Celebrities

မိခင်ဖြစ်သူက ယောကျာ်းအတင်းပေးစားဖို့ ကြိုးစားခဲ့တဲ့ အကြောင်း ပြောပြလာတဲ့ အလှမယ် ဟန်တီ

အလှမယ်ဟန်တီကတော့ Miss Myanmar World 2018 ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Winner ဆုကို ပိုင်ဆိုင်နိုင်ခဲ့သလို Miss World 2018 ပြိုင်ပွဲကြီးကို မြန်မာကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ရပါတယ်။ အဲဒီနောက် တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့Asia Model Festival 2019 ပွဲကြီးမှာလည်း အကဲဖြတ် ဒိုင်တစ်ယောက်အဖြစ်သာမက Asia Star Award ဆုကိုပါ ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ဟန်တီဟာ အခုဆိုရင် အသက် ၂၃ နှစ်ရှိလာခဲ့ပြီဖြစ်ပြီး သူမရဲ့ အချစ်ရေးနဲ့ ပတ်သတ်ပြီး မိခင်ဖြစ်သူ ကအတင်း အိမ်ထောင်ချထားပေးဖို့ စီမံခဲ့ဖူးတယ်လို့

ပြောလာခဲ့တာဖြစ်ပြီး သူမအနေနဲ့ သူမအမေ မိတ်ဆက်ပေးသူတွေကို လက်မခံနိုင်ခဲ့တဲ့အကြောင်း ပြောပြလာခဲ့တာပါ။“ အရင်တုန်းကတော့ မေမေက ဟန်တီ့ကို အိမ်ထောင်ပြုစေချင်တယ်။ ပေးစားတဲ့ အထိအောင်ပဲ။ မေမေ စီစဉ်ပေးတဲ့သူတွေက ဟန်တီ့ထက် အသက် အများကြီး ကြီးတဲ့သူတွေပါတယ်။ဟန်တီနဲ့ သင့်တော်မယ်ထင်လို့ စီစဉ်တာဆိုပေမယ့် တချို့ အကြောင်းအရာတွေကိုကျတော့ ကိုယ် နားလည် လက်ခံပေးလို့မရတာပေါ့နော်။ ကိုရီးယားကားတွေထဲမှာဆိုရင် အရမ်း Romantic ဆန်တယ်။ မင်းသားကလည်း Always Perfect လေ နော်။ ဘယ်နားကပဲ ကြည့်ကြည့် ဘက်ပေါင်းစုံကကို

အဆင်ပြေနေတာပေါ့နော်။ ကိုယ်လည်း ကိုရီးယားကားတွေ ကြည့်တာ များနေပြီထင်ပါတယ်။ နည်းနည်း ပြန်လျှော့ရမယ်” လို့ အလှမယ်ဟန်တီက အမေဖြစ်သူ ကအတင်းစီစဉ်ပေးတဲ့အကြောင်းပြောပြလာခဲ့တာဖြစ်ပါတယ်။သူမအနေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့သာ အိမ်ထောင်ဘက်ရွေးချယ်သွားမှာဖြစ်ပြီး

သူမအနုပညာခရီးလမ်းကို နားလည်ပေးနိုင်သူကိုသာလိုချင်တယ်လို့လည်း သူမလိုချင်တဲ့အိမ်ထောင်ဘက်အကြောင်းပြောပြခဲ့ပါသေးတယ် ပရိသတ်ကြီးရေ ။ source – Han Thi

unicode

အလှမယ်ဟန်တီကတော့ Miss Myanmar World 2018 ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Winner ဆုကို ပိုင်ဆိုင်နိုင်ခဲ့သလို Miss World 2018 ပြိုင်ပွဲကြီးကို မြန်မာကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ရပါတယ်။ အဲဒီနောက် တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့Asia Model Festival 2019 ပွဲကြီးမှာလည်း အကဲဖြတ် ဒိုင်တစ်ယောက်အဖြစ်သာမက Asia Star Award ဆုကိုပါ ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ဟန်တီဟာ အခုဆိုရင် အသက် ၂၃ နှစ်ရှိလာခဲ့ပြီဖြစ်ပြီး သူမရဲ့ အချစ်ရေးနဲ့ ပတ်သတ်ပြီး မိခင်ဖြစ်သူ ကအတင်း အိမ်ထောင်ချထားပေးဖို့ စီမံခဲ့ဖူးတယ်လို့ပြောလာခဲ့တာဖြစ်ပြီး သူမအနေနဲ့ သူမအမေ မိတ်ဆက်ပေးသူတွေကို လက်မခံနိုင်ခဲ့တဲ့အကြောင်း ပြောပြလာခဲ့တာပါ။“ အရင်တုန်းကတော့ မေမေက ဟန်တီ့ကို အိမ်ထောင်ပြုစေချင်တယ်။ ပေးစားတဲ့ အထိအောင်ပဲ။ မေမေ စီစဉ်ပေးတဲ့သူတွေက ဟန်တီ့ထက် အသက် အများကြီး ကြီးတဲ့သူတွေပါတယ်။ဟန်တီနဲ့ သင့်တော်မယ်ထင်လို့ စီစဉ်တာဆိုပေမယ့် တချို့ အကြောင်းအရာတွေကိုကျတော့ ကိုယ် နားလည် လက်ခံပေးလို့မရတာပေါ့နော်။ ကိုရီးယားကားတွေထဲမှာဆိုရင် အရမ်း Romantic ဆန်တယ်။ မင်းသားကလည်း Always Perfect လေ နော်။ ဘယ်နားကပဲ ကြည့်ကြည့် ဘက်ပေါင်းစုံကကိုအဆင်ပြေနေတာပေါ့နော်။ ကိုယ်လည်း ကိုရီးယားကားတွေ ကြည့်တာ များနေပြီထင်ပါတယ်။ နည်းနည်း ပြန်လျှော့ရမယ်” လို့ အလှမယ်ဟန်တီက အမေဖြစ်သူ ကအတင်းစီစဉ်ပေးတဲ့အကြောင်းပြောပြလာခဲ့တာဖြစ်ပါတယ်။သူမအနေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့သာ အိမ်ထောင်ဘက်ရွေးချယ်သွားမှာဖြစ်ပြီးသူမအနုပညာခရီးလမ်းကို နားလည်ပေးနိုင်သူကိုသာလိုချင်တယ်လို့လည်း သူမလိုချင်တဲ့အိမ်ထောင်ဘက်အကြောင်းပြောပြခဲ့ပါသေးတယ် ပရိသတ်ကြီးရေ ။ source – Han Thi#credit