Knowledge

ဆင်းရဲပေ မယ့် သူများ ပိုက်ဆံ အလကား မလိုချင် တဲ့ ပန်းရောင်းတဲ့ ကောင်လေးရဲ့ ချီးကျူး လေးစားစရာ စိတ်ဓာတ်

လူ ရယ်လို့ ဖြစ်လာရင် စားဝတ် နေရေး အတွက် ရုန်းကန်ကြရပါတယ် တချို့ကတော့ ဒါကို လက်ကြော မတင်းတာမို့ မလုပ်ချင်ကြဘဲ အချောင်စား အချောင်နေချင်ကြပါတယ် ဒါပေမဲ့ တချို့ကတော့ အသက်သာ ငယ်ပေမဲ့ မိဘကို ကူညီပြီး စားဝတ်နေရေးအတွက် ကိုယ်တတ်နိုင်တဲ့ အလုပ်လေး နဲ့ ငွေရှာပေးနေတဲ့ ကလေးလေးတွေ အများကြီး ရှိပါတယ်ဒီလိုကလေးလေးတွေထဲမှာ အင်မတန် မျက်နှာချိုပြီး သနပ်ခါးတွေအပြည့်လူးထားတဲ့ သူများပိုက်ဆံ အလကား မလိုချင်တဲ့ ပန်းရောင်းတဲ့ ကလေးလေးတစ်ယောက်ရဲ့ စိတ်ဓာတ်လေးက လေးစားစရာပါ….ဒီအကြောင်းလေးကိုတော့ လူမှုကွန်ရက်သုံးစွဲ သူတစ်ဦးက ဓာတ်ပုံလေးတွေနဲ့ အတူ အောက်က စာလေးကို ခုလို မျှဝေခဲ့ပါတယ် နေ့ လယ်က ကုသိုလ်တော် ဘုရားမှာတွေ့ခဲ့တဲ့ချာတိတ် စတွေ့တွေ့ချင်း သူကကျနော်တို့ကိုပန်းလာရောင်းတယ်ဗျ ကျနော်တို့လဲပန်းမဝယ်ဘူး ဆိုတော့ သနပ်ခါးလိမ်းပေးရမလားတဲ့မုန့်ဖိုးပေးချင်သလောက်ပေး ခဲ့ပါတဲ့(အသက်ငယ်ပေမယ့်သူတစ်ပါးပိုက်ဆံ ကိုအလကားမလိုချင်တဲ့စိတ်ကိုတော့လေးစားမိတယ်)ကျနော်လဲ သူသနပ်ခါးလိမ်းတာသဘောကျတာနဲ့ တစ်ချက်ခုတ်၂ချက်ပြတ်ဆိုပြီးသူ့ကို ဓာတ်ပုံရိုက် မုန့်ဖိုးပေးပေါ့(သနပ်ခါးလိမ်းထား တာကတော့အလန်းကြီး)အဲ့လိုကျ ကိုယ်တော်ချောကသွားကျိူးးလေး နဲ့ရယ်ပြတယ် အသက်ကခုမ ှ၅ နှစ်ပဲရှိသေးတယ်တဲ့….စကားကတော့ တတ်သလားမမေးနဲ့ဒီလိုကလေးလေးတွေနဲ့တွေ့ရင်ပန်းရောင်းတာပဲဖြစ်ဖြစ် သနပ်ခါးလိမ်းပေးရင်ဖြစ်ဖြစ်မုန့်ဖိုးများများပေးကြပါ
၂၀၀~၅၀၀လောက်နဲ့ဘာမှမထူးခြားဘူး ဆိုပေမယ့်လည်း 200~500 တွေများလာရင်တော့ သူတို့အတွက် အများကြီးအထောက်အကူဖြစ်ပါလိမ့်မယ်ဆိုပြီး အသက် ၅ နှစ်သာ ရှိသေးပေမယ့် သူများပိုက်ဆံ အလကားမလိုချင်တဲ့ ကလေးလေး တစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ ကူညီခဲ့ပုံလေးကို ကို ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်သနပ်ခါးတွေ အပြည့်လိမ်းထားတဲ့ ကလေးလေးရဲ့ ချစ်စရာပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်… ပရိသတ်ကြီးတို့လည်း ကလေးလေးရဲ့ ပိုက်ဆံအလကားမလိုချင်တဲ့ စိတ်ဓာတ်နဲ့ အစ်ကိုကြီးရဲ့ ကူညီတတ်တဲ့ စိတ်ဓာတ်လေးကို လေးစားသောအားဖြင့် ဂုဏ်ပြုစကားလေးတွေ ပြောခဲ့ပါနော် ဒီလို စိတ်ဓာတ် ပိုင်ရှင်တွေ များများလိုတာကြောင့် အားလုံးသိအောင်လည်း Share ပေးနိုင် ပါတယ်နော်

unicode

ဆင်းရဲပေ မယ့် သူများ ပိုက်ဆံ အလကား မလိုချင် တဲ့ ပန်းရောင်းတဲ့ ကောင်လေးရဲ့ ချီးကျူး လေးစားစရာ စိတ်ဓာတ်

လူ ရယ်လို့ ဖြစ်လာရင် စားဝတ် နေရေး အတွက် ရုန်းကန်ကြရပါတယ် တချို့ကတော့ ဒါကို လက်ကြော မတင်းတာမို့ မလုပ်ချင်ကြဘဲ အချောင်စား အချောင်နေချင်ကြပါတယ် ဒါပေမဲ့ တချို့ကတော့ အသက်သာ ငယ်ပေမဲ့ မိဘကို ကူညီပြီး စားဝတ်နေရေးအတွက် ကိုယ်တတ်နိုင်တဲ့ အလုပ်လေး နဲ့ ငွေရှာပေးနေတဲ့ ကလေးလေးတွေ အများကြီး ရှိပါတယ်

ဒီလိုကလေးလေးတွေထဲမှာ အင်မတန် မျက်နှာချိုပြီး သနပ်ခါးတွေအပြည့်လူးထားတဲ့ သူများပိုက်ဆံ အလကား မလိုချင်တဲ့ ပန်းရောင်းတဲ့ ကလေးလေးတစ်ယောက်ရဲ့ စိတ်ဓာတ်လေးက လေးစားစရာပါ….ဒီအကြောင်းလေးကိုတော့ လူမှုကွန်ရက်သုံးစွဲ သူတစ်ဦးက ဓာတ်ပုံလေးတွေနဲ့ အတူ အောက်က စာလေးကို ခုလို မျှဝေခဲ့ပါတယ် နေ့ လယ်က ကုသိုလ်တော် ဘုရားမှာတွေ့ခဲ့တဲ့ချာတိတ် စတွေ့တွေ့ချင်း သူကကျနော်တို့ကိုပန်းလာရောင်းတယ်ဗျ ကျနော်တို့လဲပန်းမဝယ်ဘူး ဆိုတော့ သနပ်ခါးလိမ်းပေးရမလားတဲ့မုန့်ဖိုးပေးချင်သလောက်ပေး ခဲ့ပါတဲ့(အသက်ငယ်ပေမယ့်သူတစ်ပါးပိုက်ဆံ ကိုအလကားမလိုချင်တဲ့စိတ်ကိုတော့လေးစားမိတယ်)ကျနော်လဲ သူသနပ်ခါးလိမ်းတာသဘောကျတာနဲ့ တစ်ချက်ခုတ်၂ချက်ပြတ်ဆိုပြီးသူ့ကို ဓာတ်ပုံရိုက် မုန့်ဖိုးပေးပေါ့(သနပ်ခါးလိမ်းထား တာကတော့အလန်းကြီး)အဲ့လိုကျ ကိုယ်တော်ချောကသွားကျိူးးလေး နဲ့ရယ်ပြတယ် အသက်ကခုမ ှ၅ နှစ်ပဲရှိသေးတယ်တဲ့….စကားကတော့ တတ်သလားမမေးနဲ့ဒီလိုကလေးလေးတွေနဲ့တွေ့ရင်ပန်းရောင်းတာပဲဖြစ်ဖြစ် သနပ်ခါးလိမ်းပေးရင်ဖြစ်ဖြစ်မုန့်ဖိုးများများပေးကြပါ

၂၀၀~၅၀၀လောက်နဲ့ဘာမှမထူးခြားဘူး ဆိုပေမယ့်လည်း 200~500 တွေများလာရင်တော့ သူတို့အတွက် အများကြီးအထောက်အကူဖြစ်ပါလိမ့်မယ်ဆိုပြီး အသက် ၅ နှစ်သာ ရှိသေးပေမယ့် သူများပိုက်ဆံ အလကားမလိုချင်တဲ့ ကလေးလေး တစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ ကူညီခဲ့ပုံလေးကို ကို ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်သနပ်ခါးတွေ အပြည့်လိမ်းထားတဲ့ ကလေးလေးရဲ့ ချစ်စရာပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်… ပရိသတ်ကြီးတို့လည်း ကလေးလေးရဲ့ ပိုက်ဆံအလကားမလိုချင်တဲ့ စိတ်ဓာတ်နဲ့ အစ်ကိုကြီးရဲ့ ကူညီတတ်တဲ့ စိတ်ဓာတ်လေးကို လေးစားသောအားဖြင့် ဂုဏ်ပြုစကားလေးတွေ ပြောခဲ့ပါနော် ဒီလို စိတ်ဓာတ် ပိုင်ရှင်တွေ များများလိုတာကြောင့် အားလုံးသိအောင်လည်း Share ပေးနိုင် ပါတယ်နော်credit original poster