News

(၈၅) နှစ်အထက်တွေ နိုင်ငံတော်က ထောက်ပံ့ပေမယ့် တစ်ကျပ်မှ မရတဲ့ (၁၀၃) နှစ်အဖွား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ်(၁)ရပ်ကွက်၊ ဆင်းသီရိ(၄)လမ်း၏တစ်ဘက်ကျူးကျော်မြေယာမှာနေထိုင်တဲ့ အဖွားဒေါ်ဂေါင်းစိမ်းဟာ အသက်(၁၀၃)နှစ်ရှိနေပြီလို့သိရပြီး နိုင်ငံတော် ပေးအပ်သော သက်ကြီးထောက်ပံ့ငွေကို
ခုထိမရရှိသေးဘူးလို့ သိရပါတယ်။ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲအဲဒီဆင်းသီရိရပ်ကွက်က ရာအိမ်မှူးတွေအနေနဲ့ စီစစ်ပြီးတော့အဖွားရဲ့ရပိုင်ခွင့်တွေကို နိုင်ငံတော်ကိုတင်ပြပေးစေချင်ပါတယ်။သက်ကြီးထောက်ပံ့ကြေ းအတွက်
ဖွားကို စာရင်းဘာကြောင့်မကောက်တာလဲဆိုတာ မသိပေမဲ့အဖွားလိုဘဲ တခြားနေရာဒေသတွေက ကျန်ရစ်ခဲ့တဲ့သက်ကြီးဘိုးဘွားတွေအတွက်၎င်းတို့ရဲ့ သွေးသားတွေကလည်း သက်ဆိုင်ရာကို လိုအပ်တဲ့စာရွက်စာ တမ်းတွေနဲ့တကွ
သတင်းပို့ကြရန်တာဝန်ရှိပါတယ်။သက်ကြီးထောက်ပုံကြေးကိုအသက်(၈၅)နှစ်ပြည့် အဖိုးအဖွားတွေအတွက် (၃)လတစ်ကြိမ်နိုင်ငံတော်မှ တစ်လတစ်သောင်းကျပ်နှုန်းဖြင့် ပံ့ပိုးပေးနေတာဖြစ်ပါတယ်။ အဖွားနဲ့ပါတ် သတ်တဲ့ သတင်း
အချက်အလက်တွေကိုတော့ 09-765000290 ဦးအုပ်ကြီး (ခ) ကိုခင်မောင်သန်းထံ မေးမြန်းနိုင်ပါတယ်။

Zawgyi Version

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ်(၁)ရပ်ကွက်၊ ဆင်းသီရိ(၄)လမ်း၏တစ်ဘက်ကျူးကျော်မြေယာမှာနေထိုင်တဲ့ အဖွားဒေါ်ဂေါင်းစိမ်းဟာ အသက်(၁၀၃)နှစ်ရှိနေပြီလို့သိရပြီး နိုင်ငံတော် ပေးအပ်သော သက်ကြီးထောက်ပံ့ငွေကိခုထိမရရှိသေးဘူးလို့ သိရပါတယ်။ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲအဲဒီဆင်းသီရိရပ်ကွက်က ရာအိမ်မှူးတွေအနေနဲ့ စီစစ်ပြီးတော့အဖွားရဲ့ရပိုင်ခွင့်တွေကို နိုင်ငံတော်ကိုတင်ပြပေးစေချင်ပါတယ်။သက်ကြီးထောက်ပံ့ကြေ းအတွက်ဖွားကို စာရင်းဘာကြောင့်မကောက်တာလဲဆိုတာ မသိပေမဲ့အဖွားလိုဘဲ တခြားနေရာဒေသတွေက ကျန်ရစ်ခဲ့တဲ့သက်ကြီးဘိုးဘွားတွေအတွက်၎င်းတို့ရဲ့ သွေးသားတွေကလည်း သက်ဆိုင်ရာကို လိုအပ်တဲ့စာရွက်စာ တမ်းတွေနဲ့တကွသတင်းပို့ကြရန်တာဝန်ရှိပါတယ်။သက်ကြီးထောက်ပုံကြေးကိုအသက်(၈၅)နှစ်ပြည့် အဖိုးအဖွားတွေအတွက် (၃)လတစ်ကြိမ်နိုင်ငံတော်မှ တစ်လတစ်သောင်းကျပ်နှုန်းဖြင့် ပံ့ပိုးပေးနေတာဖြစ်ပါတယ်။ အဖွားနဲ့ပါတ် သတ်တဲ့ သတင်အချက်အလက်တွေကိုတော့ 09-765000290 ဦးအုပ်ကြီး (ခ) ကိုခင်မောင်သန်းထံ မေးမြန်းနိုင်ပါတယ် #credit