Local News

လူအများစိတ်ဝင်စားနေသည့် ပခုက္ကူသီဟိုဋ်ရှင်ဘုရားလှိုဏ်ခေါင်းတွေ့ရှိမှု အပေါ် ယာယီမှတ်ချက်တစ်ခု ထွက်လာ

မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့၏ ကျက်သရေဆောင် သီဟိုဋ်ရှင်ဘုရားလှိုဏ်ခေါင်းတွေ့ရှိမှုအပေါ် လက်ရှိစစ်ဆေးဆောင်ရွက်ထားမှုအရ ယာယီမှတ်ချက်တစ်ခုထွက်ရှိလာကြောင်း ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးခိုင်ဇော်ထွန်းက ပြည်မြန်မာသို့ပြောသည်။

“လှိုဏ်ခေါင်းထဲမှာ နှစ်နာရီလောက်ထိဆင်းကြည့်တယ်၊ ရေဆို့ထုတ်တဲ့အခန်းတွေလို့ယူဆတယ် ပြော တယ်၊ ဌာပနာတိုက်တော့မဟုတ်ပါဘူး၊အပေါ်ကဘုရားတွေရေသပ္ပာယ်တဲ့အခါမှာ ရေတွေဘေးကို ပြန့်မသွားစေအောင်စီးဆင်းတဲ့နေရာလှိုဏ်ခေါင်းလိုလဲပြောကြတယ်၊အခန်းတွေကတော့ တစ်ခန်းကို ၂ပေခွဲလောက်ရှိတဲ့အပေါက်တွေနဲ့ဆက်ထားတယ်၊နှစ်ခန်းတွဲတွေပါ၊ အခန်းကထုတစ်ပေခွဲလောက်ရှိတဲ့နံရံတွေ ရှိတယ်၊အပေါက်ကတော့ မုခ်ဦးလေးတွေလိုလုပ်ထားတယ်”၄င်ပြောသည်။

လက်ရာများမှာ လှိုဏ်ခေါင်းပြုလုပ်ထားသည့်အုတ်များမှာ ရှေးဟောင်းအုတ်များဖြစ်ကာ တစ်ပေအကျယ်ပ တ်လည်ရှိပြီး အုတ်ခဲများကို သရိုး၊ အင်္ဂတေများဖြင့်တွဲစပ်ထားကြောင်းသိရပြီး လက်ရှိတွင် စည်ပင်ရေမြောင်း ဖောက်ရန်တူးထားသည့်အပေါက်အား ယာယီပိတ်ထားကာ ရှေးဟောင်းသုတေသနဦးစီးဌာနမှ ဆက်လက်ပြီး သုတေသနလုပ်ငန်းများထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ယင်းလှိုဏ်ခေါင်း နေရာအားမည်သို့ လုပ်ေ ဆာင်သွားမည်ကိုအတည်ပြုလို့မရသေးကြောင်းသိရသည်။

#credit