Celebrities

ဘဘ ဘိုကလေးတင်အောင်ကို သွားရောက်တွေဆုံ ဂါရဝပြုကန်တော့ခဲ့တဲ့ မေသန်းနုနဲ့ မင်းသန့်မောင်မောင်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မေသန်းနုကတော့ မနေ့က သြဂုတ်လ (၃)ရက်နေ့မှာ ဘဘ ဘိုကလေးတင်အောင်ကို သွားရောက်တွေ့ဆုံဂါရဝပြုကန်တော့ ခဲ့ပါတယ်။ ဘဘဘိုကလေးတင်အောင်ကတော့ မြန်မာရုပ်ရှင်လောကရဲ့တစ်သက်တာဂုဏ်ထူးဆောင်ဆုကိုရရှိထားတဲ့ ပညာရှင်ကြီးတစ်ယောက်ဖြစ်ပြီး မြန်မာနိင်ငံရုပ်ရှင်အစည်းအရုံး၏နာယကကြီးတစ်ယောက်လည်းဖြစ်ပါတယ်။

မေသန်းနုက သားဖြစ်သူ မင်းသန့်မောင်မောင်နဲ့အတူ ဘဘဘိုကလေးတင်အောင်ဆီကို သွားရောက်ခဲ့တာဖြစ်ပြီး မင်းသန့်မောင်မောင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “မြန်မာရုပ်ရှင်လောကရဲ့တစ်သက်တာဂုဏ်ထူးဆောင်ပညာရှင်ကြီး မြန်မာနိင်ငံရုပ်ရှင်အစည်းအရုံး၏နာယကကြီး ဘဘဘိုကလေးတင်အောင်အား သွားရောက်တွေ့ဆုံဂါဝရပြုကန်တော့ရခြင်းတွက် အလွန်အမင်းဝမ်းမြှောက်ဝမ်းသာဖြစ်ရပါသည်”လို့ ဖော်ပြထားတာပဲဖြစ်ပါတယ်။

မင်းသန့်မောင်မောင်ကလည်း လက်ရှိမှာ ဒါရိုက်တာတစ်ယောက်အနေနဲ့ ဖခင်ဖြစ်သူရဲ့ အနုပညာအမွေကို ဆက်ခံနေတဲ့ အနာဂတ်အနုပညာလောကမှာ ထွန်းတောက်လာမယ့် အနုပညာမျိုးဆက်သစ်တစ်ယောက်ပါ။ ဘဘဘိုကလေးတင်အောင်ကို သွားရောက်တွေ့ဆုံဂါရဝပြုခဲ့တဲ့ မေသန်းနုနဲ့ မင်းသန့်မောင်မောင်တို့ရဲ့ ပုံလေးတွေကို CeleZone ပရိသတ်ကြီးအတွက်မျှဝေဖော်ပြပေးလိုက်ပါတယ်။

#credit cele zone