Celebrities

သူတို့အတွက် ဒီညအဖို့ဟင်းတစ်ခွက်ရပြီမို့ ကျွန်တော်အရမ်းပျော်ပါ တယ်ဆိုတဲ့ Sinon Loresca

သူတို့အတွက် ဒီညအဖို့ဟင်းတစ်ခွက်ရပြီမို့ ကျွန်တော်အရမ်းပျော်ပါ တယ်ဆိုတဲ့ Sinon Loresca

အိမ်နားမှာရှိတဲ့ သန့်ရှင်းရေးဝန်ထမ်းတွေနဲ့ အစောင့်တွေအတွက် အဟာရဖြစ်စေမည့် အသားဟင်းတွေ လှူဒါန်းပေးခဲ့တဲ့ စီနွန်စီနွန်ကတော့ ဖိလစ်ပိုင်နိုင်ငံက မော်ဒယ်လ်တစ်ယောက်ဖြစ်ပြီး မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေကို လာရောက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

နိုင်ငံခြားသားတစ်ယောက် ဖြစ်ပေမယ့်လည်း မြန်မာနိုင်ငံမှာရှိတဲ့ ဆင်းရဲ့ချို့တဲ့သူတွေနဲ့ အမှန်လိုအပ်နေတဲ့ နေရာတွေမှာ တတ်နိုင်သလောက် မကြာခဏဆိုသလို အလှူအတန်းတွေ ပြုလုပ်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာလည်းသူကအိမ်နားမှာရှိတဲ့ သန့်ရှင်းရေးဝန်ထမ်းတွေနဲ့

အိမ်နားမှာရှိတဲ့ အစောင့်တွေအတွက် အိမ်ပြန်ရောက်တဲ့အခါ ချက်ပြုတ်စားသောက်နိုင်ရန် အဟာရဖြစ်စေရန် လတ်ဆတ်တဲ့အမဲသား (စိမ်း)တွေကို ကိုယ်တိုင်ပြင်ဆင်ပြီး လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အလှူနဲ့ပတ်သက်ပြီးတော့

“ဒီနေ့ကျတော်က ကျတော့်အိမ်နားမှာရှိတဲ့ သန့်ရှင်းရေးဝန်ထမ်းတွေ အိမ်နားမှာရှိတဲ့ အစောင့်တွေအတွက် လတ်ဆတ်တဲ့အမဲသား (စိမ်း)တွေ ပေးဖို့ ပြင်ဆင်နေပါတယ်ခင်ဗျ သူတို့တစ်နေကုန်အလုပ်လုပ်ပီးပင်ပန်းလို့ အိမ်ပြန်ရောက်တဲ့ အခါချက်ပြုတ်စားသောက်နိုင်လို့ပါခင်ဗျ

ဂရုစိုက်မှု အသေးအမွှားလေးကအစ ကျတော်တို့ နေထိုင်ရာ ပတ်ဝန်းကျင်လေးကို သာယာစေနိုင်ပါတယ်။ နောက်ဆုံးတော့ ကျနော်သန့်ရှင်းဝန်ထမ်းတွေနဲ့ တွေ့ခဲ့ပီး လတ်ဆတ်တဲ့ အမဲသားတွေပေးခဲ့ပါပီ သူတို့ဒီညချက်စားကြလိမ့်မယ်လို့ကျနော်ထင်ပါတယ်။

ကျတော် အရမ်းပျော်တယ်”ဆိုပြီး အလှူပုံရိပ်လေးတွေနဲ့အတူဝမ်းသားပိတီ ဖြစ်နေကြောင်း စီနွန်က ရေးသားဖော်ပြ ထားခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ နိုင်ငံခြားသား တစ်ယောက်ဖြစ်ပေမယ့် အလှူအတန်းပြုလုပ်တဲ့ နေရာမှ ာရက်ရောတဲ့ စီနွန်ရဲ့ အလှူအတွက်သာဓုခေါ်ခဲ့ကြပါဦးနော်credit