News

ဆရာမများ ကျူရှင်မသင်ရန် ခံဝန်ထိုးထားရပြီး သင်ပါက ကိုဗစ်ဥပဒေနဲ့ ထောင် (၆) လချမည်

ကိုဗစ် ကာလမတိုင်မီအချိန်က ကျူရှင်သင်တဲ့ အပေါ် တိုင်ကြားမှုတွေနဲ့ပတ်သက်ပြီး ကနဦး စုံစမ်းစစ်ဆေးရေးပြုလုပ်ပြီး ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေး အဆင့်ဆင့်ပြုလုပ်ကာ အရေးယူနေတာဖြစ်ပါတယ်။ ပြစ်ဒဏ်ကိုတော့ ကျူးလွန်တဲ့ လုပ်ရပ်အပေါ်မူတည်ချမှတ်တာဖြစ် ပြီး ကျောင်းသားအချင်းချင်း ခွဲခြားဆက်ဆံတာ၊ ကျူရှင်သင်တာ မှန်ကန်ရင် ကနဦး အဖြစ်စာနဲ့သတိပေးပြီး ထပ်မံကျူးလွန်ခဲ့ရင်ဖြစ်စေ၊ ကျောင်းသူကျောင်းသားအပေါ် ပြင်းထန်တဲ့လုပ်ရပ်တစ်ခုခုလုပ်ခဲ့ရင် ရာထူးလျှော့ခြင်း ၊ နှစ်တိုးရပ်ခြင်း ၊ နေရာပြောင်းခြင်းစတဲ့ ပြစ်ဒဏ် တွေချမှတ်တယ်လို့သိရပါတယ်။

ကျူရှင်သင်တဲ့အပေါ် ဌာနဆိုင်စုံစမ်း စစ်ဆေးရေးအဆင့်ဆင့်ပြုလုပ်ကာ အရေးယူနေတာဖြစ်ပါတယ်။ ကျောင်းချိန်ပြင်ပမှာ ကျူရှင်သင် ကြားတဲ့ ပညာရေးဝန်ထမ်းကျောင်းဆရာ/ဆရာမတွေကို ကိုဗစ်ကာလထုတ်ပြန်ညွှန်ကြားချက်နဲ့ အညီသဘာဝဘေးအန္တရာယ်ကာကွယ် တားဆီးရေးဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနက သိရပါတယ်။ ကျောင်းအုပ်တွေအနေနဲ့လည်း သက်ဆိုင်ရာ ပညာရေးဝန်ထမ်းဆရာ/ဆရာမတွေ ကျုရှင်သင်ကြားပါက သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေး ဥပဒေအရ အရေးယူခြင်း ခံရမယ့်ဆိုတာကို သိရှိပြီးလိုက်နာ ဆောင်ရွက်မယ့်အကြောင်း ဝန်ခံကတိ လက်မှတ်ရေးထိုးရမှာ ဖြစ်ပါတယ်။

သိရှိလိုက်နာမည် ဖြစ်ကြောင်းကိုတော့ သြဂုတ်လ ၁၅ ရက်နေ့မှာ မြို့နယ်ပညာရေးမှူးရုံးကို ပြန်လည်ပေးပို့ရမယ်လို့သိရပါတယ်။ ကျူရှင် ပြဿနာက အဓိကမြို့ကြီးတွေ မှာဖြစ်တယ်။ ပမာဏကို ကြည့်မယ်ဆိုရင် တောကနည်းတယ်။ ရန်ကုန်ဆိုတိုင်စာရောက်တယ် ကျောင်း သားကို ကျူရှင်မတက်လို့ဆိုပြီး တိုင်စာတက်တယ်။ အဲ့ဒါမျိုးတွေ အရေးယူရတယ်။ ပညာရေးဝန်ကြီးဌာန ကတော့ ကျူရှင်သင်တာကို အားမပေးပါဘူး။ ကျူရှင်မတက်လို့ ခွဲခြားဆက်ဆံတယ် သင်ကြားရမယ့်ဟာတွေကို မသင်ကြားပေးဘူး လုပ်တယ်ဆိုပြီး မိဘက တိုင်ကြားလာ ရင် အရေးယူတာတွေရှိတယ်။ ခုလည်းရှိတယ်။ ခုကိုဗစ်ကာလမှာတော့ ပိုတင်းကြပ်လိုက် တာဖြစ်တယ်။”လို့။

အခြေခံပညာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။ ကျူရင် ပြဿနာဟာ ကျေးလက်တောရွာတွေမှာ အရင်ကထက် လျော့နည်းသွားပေမယ့် မြို့ကြီးဖြစ်တဲ့ ရန်ကုန်အပါအဝင် မန္တလေး ၊ ခရိုင်အလိုက် မြို့နယ်တွေမှာတော့ခုချိန် အထိ မပျောက်သေး ဘူးလို့ ဆိုပါတယ်။ “ကျူရှင်ကို အားပေးတာတော့မဟုတ်ဘူး။ ဒါ ပေမယ့် ခုက ကိုဗစ်ဖြစ်တော့ ကျောင်းကလည်း မဖွင့်သေးဘူး။ ဆရာမက လည်းကျူရှင်ဖွင့်နေပြီ ကလေးတွေက တက်ချင်နေတော့ ထားလိုက် တယ်။တစ်လကို ၅၀၀၀ ပေးရတယ်။ အန်တီမြေးလေးက ၄ တန်း တက်ရမှာပါ။”လို့ ပြည်မြို့နယ် ကျေးရွာတစ်ခုမှ ဒေါ်သန်းသန်း ကပြောပါတယ်။credit