Knowledge

အရမ်းကို ကြည်နူးဖွယ်ကောင်းလွန်းလှတဲ့ ဗီဒီယိုဖိုင်လေးပါ…(လူသားတိုင်း စိတ်ချမ်းမွေ့နိုင်အောင် ကူညီမျှဝေပေးပါအုံးနော်…)

လိုင်းဖွင့်ချိန်နဲ့ဆုံးလျှင် သာဓု၃ကြိမ်ခေါကာ ပြန်လည်မျှဝေပေးပါဗျာ???ဗုဒ္ဓဂေါတမ သည် ဟိန္ဒူဗိဿနိုးဘုရား ဝင်စားသူဟု ဟိန္ဒူဘာသာ ဝင်တို့က ယုံကြည်ကြသည်။ ဟိန္ဒူဘာသာ စသော အခြားသော ဘာသာအယူဝါဒများ၊ ဖန်ဆင်းရှင်ဘုရားသခင် တည်ရှိမှုကို အယုံအကြည်မရှိသူ ဘာသာမဲ့ဆိုသူများကပင် ဂေါတမဗုဒ္ဓကို တနည်းမဟုတ်တနည်းဖြင့် ကြည်ညိုလေးစားကြသည်။ ဂေါတမဗုဒ္ဓသည် လူ့သမိုင်းတွင် အကြီးမားဆုံးသောအမြင့်မြတ်ဆုံးသော၊ ထိပ်ဆုံးအဓိကပုဂ္ဂိုလ်တဦးဖြစ်ခဲ့၏။ [၁၃][၁၄] ဂေါတမ အား ဘိုးတော် အ ဉ္စနမင်း ဖြိုကြွင်းသက္ကရာဇ် ၆၈ ခု ကဆုန် လပြည့် သောကြာနေ့ ဘီစီ ၆၂၃တွင် နီပေါနိုင်ငံ လုမ္ဗိနီဥယျာဉ်တော် အတွင်းရှိ အင်ကြင်းပင် sal tree အောက်တွင် ဖွားမြင်တော်မူသည်။

ဌာနကား နီပေါနိုင်ငံ ကပိလဝတ် နေပြည်တော်၊ ခမည်းတော်ကား သုဒ္ဓေါဒနမင်းကြီး၊ မယ်တော်ကား မယ်တော်မာယာ(သိရီမဟာမာယာဒေဝီ) မိဖုရားကြီး၊ အမည်တော်ကား သိဒ္ဓတ္တမင်းသား ဖြစ်လေသည်။ သက္က((Shakya)) သာကီဝင်ဖြစ်သည်။ ဖခင်သုဒ္ဓေါဒနမင်းကြီး မှာနီပေါနိုင်ငံ သက္ကတိုင်း ကပိလဝတ်ပြည်ကြီးကို စိုးအုပ်ပိုင်သသော ကပိလဝတ် ဘုရင်ဖြစ်သည်။ ထိုနေရာဒေသအား ကျမ်းစာများတွင် ကပိလဝတ် (Kapilavastu) ဟုခေါ်သည်။

သိဒ္ဓတ္ထမင်းသား၏ မယ်တော် မဟာမာယာ သည်လည်း ကောလိယမျိုးနွယ်စု အကြီးအကဲတစ်ဦး၏ သမီးဖြစ်ပါသည်။ မယ်တော်မဟာမာယာသည် သိဒ္ဓတ္ထမင်းသားအား ဘီစီ ၆၂၃ လုမ္ဗိနီဥယျာဉ်တော်အတွင်းရှိ အင်ကြင်းပင်တစ်ပင်အောက်တွင် မွေးဖွားတော်မူခဲ့သည်။ ဘုရားလောင်း သိဒ္ဓတ္ထမင်းသား သည် ဖွားတော်မူပြီးနောက် အရှေ့အရပ်မှ မြောက်သို့ လှည့်တော်မူလျက် ခုနစ်ဖဝါးသွား၍ မတ်မတ်ရပ်တော်မူပြီးသော်-(The first miracle of Buddha) အဂ္ဂေါဟမသ္မိလောကဿ ဇေဋ္ဌောဟမသ္မိလောကဿ သေဋ္ဌောဟမသ္မိလောကဿဟူသော သုံးခွန်းစကား ဆိုတော်မူသည်။

credit