News

ဆိုင်ကယ်ဝယ်နိုင်ဖို့ မိဘအုတ်ဂူမှအရိုးတွေကို ပြန်လည်တူးဖော်ပြီးရောင်းချခဲ့တဲ့ အမျိုးသား

လူတွေက ငွေသာရမယ်ဆိုရင် ဘယ်လိုအလုပ်မျိုးကိုပဲ ဖြစ်ဖြစ်လုပ်ကြမှာပါ ။ တစ်ချို့တွေက သမာရိုးကျတဲ့နည်းတွေနဲ့ ပိုက်ဆံတွေကိုရှာပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမယ့်အမျိုးသားကတော့ ငွေရဖို့ ဘယ်သူမှမတွေးထင်မိတဲ့အလုပ်မျိုး လုပ်ခဲ့ပါတယ် ။ ဒီတစ်ခေါက်မှာလည်း အာဖရိကအရှေ့ဖက် Mozambique နိုင်ငံမှာရှိတဲ့ အမျိုးသားတစ်ယောက်ဟာ ဆိုင်ကယ်ဝယ်ယူနိုင်ဖို့ သူ၏အဖေ ၊ အမေ ၊ နှင့် ဦးလေး တို့ရဲ့ရုပ်အလောင်းကို အုတ်ဂူကနေပြန်လည်တူးဖော်ခဲ့လို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ် ။

သတင်းအရင်းအမြစ်အရ အဆိုပါအမျိုးသားကို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုင်ကယ်တစ်စီးနှင့် ငွေသား $300 ပေးမည်ဟုပြောဆိုခဲ့ပြီးနောက်တစ်ညမှာတော့ အရိုးတွေသွားရောက်တူးဖော်ခဲ့တာဖြစ်ပါတယ် ။ အဆိုပါစီးပွားရေးလုပ်ငန်းရှင်ကြီးမှာ သတ္တုတူးဖော်နေတဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်ကြောင်း သိရှိရပါတယ် ။

အဆိုပါအမျိုးသား၏ ပြောဆိုချက်အရ ” သူဋ္ဌေးက ကျွန်တော့်ကို မဖျားမနာပဲသေသွားတဲ့သူတွေရဲ့ အရိုးတွေကိုလိုချင်တယ်ဆိုပြီးပြောခဲ့ပြီး အလဲအလှယ်အနေနဲ့ ကျွန်တော်ကိုဆိုင်ကယ် ပေးမယ်လို့ပြောခဲ့ပါတယ် ၊ အဲ့ကြောင့် မိသားစုသင်္ချိုင်းကိုသွားပြီး ကျွန်တော့် အဖေ ၊ အမေ နဲ့ ဦးလေးတို့ရဲ့ အုတ်ဂူကနေ အရိုးခေါင်းတွေကို ထုတ်ယူခဲ့ပါတယ် ” ဆိုပြီး ပြောဆိုခဲ့ပါတယ် ။ ထို့နောက် အဆိုပါလုပ်ငန်းရှင်ကို တွေ့ဖို့သွားခဲ့ပေမဲ့ လုပ်ငန်းရှင်က ရောက်မလာခဲ့ကြောင်း ပြောဆိုခဲ့ပါတယ် ။ ရဲအရာရှိတစ်ဦးရဲ့ ပြောကြားချက်အရ ယခုလုပ်ရပ်မျိုးဖြစ်ပျက်နေတာ 5ကြိမ်ခန့်ရှိနေပြီဖြစ်ပြီး ၊ အောက်လမ်းပညာများဖြင့် ဆက်စပ်နေလျက်ရှိကြောင်း ယုံကြည်နေကြလျက်ရှိပါတယ် ။