News

အနုပညာရှင်တွေ ပါတီတချို့ကဝယ်ယူခြင်းခံရတာ ကိုယ့်လုပ်ရပ်ကြောင့်ပဲလို့ပြောလာသူ ကျော်သူ

အနုပညာရှင်တွေ ကို ပါတီတချို့ က ဝယ်ယူ အသုံးချမှု တွေ ခံရတယ်ဆိုတာ ကိုယ့်ရဲ့လုပ်ရပ်ပေါ်မှာပဲ မူတည်တာပါလို့ နာရေးကူညီမှု အသင်း ဥက္ကဌ ဦးကျော်သူ က ပြောပြလာပါတယ်။ ယခင်နှစ်ရွေးကောက်ပွဲတွေမှာ အနုပညာရှင်များ ပါတီတချို့ ရဲ့ဝယ်ယူခြင်း ခံရပြီး ဒီလို ဝယ်ယူအသုံးချခြင်းခံရတယ်ဆိုတာ မိမိခံယူချက်နဲ့သာသက်ဆိုင်ကြောင်းပြောပြလာပါတယ်။

“အနုပညာရှင်တွေ အသုံးချခံရတယ်ဆိုတာ ကိုယ့်ပေါ်ပဲမူတည်ပါတယ်။ကိုယ့်ခံယူချက်က ခိုင်ခိုင်မာမာ ရှိဖို့ပဲလိုတာပါ။ကျွန်တော်တို့ ဆို အရင်အစိုးရလက်ထက်တွေ တည်း က ဘယ်သူမှမပြောဆိုရဲတဲ့ ကာလတည်း က အများအကျိုးအတွက် ကို သယ်ပိုးပေးခဲ့ပါတယ်။ရွေးကောက်ပွဲကတော့ ပြည်သူပြည်သားတွေ အဆင်ပြေမယ့် အဖွဲ့ အစည်း ကို မဲ ပေးရမှာပဲ။ကိုယ်သဘောကျတဲ့ပါတီ တိုင်းပြည်ကို အကျိုးပြုမယ့် သူကို မဲပေးရမှာပဲ။ဘယ်သူစည်းရုံးပါစေ ကိုယ်မပါသွားဖို့ အရေးကြီးတယ်။ တကယ်တော့ မဲ ထည့်တဲ့ အချိန်ကာလက အဓိက ကျပါတယ်။မဲမမေးခင်ရော ပဲပြီးရောပြောကြမှာပါပဲ။ အငြင်းပွားမှုတွေ စည်းရုံးခံရမှုတွေ ကျွန်တော် မပါဘူး။ ကျွန်တော် တော့ ကိုယ့် စိတ်အတိုင်းပဲသွားမှာပါပဲ။ တကယ်က ကိုယ့်သမိုင်း ကိုယ့်အနာဂတ်ကိုရေးရမှာပါပဲ။လူတွေအားလုံးသေကြမှာပါပဲ။မသေခင်ကောင်းကောင်းမွန်မွန်ငြိမ်းငြိမ်းချမ်းချမ်းလေးနေရင် အကောင်းဆုံးပါပဲ။”လို့ ဦးကျော်သူ က သူ့ရဲ့ အမြင်ကို ပြောပြလာပါတယ်။

နာရေးကုညီမှုအသင်းဥက္ကဌ ဦးကျော်သူ က လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တော့ကိုယ့်စိတ်သဘောအတိုင်းသာဆုံးဖြတ်မဲပေးသွားမှာ ဖြစ်ပြီး တိုင်းပြည်ကို အကျိုးပြုမယ့်ပါတီ ကိုသာမဲပေးဖြစ်မယ်လို့ သိရပါတယ်credit