News

မီးသတ်ကား အတိုက်ခံရ လို့ ရခဲ့ တဲ့လျော်ကြေး ကို မီးသတ်ဌာန ကို ပြန်လည် လှူဒါန်းခဲ့တဲ့ ကားပိုင်ရှင်

လျော်ကြေးပြန်ရတဲ့ ငွေကျပ်သိန်း ၃၀အထဲမှ ၁၀ သိန်းကို ပြန်လှူပေးခဲ့တာပါ။ မီးသတ်ကား က မီးနီဖြတ်မောင်းလာပြီး လမ်းမှန်က အိမ်စီးကား ကို တိုက်မိခဲ့တာ ဖြစ်တဲ့အတွက် နစ်နာကြေး အဖြစ် သိန်း ၃၀ပေးခဲ့ရာမှာ နစ်နာသူ အိမ်စီးကားပိုင်ရှင်က ၁၀သိန်းကို ပြန်လည်လှူဒါန်းပေးခဲ့တာပါ။ မီးလောင်ပြင်လာတဲ့ မီးသတ်ကားနဲ့ အိမ်စီး ကားတိုက်မှုက ရွှေပြည်သာမြို့နယ် အတွင်းဖြစ်ပွား ခဲ့တာဖြစ်ပြီး မီးသတ်စခန်းက လျော်ကြေးအဖြစ် ငွေကျပ် သိန်း ၃၀ ပေးခဲ့သော်လည်း နစ်နာသူ အိမ်စီးကားပိုင်ရှင်ကလျော်ကြေးငွေထဲကနေ ၁၀သိန်း ပြန်လည် လှူဒါန်းခဲ့ပါတယ်။“ကျွန်တော့် ကားဒရိုင်ဘာက ရွှေပြည်သာကွေ့ မီးပွိုင့်မှာ မီးစိမ်းလို့အကွေ့ မီးသတ်ကား က မီးနီကို ဖြတ်အမောင်း မှာ တိုက်မိ တာပါ။ ဖြစ်စဉ်ကြောင့် ကားပျက်စီးမှုကိုတွက်ကြည့်လိုက်တော့ ဘော်ဒီဆရာက ၃၅သိန်းကျမယ်လို့ ပြောလို့ အဲ့လောက်ပဲ ပြန်ပေးဖို့တောင်းဆို ခဲ့ပြီး သူတို့ဘက်က သိန်း ၃၀ ပြန်လျော်ပေးပါတယ်။”လို့ နစ်နာသူ အိမ်စီး ကားပိုင်ရှင် ဦးရွှေမိုးကပြောပါတယ်။ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် အိမ်စီးကားမှာ ပြန်ပြင်လို့မရတော့တာကြောင့် တိုက်ကြေအပ်ခဲ့ရပြီး စုစုပေါင်း ကားတန်ဖိုးရဲ့ သိန်း ၃၀ကျော် ဆုံးရှုံးနစ်နာခဲ့တယ် လို့လည်း သိရပါတယ်။
“ကျွန်တော့်ကား က ပြင်ဖို့ လုပ်ပေမယ့် ဘယ် လိုမှ အဆင်မပြေတော့လို့ ကားကို တိုက်ကြေပြန်အပ်လိုက်ရပါ တယ်။အဲ့ကရတာနဲ့ လျော်ကြေးသိန်း ၃၀နဲ့ဆိုရင်တောင် ကားတန်ဖိုးရဲ့ သိန်း ၃၀လောက် ဆုံးရှုံးနစ်နာခဲ့ရပါတယ်။ ဒါပေမယ့်လည်း မီးသတ်တပ်ဖွဲ့အတွက်လည်း အထွေထွေ ကုန်ကျစရိတ် အတွက် ကျွန်တော် တတ်နိုင်သလောက် ဖြစ်တဲ့ ၁၀သိန်း ပြန်လှူပေးဖြစ်ခဲ့ပါတယ်။”လို့ ဦးရွှေမိုးက ဆက်လက် ပြောပြပါတယ်။ယာဉ်တိုက်မှု ဖြစ်စဉ်ကတော့ ဇူလိုင်လ ၂၅ရက်နေ့ နေ့လည် ၁၁နာရီခွဲလောက်မှာ ဖြစ်ခဲ့တာ ဖြစ်ပြီး အိမ်စီးကား မောင်းနှင်လာသူ ကားဒရိုင်ဘာ ကတော့ လေအိတ်ပွင့်ခဲ့လို့ ထိခိုက်ဒဏ်ရာ မရခဲ့ဘူးလို့ သိရပါတယ်။credit