Knowledge

ထီထိုးထား သူများ လိမ်နည်း အသစ်နဲ့ အလိမ်မခံရအောင် သေချာ ဖတ်ပြီး ကူညီရှယ်ပေးကြပါ

မိုးယံရွှေလမင်းနှင့်မြတ်ဆုကုဋေ ထီဆိုင်နာမည်သုံးပီ အကြီးစား လိမ်လည်မှုတွေ ရှိနေလို့ မနေ့ညက ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို sharing လုပ်ချင်ပါတယ်။ည9နာရီလောက် MT ဆီကို Phဆက်လာပါတယ် ကျတော်က မိုးယံကပါ အမ မိုးယံမှာဒီph no ပေးပီ ထီထိုးဖူးပါ သလားဆိုပီမေးလာပါတယ် ဟုကဲ့ထိုးဖူးပါတယ်လို့ (တကယ်တော့ တသက်လုံး ထီတစောင်တောင်မထိုးခဲ့ဖူးပါဘူး ဘယ်လိုနည်းနဲ့လိမ်တော့မလဲဆိုတာသိချင်လို့ပြောလိုက်တာပါ ညကြီးအချိန်မတော် ဘယ်ထီဆိုင် သူဌေးကမှ ph မဆက်နိုင်ပါဘူး )

ကျတော့်ကို ကျတော့်သူဌေးက ဆက်ခိုင်းလို့ဆက်လိုက်တာပါတဲ့ သူဌေး နဲ့တိုက်ရိုက်ph ပြောစေချင်ပါတယ် တဲ့ အချိန်ပေးနိုင်မလား တဲ့ ဟုကဲ့ပေးနိုင်ပါတယ် ဆိုတော့ ကျတော့် 1.2မိနစ်နေရင် ph ပြန်ဆက်ပါမယ် စောင့်နေပါဆိုပီ 9:15hr လောက်ကျဆက်လာပါတယ် ကျတော့် မိုးယံထီဆိုင်က ပိုင်ရှင်သူဌေး ဦးမျိုးညွှန့်ပါတဲ့ (ထီဆိုင်ပိုင်ရှင်သူဌေးအစစ် နာမည်ကိုပါအလွဲသုံးစားလုပ်တာပါ)ကျတော့်တိုထီဆိုင်က လတိုင်း ဆုကြီးနံပါတ် နဲ့နည်းနည်းလေးကပ်လွဲတဲ့ သူတွေကိုလတိုင်း37ယောက် ရဲ့ph no တွေ စာရင်းပြုစုထားပါတယ်တဲ့ အဲ့ထဲကမှ တနှစ်တကြိမ် ဒီဝါတွင်းမှာ တောင်တန်းသာသနာပြုဆရာတော်တဦးဆီမှာ ph no တွေပေးပီ ကံထူးသူကိုရွေးပေးပါတယ် တဲ့ အဲ့ကံထူးသူက ဒီph no ဖြစ်ပါတယ် အရမ်းကံကောင်းပါတယ် ဆိုပီ မက်လုံးတွေစုံနေအောင်ပေးပါတယ်။

ဒီလအတွက် ထီလက်မှတ်ကို ဆရာတော်က သိန္ဓိတင်ပေးပီ အမတို့ဆီကို လာပို့ချင်လို့ လိပ်စာလေးပေးပါတဲ့ လုံးဝသောင်းဆုပေါက်မှာပါတဲ့ ကျတော်တို့အားလုံးစီစဉ်ပီပါပီတဲ့ ဒါပေမဲ့ စည်းကမ်းချက်တွေတော့ရှိတယ်လိုက်နာမှသာလျှင် ပေါက်မှာပါတဲ့။မနက် 6နာရီ မှာ ရေချမ်း ဆီမီး အမွှေးတိုင်အိမ်ကဘုရားမှာကပ်လှူပေးပါတဲ့ နောက်တခုက အဲ့မှာဇာတ်လမ်းစ တာပါပဲ ထီလက်မှတ်ဖိုးကိုကျတော့်တို့အနေနဲ့ဆိုမယူပါဘူးတဲ့ ဒါပေမဲ့ ဆရာတော်က ကာယံကံရှင်ရဲ့ ချွေးနည်းစာပါမှသာလျှင် ဖြစ်မှာဆိုလို့ သိန္ဓိ တင်ခ 5သိန်း 6 သောင်းကျပါတယ် တဲ့ မနက်ဖြန် မနက် 8နာရီမှာ လှူရမှာဖြစ်တဲ့အတွက် အမြန်ဆုံး wave money နဲ့ပို့ပေးပါတဲ့ မတက်နိုင်ပါဘူးလို့ပြောတော့ အာ့ဆို စတိ အနေနဲ့ 1သိန်း1သောင်းလောက်ဆိုရပါတယ်တဲ့။

ကျတော့်ဘက်က ဘာကူညီနိုင်မလဲတဲ့ ကျတော့်တွက်အဲ့ငွေက မပြောပ လောက် ပါဘူးတဲ့အမ တို့အတွက်ပါတဲ့ နောက်စည်းကမ်းတခုက ကျတော့် တို့ဘက်ကထီလာမပို့မချင်း ကိုယ့်မိသားစု ကလွဲတခြားသူစိမ်းတဦးတယောက်ကိုမှ ခုကိစ္စ ိုမပြောပြရပါဘူးတဲ့ (လူလိမ်ကလည်တော့လည်တယ်တပတ်မပြည့်တာခက်တယ် )ခု ည ဆက်ရတာကလဲ ဆရာတော် က ခုချိန်မှာဆက်ရမယ် လို့မိန့်ထားလို့ပါတဲ့ မနက်ဖြန်နေ့လည် 12နာရီကို အမ နေတဲ့နေရာ လက်မှတ်လာပို့ပေးပါမယ် တဲ့ ဟုကဲ့ ပိုက်ဆံ မနက်မှ စီစဉ်ကြည့်ပါမယ်လို့ပြောပီပဲ ph ချလိုက်တယ်။မနက်ကျ အစောကြီး 6 ခွဲလောက်တည်းက ph တွေခေါ်ပါတယ် 7hr ကျော်လောက်မှ ph ကိုင်လိုက်တော့ ကျတော့် အမနေတဲ့နေရာကို ထီလက်မှတ်ပို့ပေးဖို့ ညတွင်းချင်းပဲစီစဉ်ပီပါပီတဲ့ 8hr မထိုးခင် ပိုက်ဆံ လွဲပေးပါတဲ့ ဟုကဲ့ပဲပြောပီး (တကယ်တော့လူလိမ်တွေကိုလွဲဖို့အစီစဉ်လုံးဝကိုမရှိတာပါ)

8hr ကျော်လောက်မှ ဒီမှာက wave money မရှိလို့ (တကယ်ကရှိပါတယ် )ဘဏ် က နေပဲလွဲပါမယ် မှတ်ပုံတင်နံပါတ် ပေးပါလို့ပြောလိုက်တည်းက ခုချိန်ထိ ph ပြန်ဆက်မလာတော့ဘူး သူတို့ လိမ်ဖို့ လူရွေးလိုက်တာ မှားသွားပီ ဆိုတာသိသွားလို့ဖြစ်မယ် သူတို့ 8hr လွဲခိုင်းရတဲ့အကြောင်းရင်းက မိုးယံ ပင်မ ဆိုင်ကြီးကိုက မနက် 9hr မှ ph ဆက်လို့ရတယ် ဆိုတာ သူတို့သိထားလောက်တယ်။

မိုးယံရွှေလမင်း နှင့် မြတ်ဆုကုဋေ ရဲ့ ပင်မထီဆိုင်ကြီးကိုလဲ ph ဆက်အကြောင်းကြားပီပါပီ 9ခွဲကျော်မှဆက်လို့ရတယ်သူတို့ဆီမှာအဲ့ဒါမျိုးလုံးဝ မရှိတဲ့အကြောင်း ပိုက်ဆံမလွဲပါနဲ့လို့ပြောပါတယ်။MT ကတခြားသူတွေ အလိမ်မခံစေချင်လို့ ကိုယ်တွေ့ဖြစ်ရပ်ကို မျှဝေခြင်းဖြစ်ပါတယ် လူလိမ်နဲ့ ပြောထားတဲ့ record တွေ လဲရှိပါတယ် တင်မရလို့ပါ သူငယ်ချင်းတွေလဲပြန်လည် shareပေးစေချင်ပါတယ် အဲ့ဒါမှ လူလိမ်တွေ ဆက်လိမ်ဖို့အင်အားလျော့မှာပါ စာရှည်သွားရင် sorryပါနော်…လူလိမ်ရဲ့ ph no 09894600965 ;09894601047

လေးစားစွာဖြင့် ခရစ်ဒက် ……… Myint Myint Thu

unicode