News

အကြွေးထောက်ေ ချာက် ကို လွတ်ေ အာင် ရုံး ရင်း ရှီ တရုတ် ရဲ့ အိမ် မက် ကို ရို က် ချ လိုက် သော မြန်မာ့ က စား ကွက်

အကြွေးထောက်ချောက် ကို လွတ်အောင် ရုံး ရင်း ရှီတရုတ် ရဲ့ အိမ်မက် ကို ရိုက် ချ လိုက်တဲ့ မြန်မာ့ ကစား ကွက်

အားနာ စရာကြီး လုပ်လိုက် ပြန်ပြီ ….

တရုပ်ပြည်ကြီး ရဲ့အကြွေး ထောင်ချောက် ကိုလည်း လွတ်အောင်ရုန်းရင်း ရှီကျင့်ဖင် ဒေါသထွက် မှာ ကိုလည်း ရှောင်ရင်းရှားရင်း နဲ့ နောက်ဆုံးတစ်ကွက်ကိုရွှေ့ရပြန်ပါတယ် ..။

တရုပ် သမ္မတ ရှီဟာဇန်နဝါရီလ ကမြန်မာ ပြည် ကိုလာ တယ် သဘောတူ စာချုပ်တွေ စာချွန်တွေ အများကြီး လက်မှတ်ထိုးတယ် အဲ့ဒိအထဲမှာ ရန်ကုန်မြို့တော်သစ် စီမံကိန်း လည်း ပါတယ် ။

နယူး ရန်ကုန်စီမံကိန်းဟာ CMEC ခေါ်တဲ့ တရုပ်မြန်မာ စီးပွားရေးစြင်္ကန် ရဲ့အစိတ် အပိုင်း တစ်ခု အဖြစ် ပါဝင်တယ် ။ တစ်ခါ CMEC ဟာဆိုရင် BRI ( belt and road initiative ) ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်နေတယ် ။ BRI ဆိုတာကတော့ သိတဲ့အတိုင်းပဲ ရှိကျင့်ဖင် ရဲ့ အိပ်မက်ပါ ..။

မြန်မာဟာ ရန်ကုန်မြို့တော် ပရောဂျက် ကို နိုင်ငံတကာ လုပ်ငန်း ရှင်တွေ အတွက် ပါဝင်နိုင်အောင် လမ်းဖွင့်ပေး လိုက်ပါပြီ ။ ပရောဂျက် ကို တခုလုံး ဆိုတာမျိုးမဟုတ်ပဲ အပိုင်းလိုက် အကန့်လိုက် သွားမယ်ဆိုပြီးလုပ် လိုက်တာ ပါပဲ ။ တရုပ်တွေ အတွက်တော့ ပမာမခန့် လုပ်လိုက်တယ် လို့ ခံစားသွားစေ မှာေ သချာ ပါတယ် ။

တရုပ်ကို အကြီး အကျယ် ဆန့်ကျင်ပြ လိုက် တဲ့ အနေအထားဖြစ်သွားစေ ပါ တယ် ။ တရုပ်တင်မကပါဘူး တရုပ်ကွန်မြူနစ် ပါတီ အတွက် ပါအနှောက်အယှက် ဖြစ်သွားစေ ပါတယ် ။

အရင်က တရုပ် ကုမ္ပဏီကြီးဖြစ် တဲ့ cccc ကနေ နယူးရန်ကုန်ပရောဂျက်ကို အစအဆုံးလုပ်မယ် ဆိုပြီးလုပ်ထားတာပါ ။ ဒါဟာ မြန်မာပြည်ကြီး ကို ပြန် မထွက်နိုင်တဲ့ အကြွေး ထောင်ချောက်ထဲ လုံးလုံး ရောက်သွားစေ မှာဖြစ်ပြီး တရုပ်တွေဟာ ပရောဂျက်ဒေသ ရဲ့ပထဝီနိုင်ငံရေး အကျိုးအမြတ်တွေ ကို ကာလရှည်ကြာစွာ အညွန့်ခူးစားနိုင်စေမယ့် လုပ်ရပ်ပါပဲ

ခုပြောတဲ့ အပိုင်း လိုက်ခွဲခြားဆောင်ရွက်မယ့် ပုံစံဟာ နိုင်ငံတကာက ပါဝင်လာနိုင်ခွင့်ရစေမယ် တရုပ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လျော့ပါးလာစေမယ် ။ (စကားမစပ်ပြော ရရင် ဒီပရောဂျက်ဟာ ဘင်္ဂလားပင်လယ်အော် ထွက်ပေါက်ဖြစ် တဲ့မြစ်ဝ မှာ ဆက်စပ်နေတာ ကလည်း ရှိေ သးတယ် )

 

ပြောရရင် တရုပ် တို့ရဲ့ဘက်စုံရည်ရွယ် ထားတာတွေ အပြင် ဘင်္ဂလား ပင်လယ်အော်ကို ထွက်ဖို့လုပ်ထား တဲ့ CMEC စြင်္ကန်နည်း လမ်းကြီး ဟာ မစရသေးပါဘူး။ ဒီလိုအချိန်မှာပဲ တရုပ်တို့နဲ့ ဖြစ်လာနိုင်ခြေတွေကို မြန်မာအစိုးရဟာ ရှောင်လွှဲလို က်တာပါ ။

လက်ရှိမြန်မာ အစိုးရဟာ နိုင်ငံအတွင်းက အခြေခံ အဆောက်အအုံဖော်ဆောင်ရေးတွေ မှာ တရုပ်တို့ရဲ့ စိတ်ပါဝင်စားမှုတွေအပေါ်သတိကြီးကြီးထားပြီး ဆောင်ရွက်နေတာကိုတွေ့ ရ ပါတယ်

ပါကစ္စတန်နဲ့နီပေါ တို့ကိုပြန်ကြည့်ရင် မလွန်ဆန်နိုင်တဲ့ ဖျားယောင်းမှုတွေကြောင့် တရုပ်တို့ရဲ့အကြွေးထောင်ချောက် မှာမိသွားတာခံနေရတယ်ဆိုတာကို ပြန်လေ့လာကြည့် မိလိုက်တယ်ထင် ပါတယ် ။ မြန်မာတွေဟာသင်လွယ်တတ်လွယ်သူတွေမို့ အနီးအနားက တောင်အာရှ၂နိုင်ငံ ဘာတွေဖြစ်ကုန်ပြီလည်းဆိုတာကို သင်ခန်းစာယူလိုက်ပုံပါပဲ

အခုလိုဆုံးဖြတ်လိုက်တာဟာ နိုင်ငံတကာက ပါဝင်လာစေအောင်လုပ်ပြီး တရုပ် ကိုငြင်းဆို လိုက်တာဖြစ်သလို တရွေ့ရွေ့ခြေလှမ်းနဲ့ချဉ်းကပ်လာနေတဲ့ တရုပ် တို့ရဲ့ ကာလရှည်ကြာစွာ ပထဝီနိုင်ငံရေး အကျိုးအမြတ်ထုတ်ယူခွင့် ကို ဖယ်ရှားလိုက် တာပါပဲ ။

BRI ခေါင်းစဉ်အောက်မှာ ရှိတဲ့ CMEC စီးပွားရေးစြင်္ကန် ဆိုတာဟာ CPEC လမ်းကြောင်းပေါ်ကဖြစ်ပါတယ် အဲ့ဒါနဲ့ဆက်စပ်မယ့်အကြံပါ ( China Pakistan Economic Corridor) မြန်မာပြည်မှာတရုပ် ရဲ့ အဓိက ပရောဂျက် ၃ ခု ရှိတယ် ။ နယူးရန်ကုန်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း ၊ တရုပ်မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းများ စတာေ တွဖြစ် ပါတယ် ။

ဒီပရောဂျက်တွေဟာ ပထဝီနိုင်ငံရေး အကျိုးအမြတ်တွေကို ရေရှည် အမြတ် ထုတ်မယ့် BRI ရဲ့အကန့်တွေပဲဆိုတာကိုမြန်မာပြည်က သိလာပါပြီ လို့ ဆိုနိုင်ပါ တယ် ။

ဘယ်လိုကြောင့်ဆိုနိုင်သလည်းဆိုရင် ရှီကျင့်ဖင်လာတုန်းကပြောခဲ့ကြတဲ့စကားတွေ LNG power plant လုပ်ခွင့်ကိစ္စတွေ အခု new yangon project ကိစ္စ thinning of Kyaukphyu Deep Sea port တွေကိုပြန်လေ့လာရင် သိသာ ပါ တယ် ။

 

နယူးရန်ကုန်ပရောဂျက် ကို compartmentalize လုပ်ပြီး နိုင်ငံ တကာ က လုပ်ငန်းရှင်တွေ ပါဝင်ခွင့်ဖွင့်ပေး လိုက်တာဟာ တကယ် တည်ဆောက်ချင် လို့ ဆိုတာထက် မလုပ်ဖြစ်အောင်ငြင်း ဖို့ လှည့် လိုက်တယ် လို့ပဲ ထင် ပါ တယ်လက်ရှိ အစိုးရဘာ လုပ်လိုက် တယ် လို့ ထင်ကြ ပါ သ လည်းcredit original poster