့်ရှောက်ပေးမယ့်လူ ဘယ်သူမှမရှိခဲ့ဘူး။

ဒီကိစ္စတွေကို ဖေ့စ်ဘုတ်သုံးစွဲသူ Jane Eguillos က သတိထားမိသွားပြီး ထိုသားအဖရဲ့သနားစရာဇာတ်ကြောင်းကို အများသိအောင် လူမှုကွန်ရက်ပေါ်တင်ခဲ့တယ်။” ကျွန်တော့်မိန်းမနဲ့အိမ်ထောင်ကျတာ သုံးနှစ်ပါ။

ရှိတာလေးနဲ့ စုဆောင်းပြီး သူ့ကိုဖုန်းတစ်လုံးဝယ်ပေးခဲ့တယ်။ အဲ့ဒီမှာ ဖေ့စ်ဘုတ်စသုံးပြီး ယောကျ်ားတစ်ယောက်နဲ့တွေ့တယ်။

အဲ့ဒီယောကျ်ားနောက် လိုက်သွားတာ ၂လလောက်ရှိပြီ” လို့ သူကပြောပါတယ်။ထိုအဖေနဲ့သားရဲ့ ဇာတ်လမ်းကိုသိပြီး အင်တာနက်သုံးစွဲသူတွေလည်းစိတ်မကောင်းဖြစ်ရတယ်။ ထို သုံးဘီးစက်ဘီးကိုတောင် သူမပိုင်ဘူးလို့ သိရပါတယ်။ ပိုင်ရှင်ဆီ တစ်နေ့ကို ၁၅ဝ ပီဆိုပေးရတယ်လို့သိရပါတယ်။ ပိုင်ရှင်အိမ်ကနေ သူတို့အိမ်ကို ၂ကီလိုမီတာလောက် လမ်းလျှောက်ပြီးပြန်ရပါတယ်။

#credit