Health & Knowledge

ခါးနာဝေဒနာကို ၃ ရက်အတွင်း အလွယ်တကူပျောက်ကင်းတဲ့ မြန်မာဆေးစွမ်းတစ်လက်

Unicode

ပရိသတ်ကြီးရေ ခါးနာဝေဒနာရှင်တွေအတွက် အလွယ်တကူပျောက်ကင်းစေနိုင်တဲ့ မြန်မာ့ရိုးရာဆေးနည်းလေးကို
ပြန်လည်မျှဝေချင်ပါတယ်နော်…..

“ကျွန်တော်လည်း ဆေးမသိခင်က မကြာခဏလိုလို ခါးနာတတ်တဲ့အကျင့် ရှိပါတယ်။ ခါးနာရောဂါအတွက် ဆေးနည်းရှာဖွေခဲ့ရာ
ဆေးအမျိုးမျိုး နည်းအဖုံဖုံ မြင်တွေ့ခဲ့ရပါသည်။တွေ့ရှိခဲ့တဲ့ ဆေးနည်းများစွာထဲက အသက် ၇၅ နှစ်အရွယ် အဘိုးကြီးတစ်ဦးထံမှ
ရရှိခဲ့ဆေးသည် ကျွန်တော်သာမက ဝေဒနာရှင် ၂၀ ဦးမက လက်တွေ့ပျောက်ကင်းကြောင်း ကိုယ်တွေ့သိလိုက်ရပါတယ်။

ယခုအခါ ခါးနာဝေဒနာရှင်တွေ မကြာခဏ တွေ့နေ မြင်နေရ၍ စိတ်မချမ်းမြေ့ ဖြစ်ရပါတဟ်။ ဒါကြောင့် ပညာကိုမြေမမြှုတ်ချင်၍
လည်းကောင်း ကုထုံးဆေးချက် တို့မဝှက်ဟူသည့် စကားအတိုင်း အများအကျိုးငှာ ဖေါ်ပြပေးလိုက်ပါသည်။ ကျွန်တော်တင်ပေးသမျှ
ဆေးနည်းများသည် စာတွေ့မဟုတ် ငါတွေ့ လက်တွေ့ ဆေးနည်းများသာ ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာဆေးစွမ်းတစ်လက်ကို
ဖေါ်ထုတ်ပေးလိုက်ပါသည်။

ါဝင်ပစ္စည်းများ – ၁။ ကြက်သွန်ဖြူ = ၈ပဲသား။၂။ ငရုတ်ကောင်း =၈ပဲသား။၃။ စမုံနက် = ၈ ပဲသား။၄။
ရှိန်းခို =၈ပဲသား။၅။ မုတ္ခါး = ၁၀ က်ပ်သား။ဖေါ်ပြပါ ဆေး ၅ပါးကို အမှုန့်ပြု၍ ဆီးသီးကင်းခန့် အလုံးလေးများ
လုံးပြီး နေလှန်းအခြောက်ခံထားပါ။ ဤဆေးသည် ဝမ်းကိုပျော့စေသည်။ စမြင်းခံခြင်းကိုပျောက်ကင်းစေသည်။

အညောင်းအကိုက်ပျောက်ကင်းစေသည်။ဝမ်းကိုစင်ကြယ်စေပါသည်။ အကြောများကိုပြေစေသည်။ ခါးနာရောဂါကို
အထူးပျောက်ကင်း သက်သာစေသော အစွမ်းသတ္တိရှိပါသည်။အကြောင်းတစ်ခုခုကြောင့် ခါးနာပါက ထိုဆေးကို
တစ်ခါသောက် တစ်လုံး။ တစ်နေ့ (၂ကြိမ်) သောက်ခြင်းဖြင့် ၃ ရက်အတွင်း ထူးထူးခြားခြား
သက်သာပျောက်ကင်းစေပါသည်။

ပြောမယုံကြုံမှ သိကြမည့် ကျွန်တော့် မိတ်ဆွေများ လက်တွေ့သုံးပြီးမှ ကျေးဇူးတင်ပါ။ ဝေဒနာရှင်များကို တတ်နိုင်သမျှ
မျှဝေပေးပါခင်ဗျာ။ထိုဆေးသောက်နေစဉ်အတွင်း ခါးနာသောနေရာကို (ကန်စွန်းရွက်ကို ထောင်းပြီး ခါးမှာကပ်၍
စည်းပေးထားပါက အထူး အထူးပင် အမြန်ဆုံးပျောက်ကင်းပါကြောင်း လက်ဆောင်ပါးလိုက်ပါတယ်)

ZawGyi

ပရိသတ်ကြီးရေ ခါးနာဝေဒနာရှင်တွေအတွက် အလွယ်တကူပျောက်ကင်းစေနိုင်တဲ့ မြန်မာ့ရိုးရာဆေးနည်းလေးကို
ပြန်လည်မျှဝေချင်ပါတယ်နော်…

“ကျွန်တော်လည်း ဆေးမသိခင်က မကြာခဏလိုလို ခါးနာတတ်တဲ့အကျင့် ရှိပါတယ်။ ခါးနာရောဂါအတွက် ဆေးနည်းရှာဖွေခဲ့ရာ
ဆေးအမျိုးမျိုး နည်းအဖုံဖုံ မြင်တွေ့ခဲ့ရပါသည်။တွေ့ရှိခဲ့တဲ့ ဆေးနည်းများစွာထဲက အသက် ၇၅ နှစ်အရွယ် အဘိုးကြီးတစ်ဦးထံမှ ရရှိခဲ့ဆေးသည် ကျွန်တော်သာမက ဝေဒနာရှင် ၂၀ ဦးမက လက်တွေ့ပျောက်ကင်းကြောင်း ကိုယ်တွေ့သိလိုက်ရပါတယ်။

ယခုအခါ ခါးနာဝေဒနာရှင်တွေ မကြာခဏ တွေ့နေ မြင်နေရ၍ စိတ်မချမ်းမြေ့ ဖြစ်ရပါတဟ်။ ဒါကြောင့် ပညာကိုမြေမမြှုတ်ချင်၍လည်းကောင်း ကုထုံးဆေးချက် တို့မဝှက်ဟူသည့် စကားအတိုင်း အများအကျိုးငှာ ဖေါ်ပြပေးလိုက်ပါသည်။ ကျွန်တော်တင်ပေးသမျှ ဆေးနည်းများသည် စာတွေ့မဟုတ် ငါတွေ့ လက်တွေ့ ဆေးနည်းများသာ ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာဆေးစွမ်းတစ်လက်ကို ဖေါ်ထုတ်ပေးလိုက်ပါသည်။

ပါဝင်ပစ္စည်းများ – ၁။ ကြက်သွန်ဖြူ = ၈ပဲသား။၂။ ငရုတ်ကောင်း =၈ပဲသား။၃။ စမုံနက် = ၈ ပဲသား။၄။
ရှိန်းခို =၈ပဲသား။၅။ မုတ္ခါး = ၁၀ က်ပ်သား။ဖေါ်ပြပါ ဆေး ၅ပါးကို အမှုန့်ပြု၍ ဆီးသီးကင်းခန့် အလုံးလေးများ
လုံးပြီး နေလှန်းအခြောက်ခံထားပါ။ ဤဆေးသည် ဝမ်းကိုပျော့စေသည်။ စမြင်းခံခြင်းကိုပျောက်ကင်းစေသည်။

အညောင်းအကိုက်ပျောက်ကင်းစေသည်။ဝမ်းကိုစင်ကြယ်စေပါသည်။ အကြောများကိုပြေစေသည်။ ခါးနာရောဂါကို
အထူးပျောက်ကင်း သက်သာစေသော အစွမ်းသတ္တိရှိပါသည်။အကြောင်းတစ်ခုခုကြောင့် ခါးနာပါက ထိုဆေးကို
တစ်ခါသောက် တစ်လုံး။ တစ်နေ့ (၂ကြိမ်) သောက်ခြင်းဖြင့် ၃ ရက်အတွင်း ထူးထူးခြားခြား
သက်သာပျောက်ကင်းစေပါသည်။

ပြောမယုံကြုံမှ သိကြမည့် ကျွန်တော့် မိတ်ဆွေများ လက်တွေ့သုံးပြီးမှ ကျေးဇူးတင်ပါ။ ဝေဒနာရှင်များကို တတ်နိုင်သမျှ
မျှဝေပေးပါခင်ဗျာ။ထိုဆေးသောက်နေစဉ်အတွင်း ခါးနာသောနေရာကို (ကန်စွန်းရွက်ကို ထောင်းပြီး ခါးမှာကပ်၍
စည်းပေးထားပါက အထူး အထူးပင် အမြန်ဆုံးပျောက်ကင်းပါကြောင်း လက်ဆောင်ပါးလိုက်ပါတယ်)

#credit original poster