Knowledge

ဆင်းရဲပေမယ့် ကောက်ရတဲ့ ဆွဲကြိုးကို ပိုင်ရှင်ထံ မရမက ပြန်ပေးတဲ့ လင်မယား

ပရိသတ်ကြီးရေ ရိုးသားတဲ့ စိတ်ထားတွေကို ဂုဏ်ပြုပေးကြပါ…ယနေ့ခေတ်မှာ တန်ဖိုးရှိလို့ပါ….

ယနေ့ ဒုတိယဝါဆိုလပြည့်နေ့မှာ ရိုးသားပြီး စိတ်ထားဖြူစင်သူ ဇနီးမောင်နှံ ကို တွေ့ရှိခဲ့ပါပြီဝမ်းတွင်းမြို့နယ်ညောင်အုပ္ဖီးအုပ်စု ရိုးရွာကျေးရွာတွင် နေထိုင်သော ကိုစိုးမိုးကျော်+မငြိမ်းငြိမ်း တို့သည် ( ၃-၈-၂၀၂၀)ရက်နေ့

နံနက် (၉:၀၀)နာရီ အချိန်ခန့်တွင်ကျေးရွာအတွင်း မိန်းလမ်းမပေါ်မှ ရွှေဆွဲကြိုး တွေ့ရှိခဲ့သဖြင့်ရပ်ရွာလူကြီးမှတစ်ဆင့် ပိုင်ရှင်ဖြစ်သောဦးညွန့်ဝင်း+ဒေါ်သန်းခိုင်တို့ ထံသို့ မည်သည့်တောင်းဆိုမှုမှမပြုပဲအသိတရားရှိစွာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

ဒါကြောင့် ဆင်းရဲပေမယ့် သူတို့ရဲ့ ရိုးသားမှုကို ဂုဏ်ပြုကြပါစို့…
မူရင်းပို့စ်တင်သူ…Hlamoe