Celebrities

ကြော်ငြာရိုက်ကွင်းလေးမှာ အပူအပင်မရှိတဲ့ကလေး လေးတစ်ယောက်လိုတွေ့မြင်ရတဲ့ ဖြူဖြူထွေး

ပရိသတ်ကြီးရေ မင်းသမီးချောလေး ဖြူဖြူထွေးကတော့ နှစ်အနည်းငယ်အတွင်းမှာပဲ အနုပညာလောကမှာ နေရာတစ်နေရာအခိုင်အမာ ရရှိလာခဲ့တဲ့သူလေးဖြစ်ပါတယ်။ဖြူဖြူထွေးဟာ အမြဲလိုလို ပျော်ပျော်နေတတ်ပြီး ကလေးလေးတစ်ယောက်လို ဟန်ဆောင်မှုကင်းတာကြောင့် ချစ်ခင်သူတွေပေါများနေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖြူဖြူထွေးဟာ ကြော်ငြာတွေကို ဆက်တိုက်ဆိုသလို ရိုက်ကူးနေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာလည်း ပါဝင်သရုပ်ဆောင်နေရတာကို တွေ့ရပါတယ်။ ဖြူဖြူထွေးက အနုပညာအလုပ်တွေကို မနားတမ်းလုပ်ကိုင်နေရတာလည်းဖြစ်ပြီး မိဘကိုလည်းသိတတ်လိမ္မာတဲ့သမီးလေးဖြစ်ပါတယ်နော်။ ဖြူဖြူထွေးဟာ မကြာခဏဆိုသလိုလည်း သူမရဲ့ အနုပညာလှုပ်ရှားမှုပုံလေးတွေကို ပရိသတ်တွေအတွက်မျှဝေပေးလေ့ရှိသူပါ။ မကြာသေးမီကလည်း သူမရဲ့ Facebookစာမျက်နှာမှာ “ကြော်ငြာရိုက်ကူးရေးထဲကအပူအပင်ကင်းတဲ့ ခလေးတစ်ယောက်လို” ဆိုတဲ့ captionလေးနဲ့ရိုက်ကွင်းအမှတ်တရပုံလေးတွေတင်ပေးလာပါတယ်။ ကဲ…..ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။credit myanmar load