Celebrities

အသက် (၆၅)နှစ်အထက်လူရွှင်တော်ကြီးတွေအတွက် လှူဒါန်းမှုတွေပြုလုပ်သွားမယ့် ဒိန်းဒေါင်

ဒိန်းဒေါင်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ဟာသလူရွှင်တော် တစ်ယောက်အနေနဲ့ ပရိတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပါ။ ဒိန်းဒေါင်ကတော့ အနုပညာအလုပ်တွေကနေရရှိလာတဲ့ လုပ်အားခငွေလေးတွေကို စုဆောင်းပြီး အလှူအတန်းတွေကို လိုအပ်တဲ့နေရာတွေမှာ တတ်နိုင်သလောက် လှူဒါန်းမှုတွေပြုလုပ်လေ့ရှိပါသေးတယ်။

လတ်တလောမှာလည်း ဒိန်းဒေါင်က အသက်(၆၅)နှစ်အထက်လူရွှင်တော်ကြီးတွေအတွက် လှူဒါန်းမှုတွေပြုလုပ်သွားဖို့ အစီအစဉ်ရှိတဲ့အကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြလာခဲ့ပါတယ်။ “နေပူ မိုးရွာ မမှုပါ ရသည့်ပိုက်ဆံလှူဒါန်းရန်။ (၆၅)နှစ်အထက်လူရွှင်တော်အဖေဆရာများအားလှူဒါန်းရန် ” နေပူပူမိုးရွာရွာ မမှုဘဲ ဆရာသမားလူရွှင်တော်တွေအတွက် လှူဒါန်းပေးသွားဖို့ စီစဉ်နေခဲ့ပြီး သူ့ရဲ့အလှူလေးကို သာဓုခေါ်ဆိုလို့ရအောင် မျှဝေဖော်ပြခဲ့တာပါ။

ပရိသတ်တွေကတော့ ဒိန်းဒေါင်ရဲ့ ဆရာသမားတွေပေါ် ကျေးဇူးသိတတ်တဲ့ ဖြူစင်မွန်မြတ်တဲ့ စိတ်ထားလေးကို ချီးမွမ်းနေခဲ့ကြပါသေးတယ်။ ပရိသတ်တွေရဲ့အချစ်တော် ဒိန်းဒေါင်ရဲ့ အလှူအတန်းရက်ရောတဲ့ စိတ်ဓာတ်လေးနဲ့ လူကြီးမိဘ ဆရာသမားတွေအပေါ်သိတတ်လှတဲ့ စိတ်ထားလေးက ပရိသတ်တွေချီးကျူးလည်း ချီးကျူးထိုက်တဲ့ စိတ်ထားလေးပါပဲ CeleZone ပရိသတ်ကြီးရေ။

#credit cele zone