International News

လက်ဘနွန်နိုင်ငံမှာ ပေါက်ကွဲမှုကြီး နှစ်ကြိမ်ဖြစ်ပွားကာ လူ ၇၃ ဦးထက်မနည်း သေဆုံး

လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်အနီး ဆိပ်ကမ်းတစ်ခုမှာ ဧရာမပေါက်ကွဲမှုကြီးတွေဖြစ်ပွားခဲ့တာကြောင့် လူ ၇၃ဦး ထက်မနည်း သေဆုံးကာ ဒဏ်ရာရသူ ထောင်ပေါင်းများစွာရှိခဲ့ပါတယ်။ ပေါက်ကွဲမှုကြီးကြောင့် အဝေးအရပ်က အဆောက်အအုံများပင် တုန်ခါမှုဖြစ်ခဲ့ပြီး မြို့တော်တစ်ဝန်း ထိတ်လန့်သွေးပျက်ခဲ့ရကာ ဝရုန်းသုန်းကား အခြေအနေတွေဖြစ်ပေါ်ခဲ့ပါတယ်။

ဒုတိယမြောက်ပေါက်ကွဲမှုကြီးကြောင့် ကောင်းကင်ကို လိမ္မော်ရောင် မီးလုံးကြီးတွေ ထိုးတက်သွားခဲ့ပြီးနောက် တော်နေဒိုး မုန်တိုင်းတစ်ခုလို တုန်ခါလှိုင်းကြီးတွေဖြစ်ပေါ်ကာ ဆိပ်ကမ်းဒေသတစ်ခုလုံး ပြားပြားဝပ်သွားခဲ့ပါတယ်။

ဝန်ကြီးချုပ် ဟာဆန်ဒိုင်အတ်ရဲ့ပြောဆိုမှုအရ အမိုးနီယမ်နိုက်ထရိတ် ဓါတ်မြေသြဇာ တန် ၂၇၅၀ ကျော်လောက် နှစ်များစွာ သိုလှောင်ထားခဲ့တဲ့ ဆိပ်ကမ်းဂိုဒေါင်တစ်ခုမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ဆိုပါတယ်။

#credit original poster