Celebrities

ဘွားဘွားနဲ့အတူ မနက်တိုင်းဘုရားရှိခိုးပြီး ပန်းပင်ရေလောင်းကာ ကုသိုလ်ယူတတ်နေပြီဖြစ်တဲ့ စန္ဒီမြင့်လွင်ရဲ့သမီး Treasure လေ

အဆိုတော်၊သရုပ်ဆောင်တစ်ဦးအဖြစ် အောင်မြင်စွာလျှောက်လှမ်းနေတဲ့ စန္ဒီမြင့်လွင်ကတော့ ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိထားတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ စန္ဒီမြင့်လွင်က ကြော်ငြာလေးတွေလက်ခံရိုက်ကူးနေသလို တေးသီချင်းအသစ်တွေ ဖန်တီးနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် စန္ဒီမြင့်လွင်က အလုပ်တွေနဲ့မအားလပ်တဲ့ကြားကနေ ချစ်ရတဲ့သမီးချောလေးကိုလည်း ပြုစုစောင့်ရှောက်နေတာ ဖြစ်ပါတယ် ။
စန္ဒီမြင့်လွင်က ချစ်ခင်ပွန်းနဲ့အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့သမီးချောလေးတစ်ယောက်ကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ် ။ Treasure လို့ချစ်စနိုးခေါ်ဝေါ်တဲ့ စန္ဒီမြင့်လွင်ရဲ့သမီးလေးက အမေတူအချောလေးဖြစ်ပြီး တကယ့်ကိုအသည်းယားစရာကောင်းသူလေးပဲ ဖြစ်ပါတယ် ။ အခုလည်း Treasure လေးက ဝါဆိုလပြည့်နေ့အခါသမယမှာ ဘွားဘွားဖြစ်သူနဲ့အတူ ကုသိုလ်ကောင်းမှုတွေပြုလုပ်နေတာ ဖြစ်ပါတယ် ။Treasure လေးက ဘွားဘွားနဲ့အတူ မနက်ဆိုရင် ဘုရားခန်းဝင်ပြီးတာနဲ့ ပန်းပင်တွေကို အတူတူရေလောင်းပေးလေ့ရှိတာ ဖြစ်ပါတယ် ။ ဒါကြောင့် “၀ါဆိုလပြည့်နေ့ဓမ္မစကြာနေ့လေးမှာ အားလုံးကျန်းမာချမ်းသာကြပါစေရှင် ထရက်ရှာနဲ့ဘွားဘွားက မနက်ဆိုဘုရားရှိခိုး ပန်းပင်ရေလောင်းနေ့စဉ်ကုသိုလ်ပါရှင် အားလုံးဥပုသ်သီလရကြပါစေရှင်” ဆိုပြီး Treasure လေးရဲ့ Facebook Page မှာပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် Treasure လေးတို့မြေးအဘွားနှစ်ယောက်ရဲ့ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။credit myanmar load