Celebrities

ကြည့်မိသူတိုင်း အူတက်ရယ်နေရတဲ့ ရိုက်ကွင်းက ဗီဒီယိုလေးတင်လိုက်တဲ့ ဖြူဖြူထွေး

မင်းသမီးချောလေး ဖြူဖြူထွေးကတော့ တက္ကသိုလ်ကျောင်းသူဘဝကတည်းက အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်လာခဲ့သူ ဖြစ်ပါတယ်။ ဟာသဗီဒီယိုလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တဲ့ ဖြူဖြူထွေးက အခုဆိုရင် သူမဝါသနာပါတဲ့ အနုပညာလမ်းကြောင်းကို တစိုက်မတ်မတ် လျှောက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဖြူဖြူထွေးက ကြော်ငြာလေးတွေသာမက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာဆိုရင်လည်း ဝါရင့်အနုပညာရှင်တွေနဲ့တွဲဖက်ပြီး သရုပ်ဆောင်နေရတာဖြစ်ပါတယ်။ဖြူထွေးဟာ ဟာသဗီဒီယိုလေးတွေအပြင် ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ သွက်လက်ဖျတ်လက်တဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲရောက်ရှိလာခဲ့သူလေးပဲ ဖြစ်ပါတယ်။အနုပညာကိုဝါသနာပါလွန်းတဲ့ ဖြူဖြူထွေးကတော့ သူမရဲ့ပင်ကိုယ်ဟာသစွမ်းရည်နဲ့ အကဗီဒီယိုလေးတွေကြောင့် လူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ရေပန်းစားလူကြိုက်များလာကာ ပရိသတ်အခိုင်မာရရှိထားတာဖြစ်ပါတယ်။သူမကတော့ ပရိသတ်တွေအတွက် ဟာသဗီဒီယိုလေးတွေကို အမြဲတင်လေ့ရှိပြီး ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးခြင်းကို ရရှိထားတာဖြစ်ပါတယ်။ လတ်တလောမှာတော့ အူတက်ရယ်နေရတဲ့ ရိုက်ကွင်းနောက်ကွယ်က ဗီဒီယိုလေးကို သူမရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးထဲမှာ ဖြူဖြူထွေးတစ်ယောက် ရယ်နေရသလို အရမ်းချစ်ဖို့ကောင်းလွန်းတာကြောင့် cele zone ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။cele zone