News

နိုင်ငံတော်ကပေးတဲ့ထောက်ပံ့ငွေ၅၄သိန်းကျော်ကိုအလွဲသုံးစားလုပ်တဲ့ကျေးရွာအုပ်ချုပ်ရေးမှု

နိုင်ငံတော်ကပေးတဲ့ထောက်ပံ့ငွေ၅၄သိန်းကျော်ကိုအလွဲသုံးစားလုပ်တဲ့ကျေးရွာအုပ်ချုပ်ရေးမှုးကိုအမှုဖွင့်ဖမ်းဆီးပြီ
ဧရာဝတီတိုင်းဒေသကြီးမြောင်းမြမြို့နယ် တွင် တရားခံ တင်မောင်ဝင်း(၄၇)နှစ်(ဘ)ဦးလှသန်း ကံဘဲ့ကလေးကျေးရွာအုပ်စု (အုပ်ချုပ်ရေးမှုး)သည် ဒုတိယအကြိမ် နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားများအားထောက်ပံ့ရန်တစ်အိမ်ထောင်လျှင်(၂၀၀၀၀)ကျပ်စီထောက်ပံ့ပေးရန်မြောင်းမြမြို့နယ် ဒု မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးခိုင်ကရပ်ကျေးအုပ်စုအသီးသီးမှကျေးရွာအုပ်ချုပ်ရေးမှူးတို့အား၂၄/၂၅/၂၇/၇.၂၀၂၀ရက်နေ့များတွင်ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း ၂၉.၇.၂၀၂၀ရက်နေ့တွင်ပြည်သူများထံဖြန်ဝေပေးမှုရောက်မရောက်စီစစ်ရာ အိမ်ထောင်စု (၂၇၃)ခုအတွက်ထုတ်ယူငွေ(၅၄၆၀၀၀၀)ကျပ်ထုတ်ယူသူ တင်မောင်ဝင်း ကံဘဲ့ကလေးအုပ်ချုပ်ရေးမှူးမှာပြည်သူများထံထောက်ပံ့ငွေများမပေးပဲ လူရောငွေပါပျောက်ဆုံးလျှက် လိမ်လည်သွားကြောင်းစစ်ဆေးမှုပေါ်ပေါက်ခဲ့ကြောင်းအမှုကိုတရားလို ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးခိုင်ကတိုင်တန်းပြီး မြောင်းမြမြို့ရဲစခန်းမှအမှုစစ် ဒုရဲအုပ်ဆန်းဝင်းအောင်က ၃၀.၇.၂၀၂၀ရက်နေ့တွင်တရားခံ တင်မောင်ဝင်းအားဖမ်းဆီးရမိကြောင်းဖမ်းဆီးရမိချိန်တွင် တရားခံထံမှငွေ(၃၀၀၀၀)ကျပ်သာကျန်ရှိတော့ကြောင်း တရားခံအားစစ်ဆေးရာ ငွေကျပ် ၄၉သိန်းအား အကြွေးပေးစရာရှိသောမြေသြဇာဘိုးပေးခဲ့ကြောင်း မိမိကငွေကျပ်(၅)သိန်းသုံးသောင်းသုံးစွဲခဲ့ကြောင်းသို့ဖြစ်ပါ၍ ပြည်သူတွေအတွက်ထောက်ပံ့ငွေ(၅၄၆၀၀၀၀)ကျပ်အားအလွဲသုံးစားပြုလုပ်သူတရားခံကံဘဲ့ကလေး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင်မောင်ဝင်းအား မြောင်းမြမြို့မရဲစခန်းမှ (ပ)၆၁၇/၂၀၂၀ရာဇသတ်ကြီးပုဒ်မ ၄၀၉အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသတင်းရရှိပါသည်……
unicode
ဧရာဝတီတိုင်းဒေသကြီးမြောင်းမြမြို့နယ် တွင် တရားခံ တင်မောင်ဝင်း(၄၇)နှစ်(ဘ)ဦးလှသန်း ကံဘဲ့ကလေးကျေးရွာအုပ်စု (အုပ်ချုပ်ရေးမှုး)သည် ဒုတိယအကြိမ် နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားများအားထောက်ပံ့ရန်တစ်အိမ်ထောင်လျှင်(၂၀၀၀၀)ကျပ်စီထောက်ပံ့ပေးရန်မြောင်းမြမြို့နယ် ဒု မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးခိုင်ကရပ်ကျေးအုပ်စုအသီးသီးမှကျေးရွာအုပ်ချုပ်ရေးမှူးတို့အား၂၄/၂၅/၂၇/၇.၂၀၂၀ရက်နေ့များတွင်ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း ၂၉.၇.၂၀၂၀ရက်နေ့တွင်ပြည်သူများထံဖြန်ဝေပေးမှုရောက်မရောက်စီစစ်ရာ အိမ်ထောင်စု (၂၇၃)ခုအတွက်ထုတ်ယူငွေ(၅၄၆၀၀၀၀)ကျပ်ထုတ်ယူသူ တင်မောင်ဝင်း ကံဘဲ့ကလေးအုပ်ချုပ်ရေးမှူးမှာပြည်သူများထံထောက်ပံ့ငွေများမပေးပဲ လူရောငွေပါပျောက်ဆုံးလျှက် လိမ်လည်သွားကြောင်းစစ်ဆေးမှုပေါ်ပေါက်ခဲ့ကြောင်းအမှုကိုတရားလို ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးခိုင်ကတိုင်တန်းပြီး မြောင်းမြမြို့ရဲစခန်းမှအမှုစစ် ဒုရဲအုပ်ဆန်းဝင်းအောင်က ၃၀.၇.၂၀၂၀ရက်နေ့တွင်တရားခံ တင်မောင်ဝင်းအားဖမ်းဆီးရမိကြောင်းဖမ်းဆီးရမိချိန်တွင် တရားခံထံမှငွေ(၃၀၀၀၀)ကျပ်သာကျန်ရှိတော့ကြောင်း တရားခံအားစစ်ဆေးရာ ငွေကျပ် ၄၉သိန်းအား အကြွေးပေးစရာရှိသောမြေသြဇာဘိုးပေးခဲ့ကြောင်း မိမိကငွေကျပ်(၅)သိန်းသုံးသောင်းသုံးစွဲခဲ့ကြောင်းသို့ဖြစ်ပါ၍ ပြည်သူတွေအတွက်ထောက်ပံ့ငွေ(၅၄၆၀၀၀၀)ကျပ်အားအလွဲသုံးစားပြုလုပ်သူတရားခံကံဘဲ့ကလေး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင်မောင်ဝင်းအား မြောင်းမြမြို့မရဲစခန်းမှ (ပ)၆၁၇/၂၀၂၀ရာဇသတ်ကြီးပုဒ်မ ၄၀၉အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသတင်းရရှိပါသည်……#credit