Celebrities

ပရိသတ်တွေအရမ်းသဘောကျနေကြတဲ့ ဦးရေခဲနဲ့ ပိုင်ဖြိုးသုတို့ရဲ့ ရိုဆန်ဆန်ပုံရိပ်လေးတွေ

အသက်အရွယ်ကွာဟပေမယ့် အချစ်တွေထပ်တူကျခဲ့တဲ့ ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံနှစ်ယောက်ဟာ ပျော်ရွှင်အေးချမ်းတဲ့ အိမ်ထောင်ရှင်ဘဝကို ပိုင်ဆိုင်ထားကြပြီး နှစ်ယောက်သားရဲ့ အနုပညာအပေါ်မှာ ကြိုးစားမှုတွေဟာလည်း အရာထင်ခဲ့ပါတယ်။ ပရိသတ် အားပေးမှု အခိုင်အမာရရှိထားသလို ကြည့်ရတာတန်စေမယ့် ဇာတ်ကားကောင်းတွေကိုလည်း အတူတူဖန်တီးခဲ့ကြပါသေးတယ်။

အမြဲတမ်းချစ်စရာကောင်းတဲ့ စာလေးတွေရေးတတ်တဲ့သုသုတစ်ယောက် သူမတို့နှစ်ယောက်ရဲ့ ရိုဆန်ဆန်ပုံရိပ်လေးတွေကိုလည်း ဇာတ်လမ်းလေးနဲ့ ချစ်စဖွယ်ပုံဖော်ရေးသားခဲ့ပါသေးတယ်။ ဦးရေခဲကြီးကို အရည်ပျော်အောင်ဖျော်နိုင်ခဲ့တဲ့ ချစ်စရာမင်းသမီးလေးဟာ လုပ်ယူထားတာတွေ မပါဘဲ ပင်ကိုစရိုက်လေးကိုက ချစ်ဖို့ကောင်းနေတာတော့အမှန်ပါပဲ။

သူမတို့နှစ်ယောက်ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ” First step အနေနဲ့ရေခဲမုန့်လေး စားချင်လို့ပါလို့ပူဆာ နောက်တော့လမ်းကြုံလို့ဓါတ်ပုံလေး ရိုက်လိုက်မယ်နော်လို့ပြော ဦးဏကြီးက ကျောလေးလက်လေးလောက်ပဲပါမှာပါလို့ညာပြီးခေါ်ရိုက် ရိုက်လက်စနဲ့ထူးပါဘူး မျက်နှာလေးပါထည့်ရိုက် လိုက်မယ်လေ မဟုတ်ရင်မင်းသားချောချောတစ်ယောက် ခေါ်ရိုက်ရမှာလားလို့ ခြိမ်းခြောက်ပြီးရိုက်ဖြစ်ခဲ့သောဓါတ်ပုံများ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

(ဇော်ဂျီဖြင့်ဖတ်ရန်)

ပရိသတ်တွေအရမ်းသဘောကျနေကြတဲ့ ဦးရေခဲနဲ့ ပိုင်ဖြိုးသုတို့ရဲ့ ရိုဆန်ဆန်ပုံရိပ်လေးတွေ

အသက်အရွယ်ကွာဟပေမယ့် အချစ်တွေထပ်တူကျခဲ့တဲ့ ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံနှစ်ယောက်ဟာ ပျော်ရွှင် အေးချမ်းတဲ့ အိမ်ထောင်ရှင်ဘဝကို ပိုင်ဆိုင်ထားကြပြီး နှစ်ယောက်သားရဲ့ အနုပညာအပေါ်မှာ ကြိုးစားမှုတွေဟာလည်း အရာထင်ခဲ့ပါ တယ်။ ပရိသတ် အားပေးမှု အခိုင်အမာရရှိထားသလို ကြည့်ရတာတန်စေမယ့် ဇာတ်ကားကောင်းတွေကိုလည်း အတူတူဖန်တီးခဲ့ကြပါ သေးတယ်။အမြဲတမ်းချစ်စရာကောင်းတဲ့ စာလေးတွေရေးတတ်တဲ့သုသုတစ်ယောက် သူမတို့နှစ်ယောက်ရဲ့ ရိုဆန်ဆန်ပုံရိပ်လေးတွေကိုလည်း ဇာတ်လမ်းလေးနဲ့ ချစ်စဖွယ်ပုံဖော်ရေးသားခဲ့ပါသေးတယ်။ ဦးရေခဲကြီးကို အရည်ပျော်အောင်ဖျော်နိုင်ခဲ့တဲ့ ချစ်စရာမင်းသမီး လေးဟာ လုပ်ယူထားတာတွေ မပါဘဲ ပင်ကိုစရိုက်လေးကိုက ချစ်ဖို့ကောင်းနေတာတော့အမှန်ပါပဲ။သူမတို့နှစ်ယောက်ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ” First step အနေနဲ့ရေခဲမုန့်လေး စားချင်လို့ပါလို့ပူဆာ နောက် တော့လမ်းကြုံလို့ဓါတ်ပုံလေးရိုက်လိုက်မယ်နော်လို့ပြော ဦးဏကြီးက ကျောလေးလက်လေးလောက်ပဲပါမှာပါလို့ ညာပြီးခေါ်ရိုက် ရိုက်လက်စနဲ့ထူးပါဘူး မျက်နှာလေး ပါထည့်ရိုက်လိုက်မယ်လေ မဟုတ်ရင်မင်းသားချောချောတစ်ယောက် ခေါ်ရိုက်ရမှာလားလို့ ခြိမ်းခြောက်ပြီးရိုက်ဖြစ်ခဲ့သောဓါတ်ပုံများ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။credit cele zone