နန်းဆုရတီစိုးကတော့ ချစ်စရာကောင်းပြီးနုပျိုတဲ့အလှတွေကို ပိုင်ဆိုင်ထားသလို ပရိသတ်တွေချစ်ရတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သီချင်းအသစ်တွေကိုဖန်တီးလေ့ရှိတဲ့ နန်းဆုကတော့ အခုဆိုရင် မိုးရာသီနဲ့အတူ အလွမ်းသီချင်းလေးတစ်ပုဒ်ထွက်ရှိလာပါတယ်။ ဒီသီချင်းလေးမထွက်ရှိခင်ကတည်းက ပရိသတ်တွေက စိတ်ဝင်စားနေကြတာပါ။
နန်းဆုရတီစိုးကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “တစ်ချို့သော အချစ်တွေက မဆုံဆည်းခဲ့ကြပေမယ့် လွမ်းဆွတ်သတိရနေဖို့တော့ ထိုက်တန်ကြပါတယ်..ထင်မှတ်မထားသော အကြောင်းတရားတွေကြောင့် ခွဲခွာသွားကြရတဲ့အခါ အရမ်းချစ်ခဲ့ကြတဲ့ချစ်သူတွေအတွက်တော့ အတိတ်က ပျော်ရွှင်မှုတွေ အမှတ်တရတွေထဲကနေ ရုန်းထွက်ပြေးထွက်နိုင်ဖို့ ဆိုတာကတော့….. “အလွမ်းရာသီ” ဆိုပြီးတော့ ရေးသားမျှဝေလာခဲ့ပါတယ်။
ဒီသီချင်းလေးကတော့ ပရိသတ်တွေ အချစ်တော်မင်းသားချောလေးမင်းသွေးခန့်နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ အရမ်းချစ်ပြီးခွဲခွာခဲ့ရတဲ့သူတွေ အမှတ်ရစရာအတိတ်တွေကြားမှာ ရုန်းမထွက်နိုင်ဖြစ်တဲ့သူတွေနဲ့ခံစားချက်ချင်းတိုက်ဆိုင်စေမယ့်သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေလိုက်ပါတယ်။credit cele gabar
တစ်ချို့သော အချစ်တွေက မဆုံဆည်းခဲ့ကြပေမယ့် လွမ်းဆွတ်သတိရနေဖို့တော့ ထိုက်တန်ကြပါတယ်.. ထင်မှတ်မထားသော အကြောင်းတရားတွေကြောင့် ခွဲခွာသွားကြရတဲ့အခါ အရမ်းချစ်ခဲ့ကြတဲ့ချစ်သူတွေအတွက်တော့ အတိတ်က ပျော်ရွှင်မှုတွေ အမှတ်တရတွေထဲကနေ ရုန်းထွက်ပြေးထွက်နိုင်ဖို့ ဆိုတာကတော့….."အလွမ်းရာသီ" Vocalist – Nansu Yati SoeComposer – Nyi Min KhineBand -GenesStarring- Min Thway Khant , Nansu Yati Soe Story -Sai Khun SanDirector – Thiha Thitcamera – Nyi Nyi edit – iclick Make-up – Jet Jetstylish – Lwin Khant MaungDress Designer- Myo Min Soe , Zaw Naung , Phway Loa
Posted by Nansu Yati Soe on Saturday, 1 August 2020