International News

“အမျိုးသား တစ်ဦးတည်းနဲ့ ချစ်ကြိုက်နေတဲ့ ကမ္ဘာ့ အတူညီဆုံး အမြွာ ညီအစ်မ နှစ်ဦးက တစ်ချိန် တည်းမှာ ကိုယ်ဝန် အတူတူ ဆောင်ဖို့ ကြိုးစားနေ”

ကမ္ဘာပေါ်မှာ တူညီမှု အရှိဆုံး အမြွာ အဖြစ် သတ်မှတ်ခံထားရတဲ့ ညီအစ်မနှစ်ဦးဟာ သူတို့နှစ်ဦးစလုံး ရဲ့ ချစ်သူဖြစ်နေတဲ့ အမျိုးသားနဲ့အတူ တစ်ချိန်တည်းမှာပဲ ကိုယ်ဝန်ဆောင် ချင်တယ်လို့ ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ် အန်နာ နဲ့ လူစီတို့ဟာ သြစတြေးလျနိုင်ငံ၊ ပါ့တ်မြို့မှာ နေထိုင်သူ တွေဖြစ်ပြီး အတူတူစား၊ အတူတူသွား၊ သန့်စင်ခန်းကိုလည်း တစ်ချိန်တည်းမှာပဲ အတူတူအသုံးပြုနေသူတွေဖြစ်ပါတယ်။ဒါ့အပြင် အိပ်ယာ တစ်ခုတည်း အပေါ်မှာလည်း အမျိုးသား တစ်ဦးတည်း ကို ချစ်သူအဖြစ်နဲ့ အတူတကွပေါင်းဖက် နေထိုင်နေတဲ့ကြတာ ၉ နှစ်အထိ ရှိနေခဲ့ပြီဖြစ်ပါတယ်။ ဘန်ဘရိုင်နီလို့ အမည်ရတဲ့ အသက် ၃၉ နှစ်အရွယ်အမျိုးသားဟာ သူတို့နှစ်ဦး ရဲ့ ချစ်သူအဖြစ် ရှိနေတာဖြစ်ပြီး အမြွှာညီအစ်မနှစ်ဦးကြားမှာ ဒီအတွက်တော့ ဘယ်လိုပြသနာမှရှိမနေခဲ့ပါဘူး။

အခုအခါမှာ တော့ သူတို့နှစ်ဦး စလုံးက ဖန်ပြွန်သန္ဓေသားနည်းလမ်း နဲ့ ကိုယ်ဝန် ရယူချင်နေပြီး ကိုယ်ဝန်ဆောင်ဘဝ အတွေ့အကြုံတွေကိုလည်း ခံစားချင်တယ်လို့ ဆိုပါတယ်။ “ကိုယ်ဝန်ဆောင်သည် တွေရဲ့ အတွေ့အကြုံတွေကို အတူတူ ခံစားကြည့်ချင်ပါတယ်” လို့ လူစီက ပြောပါတယ်။ “ကျွန်မတို့ဘဝမှာ အရာအားလုံး ကို အတူတူပဲ တွေ့ကြုံခံစားနေ ခဲ့တာဖြစ်ပြီး အတူတူပဲ သေဆုံးမယ်၊ အတူတူပဲ အိုမင်းသွားကြမှာပါ၊ ဒါကဖြစ်ကိုဖြစ်လာမှာပါ” လို့ လူစီက ထပ်ပြောခဲ့ပါတယ်။အန်နာကတော့ “IFV (ဖန်ပြွန်သန္ဓေသား) ကိုလည်း ကျွန်မတို့ လေ့လာ နေပါတယ်၊ တချိန်တည်းမှာပဲ ကျွန်မတို့မျိုးဥတွေကို ဖန်တီးသွားချင်ပါတယ်၊ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲ ဘယ်သူက သိနိုင်မှာလဲ၊ ဒါပေမယ့် ကျွန်မတို့ ဒါကို အတူတူလုပ်သွားချင်ပါတယ်၊ ဒါက စိန်ခေါ်မှုတစ်ခု ဖြစ်လာ ပါလိမ့်မယ်၊ ဒါပေမယ့် ကျွန်မတို့ဘဝမှာ အရာရာတိုင်းက စိန်ခေါ်မှုတွေဖြစ်ခဲ့တာပါ၊ အချိန်တိုင်းမှာ ကျွန်မတို့ အတူတူပဲနေချင်ခဲ့ကြပါတယ်” လို့ ပြောပါတယ်။

တကယ်လို့ ကိုယ်ဝန် ဆောင်တဲ့ အခါမှာ တစ်ဦးက ယောကျ်ားလေ၊ တစ်ဦးက မိန်းကလေးဖြစ်နေခဲ့ရင် ဘယ်လိုဖြစ်မလဲဆိုတာကို မေးမြန်းခဲ့ရာမှာလည်း “အတူနေထိုင်သမျှ ကာလပတ်လုံး ကျန်းကျန်းမာမာ ၊ပျော်ပျော်ရွှင်ရွှင်နဲ့ နေသွားမှာပါ၊ ကျွန်မတို့ ပြောဖြစ်ခဲ့တာကတော့ အတူတူ ကိုယ်ဝန်ဆောင်ချင်တယ်၊ ကလေးတွေ ကျန်းမာပြီး ပျော်ပျော်ရွှင်ရွှင်ဖြစ်နေဖို့က အရေးကြီးတယ်ဆိုတာပါ” လို့ လူစီက ပြန်ဖြေခဲ့ပါတယ်။အခုကတော့ သူတို့ညီအစ်မနှစ်ဦး ဟာ မိခင်ဖြစ်သူ၊ ချစ်သူ အမျိုးသားဖြစ်သူ ဘင်တို့နဲ့အတူတူ နေထိုင်နေတာဖြစ်ပါတယ်။ ညီအစ်မနှစ်ဦးနဲ့ ဘင်တို့ကတော့ အခန်းတစ်ခုတည်းမှာ အတူတူနေထိုင်ကြပြီး ဘင်ဟာ အတူတူနေထိုင်တဲ့ ပထမဆုံးနေ့ကတည်းကပဲ သူတို့နှစ်ဦးကို ခွဲခြားနိုင်ခဲ့တယ်လို့သိရပြီး ချစ်သူဟောင်း တွေကတော့ ခွဲခြားဖို့အတွက် တော်တော်လေးကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။

“ပထမဆုံး ရက်မှာပဲ သူ ခွဲခြားနိုင် ခဲ့ပါတယ်၊ ကျွန်မတို့ရဲ့ အမေတောင် မှ ကျွန်မတို့ကို ခွဲခြားမပြောနိုင်ပါဘူး” လို့ လူစီက ပြောပါတယ်။ “ပထမဆုံး ကျွန်မတို့နဲ့ သူနဲ့ စတွေ့တဲ့ညမှာ သူ့ကို အနမ်းတွေပေး ခဲ့ပါတယ်၊ နှစ်ယောက်စလုံးပေါ့၊ သူ့ကို တကယ်သဘောကျတယ်” လို့ အန်နာကပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ အရင်ချစ်သူ တွေကတော့ သူမတို့ နှစ်ဦးရဲ့ နီးစပ်နေမှုတွေကို နားလည်မပေးနိုင်ခဲ့ပေမယ့် ဘင်ကတော့ နားလည်ပေးနိုင်ခဲ့တယ်လို့လည်း သူတို့က ပြောဆိုခဲ့ပါတယ်။ သူတို့ညီအစ်မကြားမှာလည်း ဘယ်လိုပြသနာမှမရှိဘူးလို့ဆိုပြီး တစ်ဦးနဲ့တစ်ဦး သဝန်တိုမှုတွေလည်း ဖြစ်မလာဘူးလို့ လူစီက ဖွင့်ဟ ခဲ့ပါတယ်။#credit