Knowledge

စွန့်ပစ်ခံ မသန်မစွမ်း ခွေးလေးတွေကိုပဲ ခေါ်ယူမွေးထားတဲ့ ဇနီးမောင်နှံ

အခုခေတ်မှာ ကိုယ်ကျိုးစွန့်ပြီး သူများအရေးကို ကူညီတယ်ဆိုတာ မရှိသလောက်ကိုရှားနေပါပြီ။ ဒါပေမဲ့လည်း ဒီဇနီးမောင်နှံတစ်ဦးကတော့ အကူအညီလိုနေတဲ့သူလေးတွေအတွက်ဆိုပြီး သူတို့ရဲ့အိမ်ကြီးကိုပိုက်ဆံတွေထပ်အကုန်ကျခံ ပြင်ဆင်ရင်း နားခိုရာနေရာလေးတစ်ခုအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ နယူးယောက်၊ Clifton Park မှာနေထိုင်တဲ့ Chris နဲ့ Mariesa Hughes တို့နှစ်ဦးအကြောင်း ပြောပြပေးချင်ပါတယ်။

သူတို့ဟာ ခွေးချစ်တတ်သူတွေပီပီ ဂေဟာကနေ ရောဂါဖြစ်နေတာတို့၊ အိုမင်းမစွမ်းဖြစ်နေတဲ့ ခွေးလေးတွေကို ခေါ်ခေါ်မွေးနေခဲ့တာ ခွေးအကောင်ပေါင်း ၂၀ တောင်ရှိပါပြီတဲ့။ လူတွေဟာ ခွေးမွေးတော့မယ်ဆိုရင် အကောင်ပေါက်လေးတွေ ဝယ်မွေးကြသလိုဂေဟာက ခေါ်မွေးမယ်ဆိုရင်လည်း ရောဂါကင်းရှင်းပြီး ချစ်ဖို့ကောင်းတဲ့ခွေးလေးတွေကိုပဲ မွေးချင်ကြတယ်မဟုတ်လား။ ဒါကြောင့် တချို့ဂေဟာတွေမှာဆိုရင် နာမကျန်းပြီး အိုမင်းမစွမ်းဖြစ်နေတဲ့ ခွေးလေးတွေဟာ တစ်ကောင်တည်း အထီးကျန်စွာလှောင်အိမ်ထဲမှာပဲ ဖြတ်သန်းနေခဲ့ရပါတယ်။ ဒီခွေးလေးတွေကို Hughes ဇနီးမောင်နှံက သူတို့တတ်နိုင်တဲ့ဖက်က ကူညီပေးတဲ့သဘောပေါ့နော်။ သူတို့ကိုယ်ကသူတို့တောင် Mr. Mo Project ဆိုတဲ့ နာမည်ပေးကာ ခွေးလေးတွေနဲ့ပတ်သက်ပြီး

ပရဟိတလုပ်ငန်းတွေတောင် လုပ်နေကြပါတယ်။ တကယ်တော့ ခွေးလေးတွေဟာလည်း လူတွေလိုပါပဲ။ အသက်ကြီးလာပြီး နာမကျန်းဖြစ်လာခဲ့ရင် အထီးကျန်စိတ်ဝင်တတ်ကြတယ်၊ ပိုခင်တွယ်လာတတ်ကြတယ်၊ စိတ်အားငယ်လာကြပါတယ်။ဒါကြောင့် သူတို့ရဲ့နောက်ဆုံးထွက်သက်အထိ ဂရုတစိုက်နဲ့ ချစ်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း Hughes ဇနီးမောင်နှံက မွေးနိုင်သလောက် ခွေးလေးတွေကို ခေါ်မွေးကာ ထာဝရအိမ်အဖြစ် မားမားမတ်မတ်ရပ်တည်ပေးနေခဲ့တာပါ။သူတို့မမွေးနိုင်တဲ့ခွေးလေးတွေဆိုရင်လည်း ကယ်ဆယ်ရေးတွေလုပ်ပေး၊ ဂေဟာမှာ နေရေးထိုင်ရေး၊ စားရေးသောက်ရေးအတွက် သွားကြည့်ပေး၊ မွေးမယ့်လူရှိရင်လည်း ချိတ်ဆက်ပေးတာမျိုးတွေကို လုပ်ပေးနေခဲ့တာလည်း အကောင် ရာနဲ့ချီနေပါပြီ။လက်ရှိအချိန်မှာတော့ Hughes တို့ ဇနီးမောင်နှံဟာ ခွေးလေးတွေ အကောင် ၂၀ နဲ့ အိမ်မှာအတူတူနေထိုင်လျက်ရှိနေပါတယ်။ ဒါပေမဲ့ အိမ်ဟာ ခွေးအကောင် ၂၀ အတွက် လွတ်လွတ်လပ်လပ်သိပ်မရှိတာကြေင့် ကိုယ့်ပိုက်ဆံကိုယ်စိုက်ကာအိမ်ပြင်ဖို့ လုပ်ခဲ့ပါတယ်။ ပိုလည်း ကျယ်ကျယ်ဝန်းဝန်းရှိရမယ်၊ လှေကားနဲ့အမြင့်အတက်အဆင်းတွေမှာလည်း အဆင်ပြေစေဖို့ စတာတွေ အားလုံးကို ပြင်ဆင်ခဲ့ကြပါတော့တယ်။ ပြင်ဆင်စရိတ်ဟာ ဒေါ်လာ ၅ သောင်းတောင် ကျခဲ့ပါတယ်တဲ့။အဲဒီအထဲ လမ်းမလျှောက်နိုင်တော့တဲ့ခွေးလေးတွေဖို့ hydrotherapy pool လို့ခေါ်တဲ့ ရေကုထုံးကုဖို့ ဒေါ်လာ ၃ သောင်းတန် ရေကန်လေးပါဝင်ပြီး ခွေးလေးတွေအတွက် ဒေါ်လာ ၅ ထောင်တန် သီးသန့်ခုတင်ကြီးတစ်လုံးလည်း ပါဝင်လို့နေပါတယ်။ ခရက်ဒစ်