Celebrities

ခင်လှိုင်ရဲ့ဆိုင်မှာ စားချင်တာတွေတဝစားပြီး ဆိုင်ရှင်ကို ပြန်ရှင်းခိုင်းခဲ့ကြတဲ့ မင်းမော်ကွန်း၊ ကျော်ကျော်ဗိုလ်နဲ့ ထွန်းထွန်း

အနုပညာအလုပ်တွေအများကြီးကို အတူတူတွဲလုပ်ခဲ့ကြဖူးတဲ့ ခင်လှိုင်နဲ့ နှင်းဆီပွင့်တွေဟာ ညီကိုတွေလို ခင်မင်းရင်းနှီးခဲ့ကြပါတယ်။ ကိုယ်မြတ်နိုးတဲ့ အနုပညာအလုပ်တွေလည်းလုပ်ရင်း ကိုယ်ပိုင်စီးပွားရေးလေးတစ်ခု ထပ်မံချဲ့ထွင်လိုက်တဲ့ ဟာသသရုပ်ဆောင် ဒါရိုက်တာခင်လှိုင်ရဲ့ ” အညာမြေ ” ထမင်းဆိုင်ကိုရောက်တုန်း နှင်းဆီသုံးပွင့်က ကြိုက်တာတွေမှာစားပြီး ဆိုင်ရှင်ကြီးရဲ့ Bill ထဲကို ထပ်ပေါင်းထည့်ခဲ့ကြပါတယ်။

မန္တလေးနဲ့တခြားမြို့တွေမှာ ဆိုင်ကယ်ပတ်စီးပြီး ပျော်ပျော်ကြီးအပန်းဖြေနေကြတဲ့ နှင်းဆီပွင့် တွေနဲ့ ဒါရိုက်တာကိုပေါက်တို့ကတော့ ရန်ကုန်မှာမရ နိုင်တဲ့ ဆိုင်ကယ်လွတ်လွတ်လပ်လပ် စီးနင်းခွင့်ကို တခြားခွင့်ပြုတဲ့မြို့တွေမှာ ကောင်းကောင်းကြီးအသုံးချနိုင်ခဲ့ပါတယ်။ သွားခဲ့တဲ့ လမ်းတစ်လျှောက်မှာလည်း သီချင်းတွေတိုက်ရင်း ပျော်ပျော်ပါးပါးထွက်လာခဲ့ကြတာပါ။

ခင်လှိုင်ရဲ့ဆိုင်မှာဝင်ထိုင်ပြီး အဝစားခဲ့တဲ့အကြောင်းလေးကို ” Rocker Gyi Khin Hlaing ရဲ့ အညာမြေကိုရောက်ရှိ နှင်းဆီ (၃) ပွင့်စားသမျှ Rocker ခင်လှိုင် Bill ထဲ တဆုံးထည့်ခဲ့ပါပြီ ” ဆိုပြီး ထွန်းထွန်းက လူမှုကွန်ရက်မှာဝေမျှခဲ့ပါတယ်။ ညီကိုတွေလို ခင်မင်သူတွေဆိုတော့ အထွေအထူး ပြောစရာမလိုတော့ပါဘူး။

(ဇော်ဂျီဖြင့်ဖတ်ရန်)

ခင်လှိုင်ရဲ့ဆိုင်မှာ စားချင်တာတွေတဝစားပြီး ဆိုင်ရှင်ကို ပြန်ရှင်းခိုင်းခဲ့ကြတဲ့ မင်းမော်ကွန်း၊ ကျော်ကျော်ဗိုလ်နဲ့ ထွန်းထွန်း

အနုပညာအလုပ်တွေအများကြီးကို အတူတူတွဲလုပ်ခဲ့ကြဖူးတဲ့ ခင်လှိုင်နဲ့ နှင်းဆီပွင့်တွေဟာ ညီကိုတွေလို ခင်မင်းရင်းနှီးခဲ့ကြပါ တယ်။ ကိုယ်မြတ်နိုးတဲ့ အနုပညာအလုပ်တွေလည်းလုပ်ရင်း ကိုယ်ပိုင်စီးပွားရေးလေးတစ်ခု ထပ်မံချဲ့ထွင်လိုက်တဲ့ ဟာသသရုပ်ဆောင် ဒါရိုက်တာခင်လှိုင်ရဲ့ ” အညာမြေ ” ထမင်းဆိုင်ကိုရောက်တုန်း နှင်းဆီသုံးပွင့်က ကြိုက်တာတွေမှာစားပြီး ဆိုင်ရှင်ကြီးရဲ့ Bill ထဲကို ထပ်ပေါင်းထည့်ခဲ့ကြပါတယ်။

မန္တလေးနဲ့တခြားမြို့တွေမှာ ဆိုင်ကယ်ပတ်စီးပြီး ပျော်ပျော်ကြီးအပန်းဖြေနေကြတဲ့ နှင်းဆီပွင့် တွေနဲ့ ဒါရိုက်တာကို ပေါက်တို့ကတော့ ရန်ကုန်မှာမရနိုင်တဲ့ ဆိုင်ကယ်လွတ်လွတ်လပ်လပ် စီးနင်းခွင့်ကို တခြားခွင့်ပြုတဲ့မြို့တွေမှာ ကောင်းကောင်းကြီး အသုံးချနိုင်ခဲ့ပါတယ်။ သွားခဲ့တဲ့ လမ်းတစ်လျှောက်မှာလည်း သီချင်းတွေတိုက်ရင်း ပျော်ပျော်ပါးပါးထွက်လာခဲ့ကြတာပါ။

ခင်လှိုင်ရဲ့ဆိုင်မှာဝင်ထိုင်ပြီး အဝစားခဲ့တဲ့အကြောင်းလေးကို ” Rocker Gyi Khin Hlaing ရဲ့ အညာမြေကိုရောက်ရှိ နှင်းဆီ (၃) ပွင့် စားသမျှ Rocker ခင်လှိုင် Bill ထဲ တဆုံးထည့်ခဲ့ပါပြီ ” ဆိုပြီး ထွန်းထွန်းက လူမှုကွန်ရက်မှာဝေမျှခဲ့ပါတယ်။ ညီကိုတွေလို ခင်မင်သူတွေ ဆိုတော့ အထွေအထူးပြောစရာမလိုတော့ပါဘူး။

#credit cele zone