Celebrities

ရှမ်းပြည်နယ် ရဲ့ အထင်ကရနေရာတွေကို ချစ်ရတဲ့မိသားစုတွေနဲ့ အပန်းဖြေအဖြစ် သွားရောက်လည်ပတ်နေတဲ့ ဝါဝါဝင်းရွှေ

ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးကြီး ဝါဝါဝင်းရွှေကတော့ အားလပ်ရက်လေးမှာ မိသားစုတွေနဲ့အတူ ပြည်တွင်းခရီးစဥ်တွေကို အပန်းဖြေအဖြစ်သွားရောက်လည်ပတ်နေတာပဲဖြစ်ပါတယ်။ ဝါဝါဝင်းရွှေက တစ်ချိန်က အနုပညာလမ်းကြောင်းထက်မှာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသမီးကြီးဖြစ်လို့ ပရိသတ်တွေနဲ့ မိတ်ဆက်ပေးစရာမလိုလောက်အောင် ရင်းနှီးပြီးသားဖြစ်မှာ အသေအချာပါပဲနော် ။ ဝါဝါဝင်းရွှေက ယခုအချိန်မှာတော့ အသက်အရွယ်တစ်ခုကို ရောက်ရှိနေပြီဖြစ်လို့ အနုပညာအလုပ်တွေကို ရပ်နားထားပြီး မိသားစုနဲ့အတူ နွေးထွေးပျော်ရွှင်စွာ နေထိုင်နေတာပဲ ဖြစ်ပါတယ်။ အသက်အရွယ်ရပေမယ့်လည်း မပျက်စီးသေးပဲ အရွယ်တင် နုပျိုနေဆဲဖြစ်လို့ ဝါဝါဝင်းရွှေရဲ့ အလှတရားတွေကို ပရိသတ်တွေက အားကျနေကြတာပါနော်။ ယနေ့မှာတော့ ဝါဝါဝင်းရွှေက မိသားစုနဲ့အတူ ခရီးသွားနေတဲ့ အမှတ်တရပုံရိပ်လေးတွေကို တင်ပေးလာတာပဲ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ် မြေးမလေးတွေနဲ့အပြိုင် ပိုစ့်ပေးနေတဲ့ ဝါဝါဝင်းရွှေက ” ဒီနေ့ခရီးစဉ်လေးက အောင်ပန်း ပင်းတယ ရွှေဥမင် သဘာဝ ရဲ့တောင်တန်းကြီးတွေ နှစ်ရာကျော် သစ်ပင်ကြီးပေါ်မှာ မိသားစုတွေနဲ့ ရုပ်ရှင်မရိုက်ရတာကြာတော့ပို့စ်တွေ အက်တင်တွေနဲ့ ပျော်စရာ နေ့လေး ဖြစ်ရပြန်ပါတယ် ” ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာပါ။ မိသားစုတွေနဲ့အတူ ပျော်ရွှင်စွာ အပန်းဖြေခရီးထွက်နေတဲ့ မင်းသမီးကြီး ဝါဝါဝင်းရွှေရဲ့ ပုံလေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.. ။credit myanmar load