မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ နေတိုးကတော့ အချစ်၊အလွမ်း၊အကြမ်း၊ဟာသ ဇာတ်ရုပ်မျိုးစုံကို ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့အပြင် သူများထက်အားသာချက်တွေအနေနဲ့ အသံကောင်းသူတစ်ယောက် ဖြစ်သလို Special Make-up Effect တွေကိုပါ ပိုင်နိုင်စွာ လိမ်းခြယ်နိုင်သူတစ်ယောက်ပါ။
ဒီနေ့မှာတော့ နေတိုးက သူပိုင်နိုင်တဲ့ပညာရပ်တွေအကုန်သုံးပြီး ရိုက်ကူးထားတဲ့ ဗွီဒီယိုလေးတစ်ခုကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးခဲ့ပါတယ်။ ကိုဗစ်ကာလ အိမ်မှာနားနေစဉ် ဝိတ်တက်လာတဲ့အပေါ်မှာ စွယ်စုံရအနုပညာရှင် ဦးဝင်းဦးရဲ့ ဝေဖန်ထောက်ပြချက်ကို ပြန်လည်ဆင်ခြေပေးထားတာကို စိတ်ကူးယဉ် ရိုက်ကူးထားတဲ့ ဗွီဒီယိုလေးဖြစ်ပြီး ဒီဗွီဒီယိုလေးကို ဖန်တီးခဲ့ရာမှာတော့ လွန်ခဲ့တဲ့ (၄၅) ရက်က ဝိတ်တက်နေတဲ့ခန္ဓာကိုယ်ကို ဦးဝင်းဦးပုံစံသရုပ်ဆောင်ဖို့ (၄၅) ရက်တာကာလအတွင်းမှာ ဝိတ်ချပြီး ပြန်လည်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဒီဗွီဒီယိုလေးထဲမှာ ဦးဝင်းဦးအသံတုကို ပီပြင်စွာပြောခဲ့ရုံမက ဦးဝင်းဦးရဲ့ “မမမိုး” သီချင်းကိုပါ အသံတုနဲ့ ပိုင်နိုင်စွာ သီဆိုခဲ့ပါသေးတယ်။ နေတိုးကတော့ ဒီဗွီဒီယိုလေးကို ဖန်တီးရခြင်းက ပရိသတ်တွေကို အချိန်တိုလေးအတွင်းမှာ စိတ်အပန်းဖြေပြုံးရွှင်စေဖို့ ရည်ရွယ်ကာ ရိုက်ကူးထားတာဖြစ်ပြီး ဦးဝင်းဦးကို လေးစားတန်ဖိုးထားတဲ့အနေနဲ့ ရိုက်ကူးဖန်တီးထားခြင်း ဖြစ်ပါတယ်တဲ့ပရိသတ်ကြီးရေ… အသံပိုင်းသာမက သရုပ်ဆောင်ပိုင်းပါ ပီပြင်လှတဲ့ နေတိုးရဲ့ ဦးဝင်းဦးနဲ့ နေတိုး နှစ်ကိုယ်ခွဲဗွီဒီယိုလေးကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။credit cele gabar
ဒီ video လေးကို ဖန်တီးခြင်းဟာပရိသတ်များကြည့်မိတဲ့အချိန်တိုလေးအတွင်းမှာ စိတ်အပန်းဖြေပြုံးရွှင်??☺စေရန်ရည်ရွယ်ပြီး ကျွန်တော်တို့အားလုံးရဲ့ရင်ထဲမှာအမြဲရှိနေသောအနုပညာရှင်များစွာထဲမှတစ်ချိန်တစ်ခါကရုပ်ရှင်ကို ဆန်းသစ်အောင်ဖန်တီးနိုင်ခဲ့သော အနုပညာရှင် ကြီးအား လေးစားတန်ဖိုးထားသောစိတ်ဖြင့်သာရိုက်ကူးဖန်တီးထားခြင်းဖြစ်ပါတယ်ခင်ဗျာ …?♂️ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့နှစ် ၂၀ အတွင်းလာမဲ့ October လ 13 ရက်နေ့ဆိုရင်မြန်မာ့ရုပ်ရှင်ဟာနှစ် ၁၀၀ ပြည့်တော့မှာပါ ဒီလိုအချိန်ဒီကာလမျိုးဟာအပြင်မှာပွဲလမ်းသဘင်ပြုလုပ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး ဒါကြောင့် မလို့Online ပေါ်မှနည်းမျိုးစုံနဲ့ ဖျော်ဖြေတင်ဆက်မှုတွေနဲ့သာလောလောဆယ်ကျေနပ်ပေးစေလိုပါတယ် ..နှစ် ၁၀၀ မှနောင်နှစ်ပေါင်းများစွာတိုင် ခေတ်မီသောတိုးတက်ပြောင်းလဲမှုများစွာဖြင့်ပရိသတ်တွေကိုဖျော်ဖြေတင်ဆက်မှုတွေပေးရင်းမြန်မာ့ရုပ်ရှင်ထာဝရရှင်သန် နိုင်ပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာ..????ယခု Video မှာ ကိုယ်တိုင်ရိုက် home made? video အတိုအမျိုးအစားဖြစ်ပြီး သီဆိုတားသော" မမမိုး "သီချင်းမှာတေးရေး -အလင်္ကာကျော်စွာရွှေပြည်အေးရေးသားထားတာဖြစ်ပြီး မူရင်းအဆိုရှင် ဦးဝင်းဦး ရဲ့အသံကိုအတုလုပ်ပြီး ပြန်တီး?? ပြန်ဆို??ထားခြင်းဖြစ်ပါတယ်?♂️?ပရိသတ်များအားလုံး ကျန်းမာပျော်ရွှင်သော ဘဝတွေကိုပိုင်ဆိုင်ကြပါစေခင်ဗျာ..သင်ဆရာ မြင်ဆရာ ကြားဆရာ များအားထာဝရဦးညွတ်လျှက်ပါ..?♂️? ?နွေးထွေးမှုများစွာဖြင့် …..နေတိုး?
Posted by Nay Toe on Saturday, 1 August 2020