Celebrities

ဂျပန်မီဒီယာတွေမှာ အကြီးအကျယ်ဖော်ပြနေတဲ့ မိုရီဆာကီဝင်းနဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်းရဲ့ မြေးမလေးတို့ အချစ်ဇာတ်လမ်း

မိန်းကလေး ပရိသတ်တွေက အဝင်းလို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ မိုရီဆာကီဝင်းက မြန်မာပြည်ဖွား ဂျပန်အဆိုတော် တစ်ဦး ဖြစ်ပါတယ်။ မိုရီဆာကီဝင်းက ဂျပန်နိုင်ငံမှာ အောင်မြင်ပြီးသား အနုပညာရှင်ဖြစ်ပေမယ့် မြန်မာ ပရိသတ်တွေကတော့ ဇာတိမြေ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပိုမိုသတိထားမိလာတာ ဖြစ်ပါတယ်။ မိုရီဆာကီဝင်းက သူ့ရဲ့ PRIZMAX အဖွဲ့ပျက်သွားပေမယ့်လည်း ဂျပန်နိုင်ငံမှာ သီချင်းတွေဆိုနေသလို မြန်မာနိုင်ငံမှာလည်း အနုပညာလုပ်ငန်းတွေကို အချိန်ပေး လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ မိုရီဆာကီဝင်းနဲ့ ပက်သတ်ပြီး ဂျပန်မီဒီယာတွေမှာ ဂယက်ထနေတဲ့ သတင်းက မိုရီဆာကီဝင်းနဲ့ ဂျပန်သူလေး Miyazawa Emma တို့ရဲ့ အချစ်ရေးသတင်းပဲ ဖြစ်ပါတယ်။ မိုရီဆာကီဝင်းနဲ့ Miyazawa တို့က လေးလေးနက်နက် ပက်သတ်နေကြပြီး ဒီအတိုင်းသာဆက်ပြီး အဆင်ပြေနေကြမယ်ဆိုရင် လက်ထပ်နိုင်တာမျိုးထိ ဖြစ်လာနိုင်တယ်လို့ သူတို့နှစ်ယောက်စလုံးနဲ့ ဆက်စက်သူတွေက ပြောဆိုနေကြတာပဲ ဖြစ်ပါတယ်။

မိုရီဆာကီဝင်းနဲ့ သတင်းထွက်နေတဲ့ Miyazawa ဆိုသူလေးကတော့ သူမရဲ့ အဖိုးက ဂျပန်ဝန်ကြီးချုပ်ဟောင်း (ကွယ်လွန်) တစ်ယောက်ဖြစ်ပြီး အသိုင်းအဝိုင်းကြီးမှ ဆင်းသက်လာသူဖြစ်ပါတယ်။ Miyazawa က အင်တာနေရှင်နယ်ကျောင်းကနေ ဘွဲ့ရသူဖြစ်ပြီး ကမ္ဘာ့နာမည်ကြီးကောလိပ်တွေမှာလည်း ပညာတော်သင်တက်ရောက်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

မိုရီဆာကီဝင်းရဲ့ Entertainment ဖြစ်တဲ့ (Stardust prodution) က official comfirm မလုပ်သေးပေမယ့် ဂျပန်မီဒီယာတွေမှာတော့ တစ်ပြည်သား မိုရီဆာကီဝင်းနဲ့ ဂျပန်မလေး Miyazawa အကြောင်းကတော့ ပရိသတ်တွေစိတ်ဝင်စားတဲ့ သတင်းတစ်ပုဒ်ဖြစ်လို့နေတာပဲ ဖြစ်ပါတယ်။ Miyazawa ရဲ့ အဘိုးဖြစ်သူက တချိန်က ဂျပန်ဝန်ကြီးချုပ်ဟောင်းမို့ နိုင်ငံရေးမှာလည်း ကြီးမားတဲ့ ဝင်ဆန့်နိုင်တဲ့ ပမာဏရှိနေသလို မိုရီဆာကီဝင်းကလည်း မြန်မာရဲ့ ခရီးသွားလုပ်ငန်းချစ်ကြည်ရေးသံတမန်ဖြစ်တာမို့ ဂျပန်မြန်မာ ချစ်ကြည်မှု ပိုမိုခိုင်မာစေနိုင်တယ်လို့ ပြောဆိုမူတွေလည်းရှိပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။credit