Celebrities

မြို့ပြရဲ့မွန်းကျပ်မှုတွေအဝေးမှာ အပန်းဖြေပြီး ရေကစားနေကြတဲ့ ဗရမ်းပတာသူငယ်ချင်းသုံးယောက်

ပျော်ပျော်နေတတ်တဲ့ ချစ်စရာသူငယ်ချင်းသုံးယောက်ကတော့ ပျော်ပျော်ပါးပါး ရေကစားနေ ကြတဲ့ ပုံရိပ်လေးတွေကို ဝေမျှခဲ့ပါတယ်။ အမြဲတမ်း သုံးယောက်အတူတူသွားလာတတ်ကြပြီး အနုပညာအလုပ်တွေကိုလည်း အတူတူကြိုးစားပြီး လုပ်တတ်ကြပါတယ်။ အခွီတွေ နဲ့ စနောက်လွန်းလို့ ပရိသတ်တွေကလည်း အရမ်းကိုချစ်ခင်အားပေးကြသူတွေပါ။ အမြဲတမ်း စနောက်တတ်တဲ့ ကွီးကျော် ဘော်ဒီ အရမ်းမိုက်တဲ့ ကွီးညီနဲ့ သူတို့စနောက်သမျှခံနေရတဲ့ မြတ်နိုးတို့သုံးယောက်သားက တကယ့်ကိုအတွဲညီကြသူတွေပါ။ မြတ်နိုးရဲ့မွေးနေ့မှာလည်း လက်ဆောင်ပေးမယ့်အရေးကို အမျိုးမျိုးစနောက်ပြီး စိတ်ညစ်အောင်လုပ်ပြီးမှ ချစ်စရာစိန်လက်စွပ်လေး သုံးကွင်း လက်ဆောင်ပေးခဲ့ပါသေးတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း နားလည်မှုတွေအပြည့်နဲ့ သူငယ်ချင်းတွေဆိုတာထက်ကို မောင်နှမတွေလို ဆွေမျိုးရင်းချာတွေလိုကို ရင်းနှီးနွေးထွေးကြပါတယ်။ ရေကစားနေတဲ့ပုံရိပ်လေးတွေကို ကြည့်လိုက်တာနဲ့ သုံးယောက်သားရဲ့ ရင်းနှီးမှုအတိုင်း အတာကို အထင်းသားမြင်တွေ့နိုင်ပါတယ်။ ခင်မင်းရင်းစွဲရှိလာတာ ဆယ်စုနှစ်တစ်ခုကို ကျော်လွန်လာခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိလည်း အကောင်းဆုံးသူငယ်ချင်းတွေအဖြစ်နဲ့ ခင်မင်လက်စ ချစ်လက်စတွေ မကုန်သေးဘဲ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြတာ ကြည်နူးစရာပါပဲ။
(ဇော်ဂျီဖြင့်ဖတ်ရန်)

မြို့ပြရဲ့မွန်းကျပ်မှုတွေအဝေးမှာ အပန်းဖြေပြီး ရေကစားနေကြတဲ့ ဗရမ်းပတာသူငယ်ချင်းသုံးယောက်

ပျော်ပျော်နေတတ်တဲ့ ချစ်စရာသူငယ်ချင်းသုံးယောက်ကတော့ ပျော်ပျော်ပါးပါး ရေကစားနေ ကြတဲ့ ပုံရိပ်လေးတွေကို ဝေမျှခဲ့ပါတယ်။ အမြဲတမ်း သုံးယောက်အတူတူသွားလာတတ်ကြပြီး အနုပညာအလုပ်တွေကိုလည်း အတူတူကြိုးစားပြီး လုပ်တတ်ကြပါတယ်။ အခွီတွေနဲ့ စနောက်လွန်းလို့ ပရိသတ်တွေကလည်း အရမ်းကိုချစ်ခင်အားပေးကြသူတွေပါ။ အမြဲတမ်း စနောက်တတ်တဲ့ ကွီးကျော် ဘော်ဒီအရမ်းမိုက်တဲ့ ကွီးညီနဲ့ သူတို့စနောက်သမျှခံနေရတဲ့ မြတ်နိုးတို့သုံးယောက်သားက တကယ့်ကိုအတွဲညီကြသူတွေပါ။

မြတ်နိုးရဲ့မွေးနေ့မှာလည်း လက်ဆောင်ပေးမယ့်အရေးကို အမျိုးမျိုးစနောက်ပြီး စိတ်ညစ်အောင်လုပ်ပြီးမှ ချစ်စရာစိန်လက်စွပ် လေးသုံးကွင်း လက်ဆောင်ပေးခဲ့ပါသေးတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း နားလည်မှုတွေအပြည့်နဲ့ သူငယ်ချင်း တွေဆိုတာထက်ကို မောင်နှမတွေလို ဆွေမျိုးရင်းချာတွေလိုကို ရင်းနှီးနွေးထွေးကြပါတယ်။

ရေကစားနေတဲ့ပုံရိပ်လေးတွေကို ကြည့်လိုက်တာနဲ့ သုံးယောက်သားရဲ့ ရင်းနှီးမှုအတိုင်း အတာကို အထင်းသား မြင်တွေ့နိုင်ပါတယ်။ ခင်မင်းရင်းစွဲရှိလာတာ ဆယ်စုနှစ်တစ်ခုကို ကျော်လွန်လာခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိလည်း အကောင်းဆုံး သူငယ်ချင်းတွေအဖြစ်နဲ့ ခင်မင်လက်စ ချစ်လက်စတွေ မကုန်သေးဘဲ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြတာ ကြည်နူးစရာပါပဲ။credit cele zone