Knowledge

ဒီအရွယ်ဆိုတာ မိဘနှစ်ပါးရဲ့ ရင်ခွင်ထဲမှာ ကလေးဘဝကိုအပူပင်ကင်းကင်းနဲ့ ဆော့ကစားရင်း ဖြတ်ကျော်နေရမယ့် အရွယ်ပါ

အခုလိုမျိုး သီလရင် ကလေးလေးတွေ၊ ကိုရင် ကလေးလေးတွေကို မြင်တိုင်း ရင်ထဲမှာ အတိုင်းအဆမရှိ ဆို့နင့်မိပါတယ်။အရွယ်လေးတွေနဲ့ မလိုက်အောင် မနက်အစောကြီးမှာ ဆွမ်းခံထွက်ကြရတယ်။ တစ်ချို့ဆိုရင် အဝေးကြီးကနေ ကားတွေအဆင့်ဆင်းစီးပြီး လာခဲ့ကြရပါသတဲ့။ စာသင်ကျောင်းတွေရှေ့ရောက်ရင် အရွယ်တူ ကလေးလေးတွေ ကျောင်းဝတ်စုံလေးတွေနဲ့ ကျောင်းဝင်းထဲ ပြေးလွှားဆော့ကစားနေကြတာကို အပြင်ဘက်ကနေ ငေးမောပြီး ကြည့်နေတတ်တာလည်း မြင်ဖူးပါရဲ့။

သူတို့လေးတွေရဲ့ ဘဝနောက်ကြောင်းဟာ မသာယာလှဘူးဆိုတာ မေးဖို့မလိုအောင် ထင်ရှားပါတယ်၊ တော်ပါသေးရဲ့ သာသနာ့ဘောင်ရဲ့ စောင့်ရှောက်မှု အရိပ်အောက်မှာ ခိုလှုံခွင့်ရသေးလို့ဆိုပြီး စိတ်ဖြေရပါတယ်၊ စောင့်ရှောက်လက်ခံထားတဲ့ ကျောင်းတွေကိုလည်း ကျေးဇူးတင်မိပါတယ်။ သားသနာ့ဘောင်မှာဆိုတော့လည်း စည်းကမ်း ဝိနည်းတော်တွေနဲ့အညီ ထိန်းသိမ်း နေထိုင်ရတော့ ကလေးတွေ ပင်ပမ်းကြမယ်ဆိုတာကတော့ သေချာပါတယ်။

(လူကြီးတွေတောင် လိုက်နာကျင့်ကြံဖို့ခဲယဉ်းတယ် မဟုတ်လား)ကိုယ့်သားသမီးလေးတွေသာ ဆိုတဲ့ အတွေးသက်သက်နဲ့ စာနာကြည့်မိတိုင်း ကလေးဘဝလေးတွေကို ဆုံးရှုံးသွားတဲ့ သူတို့ရဲ့အဖြစ်ကို သနားမိပါတယ်။ကိုယ့်သားသမီးလေးသာဆိုရင် အိပ်ပါစေလေဆိုပြီး မနက်အစောကြီး နှိုးရက်မှာ မဟုတ်ပါ နေပူကြဲကြဲကြီးထဲမှာ လမ်းအဝေးကြီးသွားရတဲ့အခါ ချီးပိုးသွားမိမှာပါ

လမ်းဘေးဆိုင်လေးတွေမှာ ဖြစ်သလို ဝင်စားနေတာမျိုး အဖြစ်မခံနိုင်ပါဘူး၊ တော်ကြာ ရောဂါရနေရင် မခက်ဘူးလား ကြပ်ပိတ်နေတဲ့ လိုင်းကားစီးရင် မူးမှာစိုးရိမ်လို့ တက္ကစီငှားစီးသွားမိလေမလား ဆိုတဲ့ အတွေးတွေနဲ့ သူတို့လေးတွေကို တွေ့တိုင်း မျက်ရည်ဝဲရပါတယ်။ ဒါပေမယ့် တစ်ခုတည်းသော ကိုယ်လုပ်ပေးနိုင်တာကတော့ သူတို့လေးတွေကို တွေ့ရင် ချွေးနှဲစာလေးထဲက အတတ်နိုင်ဆုံး များများလှူတန်းလိုက်မိတာပါပဲ။

အဲဒီအချိန်ကြရင် ဝင်းလက်ပြုံးရွှင်သွားတဲ့ သူတို့လေးတွေရဲ့ မျက်နှာက သူတို့အတွက် ကိုယ့်ရင်ထဲက သောကမီးကို တဒင်္ဂတော့ ငြိမ်းစေပါတယ်။ပျော်ပျော်ပါးပါးနဲ့ ထွက်သွားတဲ့ သူတို့လေးတွေရဲ့ နောက်ကျောကို ကြည့်ရင်း “သမီးတို့သားတို့ ကံကောင်းကြပါစေ၊ လူတစ်လုံးသူတစ်လုံး ဖြစ်ကြပါစေ”လို့ ဆုတောင်းပေးရင်းသာ။

Unicode

အခုလိုမျိုး သီလရင် ကလေးလေးတွေ၊ ကိုရင် ကလေးလေးတွေကို မြင်တိုင်း ရင်ထဲမှာ အတိုင်းအဆမရှိ ဆို့နင့်မိပါတယ်။အရွယ်လေးတွေနဲ့ မလိုက်အောင် မနက်အစောကြီးမှာ ဆွမ်းခံထွက်ကြရတယ်။ တစ်ချို့ဆိုရင် အဝေးကြီးကနေ ကားတွေအဆင့်ဆင်းစီးပြီး လာခဲ့ကြရပါသတဲ့။ စာသင်ကျောင်းတွေရှေ့ရောက်ရင် အရွယ်တူ ကလေးလေးတွေ ကျောင်းဝတ်စုံလေးတွေနဲ့ ကျောင်းဝင်းထဲ ပြေးလွှားဆော့ကစားနေကြတာကို အပြင်ဘက်ကနေ ငေးမောပြီး ကြည့်နေတတ်တာလည်း မြင်ဖူးပါရဲ့။

သူတို့လေးတွေရဲ့ ဘဝနောက်ကြောင်းဟာ မသာယာလှဘူးဆိုတာ မေးဖို့မလိုအောင် ထင်ရှားပါတယ်၊ တော်ပါသေးရဲ့ သာသနာ့ဘောင်ရဲ့ စောင့်ရှောက်မှု အရိပ်အောက်မှာ ခိုလှုံခွင့်ရသေးလို့ဆိုပြီး စိတ်ဖြေရပါတယ်၊ စောင့်ရှောက်လက်ခံထားတဲ့ ကျောင်းတွေကိုလည်း ကျေးဇူးတင်မိပါတယ်။ သားသနာ့ဘောင်မှာဆိုတော့လည်း စည်းကမ်း ဝိနည်းတော်တွေနဲ့အညီ ထိန်းသိမ်း နေထိုင်ရတော့ ကလေးတွေ ပင်ပမ်းကြမယ်ဆိုတာကတော့ သေချာပါတယ်။

(လူကြီးတွေတောင် လိုက်နာကျင့်ကြံဖို့ခဲယဉ်းတယ် မဟုတ်လား)ကိုယ့်သားသမီးလေးတွေသာ ဆိုတဲ့ အတွေးသက်သက်နဲ့ စာနာကြည့်မိတိုင်း ကလေးဘဝလေးတွေကို ဆုံးရှုံးသွားတဲ့ သူတို့ရဲ့အဖြစ်ကို သနားမိပါတယ်။ကိုယ့်သားသမီးလေးသာဆိုရင် အိပ်ပါစေလေဆိုပြီး မနက်အစောကြီး နှိုးရက်မှာ မဟုတ်ပါ နေပူကြဲကြဲကြီးထဲမှာ လမ်းအဝေးကြီးသွားရတဲ့အခါ ချီးပိုးသွားမိမှာပါလမ်းဘေးဆိုင်လေးတွေမှာ ဖြစ်သလို ဝင်စားနေတာမျိုး အဖြစ်မခံနိုင်ပါဘူး၊ တော်ကြာ ရောဂါရနေရင် မခက်ဘူးလား ကြပ်ပိတ်နေတဲ့ လိုင်းကားစီးရင် မူးမှာစိုးရိမ်လို့ တက္ကစီငှားစီးသွားမိလေမလား ဆိုတဲ့ အတွေးတွေနဲ့ သူတို့လေးတွေကို တွေ့တိုင်း မျက်ရည်ဝဲရပါတယ်။ ဒါပေမယ့် တစ်ခုတည်းသော ကိုယ်လုပ်ပေးနိုင်တာကတော့ သူတို့လေးတွေကို တွေ့ရင် ချွေးနှဲစာလေးထဲက အတတ်နိုင်ဆုံး များများလှူတန်းလိုက်မိတာပါပဲ။အဲဒီအချိန်ကြရင် ဝင်းလက်ပြုံးရွှင်သွားတဲ့ သူတို့လေးတွေရဲ့ မျက်နှာက သူတို့အတွက် ကိုယ့်ရင်ထဲက သောကမီးကို တဒင်္ဂတော့ ငြိမ်းစေပါတယ်။ပျော်ပျော်ပါးပါးနဲ့ ထွက်သွားတဲ့ သူတို့လေးတွေရဲ့ နောက်ကျောကို ကြည့်ရင်း “သမီးတို့သားတို့ ကံကောင်းကြပါစေ၊ လူတစ်လုံးသူတစ်လုံး ဖြစ်ကြပါစေ”လို့ ဆုတောင်းပေးရင်းသာ။credit