News

ဟင်္သာတမြို့ ဧရာဝတီမြစ်ရေကာတာ ဆိုးရွားစွာပြိုကျမှုကြောင့် တာကျိုးပေါက်မည်ကို ဒေသခံများစိုးရိမ်နေ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်ရှိ အိပ်ပျက်ကျေးရွာအုပ်စု၊ဖောင်ဆိပ်ကျေးရွာ နေရာရှိ ဧရာဝတီမြစ် ရေကာတာမှာ ဆိုးရွားစွာပြိုကျလျက် ရှိသဖြင့် တာကျိုးပေါက်မည်ကို ဒေသခံများ စိုးရိမ်နေကြောင်း သတင်းရရှိသည်။ဦးမိုးလေးဖြတ်တာမှာ ဧရာဝတီမြစ်၏ မူလဖြတ်တာဟောင်း ဖြစ်ပြီး ဇူလိုင်လ ၂၇ ရက်နေ့မှ စတင်ကာ ရေစွယ် တိုက်စားမှုကြောင့် ပြိုကျနေခြင်းဖြစ်ပြီး ကျိုးပေါက်မှု ဖြစ်ပွားနိုင်သည့် ဆိုးရွားသည့် အခြေအနေများကြောင့် အနီးအနားရှိ အိုးအိမ်များဖျက်ကာ စတင်ရွှေ့ပြောင်းလျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။” ဦးမိုးလေးဖြတ်တာက ခုပဲ့နေတာ ၂ ဖာလုံလောက် ရှိနေပြီ ပြိုကျတာ ၄ ရက်ရှိပြီ ခုတာအသားက ၃ ပေလောက်ပဲ ကျန်တော့တယ် အရမ်းစိုးရိမ်စရာ ကောင်းတဲ့ အခြေအနေ ဖြစ်နေပါပြီ”ဟု ရပ်မိရပ်ဖ တဦးဖြစ်သူ ဦးမြင့်ကြွယ်က ပြောပါသည်။

ဦးမိုးလေးဖြတ်တာ နောက်ရှိ ယခုနှစ် တည်ဆောက် ထားသော ပန်းတာသစ်မှာလည်း အချို့နေရာများတွင် အက်ကြောင်းများဖြစ်နေသည့် အတွက် တာကျိုးပေါက်ခဲ့ပါက ပန်းတာသစ်မှာ စိုးရိမ်ရနိုင်ကြောင်း သိရသည်။” လက်ရှိ ရေကာတာက စိုးရိမ်ရပါတယ် ဒီတာ ကျိုးသွားရင် ပေ ၁၀၀၀ လောက်ပဲကွာတဲ့ ပန်းတာအသစ်ကို ရေလုံးနဲ့ဝင်ဆောင့်ရင် ကျိုးနိုင်ပါတယ် ဒီတာကျိုးခဲ့ရင်ဒီနောက်ကရှိတဲ့ရွာ ၇ ရွာပါ ရေဘေး ဒုက္ခနဲ့ ကြုံရမှာပါ ” ဟု ဦးမြင့်ကြွယ်က ဆက်လက်ပြောသည်။အဆိုပါတာမျာ းကျိုးပေါက်ခဲ့ပါက ဟင်္သာတမြို့အပြင် မြို့နယ်အတွင်းရှိ စိုက်ပျိုးသီးနှံများနှင့် နေအိမ်များပါ ထိခိုက် သွားနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။ Source ; ဧရာဝတီတိုင်းမ်

unicone

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်ရ အိပ်ပျက်ကျေးရွာအုပ်စု၊ဖောင်ဆိပ်ကျေးရွာ နေရာရ ဧရာဝတီမြစ် ရေကာတာမာ ဆိုးရွားစွာပြိုကျလျက် ရသဖြင့် တာကျိုးပေါက်မည်ကို ဒေသခံများ စိုးရိမ်နေကြောင်း သတင်းရရသည်။ဦးမိုးလေးဖြတ်တာမာ ဧရာဝတီမြစ်၏ မူလဖြတ်တာဟောင်း ဖြစ်ပြီး ဇူလိုင်လ ၂၇ ရက်နေ့မ စတင်ကာ ရေစွယ် တိုက်စားမကြောင့် ပြိုကျနေခြင်းဖြစ်ပြီး ကျိုးပေါက်မ ဖြစ်ပွားနိုင်သည့် ဆိုးရွားသည့် အခြေအနေများကြောင့် အနီးအနားရ အိုးအိမ်များဖျက်ကာ စတင်ရွပြောင်းလျက်ရကြောင်း ဒေသခံများထံမ သိရသည်။” ဦးမိုးလေးဖြတ်တာက ခုပဲ့နေတာ ၂ ဖာလုံလောက် ရနေပြီ ပြိုကျတာ ၄ ရက်ရပြီ ခုတာအသားက ၃ ပေလောက်ပဲ ကျန်တော့တယ် အရမ်းစိုးရိမ်စရာ ကောင်းတဲ့ အခြေအနေ ဖြစ်နေပါပြီ”ဟု ရပ်မိရပ်ဖ တဦးဖြစ်သူ ဦးမြင့်ကြွယ်က ပြောပါသည်။

ဦးမိုးလေးဖြတ်တာ နောက်ရ ယခုနစ် တည်ဆောက် ထားသော ပန်းတာသစ်မာလည်း အချို့နေရာများတွင် အက်ကြောင်းများဖြစ်နေသည့် အတွက် တာကျိုးပေါက်ခဲ့ပါက ပန်းတာသစ်မာ စိုးရိမ်ရနိုင်ကြောင်း သိရသည်။” လက်ရ ရေကာတာက စိုးရိမ်ရပါတယ် ဒီတာ ကျိုးသွားရင် ပေ ၁၀၀၀ လောက်ပဲကွာတဲ့ ပန်းတာအသစ်ကို ရေလုံးနဲ့ဝင်ဆောင့်ရင် ကျိုးနိုင်ပါတယ် ဒီတာကျိုးခဲ့ရင်ဒီနောက်ကရတဲ့ရွာ ၇ ရွာပါ ရေဘေး ဒုက္ခနဲ့ ကြုံရမာပါ ” ဟု ဦးမြင့်ကြွယ်က ဆက်လက်ပြောသည်။အဆိုပါတာမျာ းကျိုးပေါက်ခဲ့ပါက ဟင်္သာတမြို့အပြင် မြို့နယ်အတွင်းရ စိုက်ပျိုးသီးနများနင့် နေအိမ်များပါ ထိခိုက် သွားနိုင်ကြောင်း ဒေသခံများထံမ သိရသည်။ Source ; ဧရာဝတီတိုင်းမ်#credit