Celebrities

သီချင်းလေးကို စောင့်မျှော်နေတဲ့ ပရိသတ်တွေကို Vlogs လေးနဲ့ အရင်ချော့လိုက်တဲ့ အက်စတာ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အက်စတာကတော့ လတ်တလောမှာ သူ့ရဲ့ပထမဆုံးကိုယ်ပိုင်သီချင်းလေးဖြစ်တဲ့ “Unseen” သီချင်းလေးထွက်ရှိလာဖို့ အစွမ်းကုန်ကြိုးစားနေတာပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။ သီချင်းလေးကတော့ ပြီးနေပြီဖြစ်ပေမဲ့ MV လေးနဲ့ပါ ထွက်ရှိလာမှာမို့ ပရိသတ်တွေကလည်း စောင့်မျှော်နေကြပါတယ်။

ဒီနေ့မှာတော့ အက်စတာက သီချင်းလေးနဲ့ MV လေးကို စောင့်နေတဲ့ ပရိသတ်တွေအတွက် သီချင်းလေးမထွက်ခင် MV ရိုက်ကွင်းမှာ ရိုက်ကူးထားတဲ့ Vlog လေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ တင်ဆက်ပေးခဲ့ပါတယ်။ သီချင်းလေးထွက်ရှိလာမယ့်အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပေးကြတဲ့အတွက်ကိုလည်း အက်စတာကကျေးဇူးတင်ကြောင်းနဲ့ လိုအပ်ချက်နည်းနည်းလည်းတွေရှိတာရယ် အမြန်လုပ်လို့မရတဲ့တချို့ကိစ္စလေးတွေရှိနေလို့နားလည်ပေးဖို့မေတ္တာရပ်ခံထားပါသေးတယ်။

အက်စတာရဲ့ သီချင်းလေးကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေလည်း သီချင်းလေးမထွက်လာခင် ရိုက်ကွင်းမှာအမှတ်တရရိုက်ကူးထားတဲ့ အက်စတာရဲ့ Unseen Vlog လေးကို ကြည့်ရှုလို့ရအောင်ကနေ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ် ပရိသတ်ကြီးတို့ရေ။

#credit cele zone

*Unseen *

Unseen Vlogs လေးကြိုတင်ပါရစေရှင့် အားလုံးလည်း ဒီနေ့ဒီချိန်ထိသီချင်းလည်းစောင့်ပေးကြလို့လည်းထပ်ပီးတော့ကျေးဇူးတင်ပါရစေရှင့် သမီးတို့ဘက်ကနည်းနည်း လိုအပ်ချက်လည်းတွေရှိတာရယ် Long Weekend ဆ်ုတာ အမြန်လုပ်လို့မရတဲ့တချို့ကိစ္စလေးတွေရှိနေလို့နားလည်ပေးဖို့မေတ္တာရပ်ခံပါတယ်ရှင့် ကျေးဇူးတင်ထိုက်သူအားလုံးကျေးဇူးတင်ပါတယ်ရှင့် #Unseen #blessings #WhiteNubes#Loveyouall ?

Posted by Esther DCS on Monday, 3 August 2020