News

လုပ်ငန်းခွင်မှာ အသက် (၁၄) နှစ် အောက်က‌ေလး များ ကို အလုပ် ခိုင်းေ စခြင်းမပြု ဖို့သတိေပး

လုပ်ငန်းခွင် မှာ အသက် ၁၄နှစ် အောက် ကလေးေ တွ ကို အလုပ် ခိုင်းစေခြင်း မပြုဖို့ သတိပေး

ထက်ဝက်ကျော် လောက်က ဘေးအန္တရာယ်ရှိ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်နေရတယ်လို့ ၂၀၁၅ ခုနှစ် လုပ်သားအင်အားစစ်တမ်း မှာဖော်ပြထားပါတယ်။ လုပ်ငန်းခွင်တွေမှာအသက် ၁၄နှစ်အောက်ကလေးတွေကို အလုပ်ခိုင်းစေခြင်းမပြုဖို့ အလုပ်သမားဥပဒေရေးရာ စစ်ဆေးရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်း က သတိပေး ပြောဆိုလိုက်ပါ တယ်။

အသက်၁၄နှစ် အောက်ကလေးငယ်တွေကို လုပ်ငန်းခွင်မှာ ခိုင်းစေနေမယ်ဆိုရင် ထောင်ဒဏ်၊ ငွေဒဏ်၂ရပ်စလုံးကျခံရမယ့် အခြေအနေမှာရှိတယ်လို့ဆိုပါတယ်။ ၁၉၅၁ ခုနှစ်အလုပ်ရုံများအက်ဥပဒေ၊၂၀၁၆ ခုနှစ်ဆိုင်များနှင့်အလုပ်ဌာနများအက်ဥပဒေ၊ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေတွေနဲ့ အရေးယူနိုင်တာဖြစ်တယ်လို့ ဇူလိုင် ၃၀ရက်ကပြုလုပ်ခဲ့တဲ့ ( ILO – international labor organization) အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့Online စာနယ်ဇင်း ရှင်းလင်းပွဲမှာ ညွှန်ကြားရေးမှူးချုပ်ဦးညွ န့်ဝင်းကပြောဆိုခဲ့တာဖြစ်ပါတယ်။

“အရေးယူဖို့ ပြောနေတယ်ဆိုတာ ကလည်း လူတွေကအရေးယူမှကြောက်ကြတာကို။ သတိထားရမယ့် အချက်က ဘာလဲဆိုတော့ ပြစ်မှုကတစ်ခုထဲကျူးလွန်လည်း ဥပဒေ ၃ ခုလောက်နဲ့ အရေးယူခံရမယ့် အနေအထားမျိုးရှိပါတယ်။ အသိပညာပေးကာလကို ကျော်သွားပြီးရင်လုပ်ငန်းရှင်တွေအနေနဲ့ ဥပဒေအရကန့်သတ်ထားတဲ့ အသက်အရွယ်အောက်မှာကလေးတွေ၊ ကလေးသူငယ်တွေကို မိမိရဲ့ လုပ်ငန်းခွင်မှာ အခကြေးငွေနဲ့ဖြစ်စေအခမဲ့ဖြစ်စေ မခိုင်းတာက အကောင်းဆုံးလို့ပဲ ပြောချင်ပါတယ်”လို့ ပြော ပါတယ်။မြန်မာနိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာအဖွဲ့ ILO ရဲ့ အနိမ့်ဆုံး အသက်အရွယ် သတ်မှတ်ခြင်းဆိုင်ရာပြဌာန်းချက် အမှတ် ၁၃၈ ကို လိုက်နာကျင့်သုံးဖို့ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက် က အတည်ပြု လိုက်တာကြောင့် လာမယ့်၂၀၂၁ ခုနှစ် ဇွန် လ ၈ ရက်နေ့ကစပြီး လိုက်နာကျင့်သုံးရမှာဖြစ်တယ်လို့ သိရပါတ ယ်။လက်ရှိ မြန်မာနိုင်ငံရဲ့ ကလေးဦးရေ ၁၂ သန်းကျော်မှာ ၁.၁၃ သန်းကျော်(ကလေးဦးရေရဲ့ ၉ ဒသမ ၃ ရာခိုင်နှုန်း)က ကလေးအလုပ်သမားအဖြစ်ရှိနေပါတယ်။ ကလေး အလုပ်သမားတွေထဲကမှ ထက်ဝက်ကျော်လောက်က ကိုယ်ခန္ဓာ၊ စိတ်ဓာတ်နဲ့ စာရိတ္တပိုင်းကို ထိခိုက်ပျက်စီးစေနိုင်တဲ့ ဘေးအန္တရာယ်ရှိလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်နေရတယ်လို့ ၂၀၁၅ ခုနှစ် လုပ်သားအင်အားစစ်တမ်းမှာ ဖော်ပြထား ပါတယ်။credit