Celebrities

ပေါင်မုန့်ရောင်းတဲ့အဘွားကို အလှူငွေ (၁)သိန်းကျပ် လှူဒါန်းပေးခဲ့တဲ့ ချမ်းမြေ့မောင်ချို

Myanmar Idol season 3 ရဲ့ ဒုတိယဆုရှင် ချမ်းမြေ့မောင်ချိုဟာဆိုရင် သူမရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ သူမရဲ့ သာယာချိုမြတဲ့ အသံလေးကြောင့် သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားသူလေးပါ။နယ်ပွဲတွေမှာ အဆက်မပြတ် သီချင်းသွားဆိုနေတဲ့ မောင်ချိုက သူမရဲ့အနုပညာကို ပရိသတ်တွေထံ ချပြရင်းပျော်နေတာပဲ ဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ ချမ်းမြေ့မောင်ချိုက ပေါင်မုန့်ရောင်းတဲ့အဘွားကို အလှူငွေ (၁) သိန်း လှူဒါန်းပေးတဲ့အကြောင်းကို ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။စေတနာတရားထက်သန်စွာနဲ့ ပေါင်မုန့်ရောင်းတဲ့အဘွားကို အလှူငွေ (၁)သိန်းကျပ် လှူဒါန်းပေးခဲ့တဲ့ မောင်ချိုရဲ့အကြောင်းကိုချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။
ပေါင်မုန့်ရောင်းတဲ့အဘွားကို အလှူငွေ (၁) သိန်းကျပ် လှူဒါန်းပေးခဲ့တဲ့ မောင်ချိုရဲ့အကြောင်းကို မောင်ချိုရဲ့ အစ်ကိုဖြစ်သူက ” ကိုယ်ရောက် တော့ ပါမုန့်ကုန်သွားပြီ သားဆိုလို့ ငွေ ၅၀၀၀၀ ပဲကန်တော့လိုက်ရတယ်ကျနော့် အတူ အလှူရှင်ကတော့ ကျနော့်ညီမလေး ChanMyae MgCho က (၁၀၀၀၀၀)ကျပ်နဲ့ အမေရိက က ကိုကြီး (Okkar Jaden Min Thu က(50000)ကျပ် ပဲဖြစ်ပါတယ်ခင်ဗျာ သာဓုသာဓုသာဓု ပါ ကိုကြီး နဲ့ ညီမလေး ?????? ” ဆိုပြီး ဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။အဘွားကိုကြည့်ရင်း သဒါ္ဓအားထက်သန်စွာ အလှူငွေလှူဒါန်းပေးခဲ့တဲ့ မောင်ချိုကလည်း ” ပြုသမျှကုသိုလ်အမျှပေးပါတယ် အမျှ အမျှ အမျှ ?????? ” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ပြန်လည်ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။မောင်ချိုရဲ့ အရမ်းဖြူစင်လွန်းတဲ့ စိတ်သဘောထားအမှန်ကို သိရှိလိုက်ရတဲ့အတွက် ပရိသတ်တွေလည်း ဝမ်းသာကျေနပ်မိမယ်လို့ ထင်ပါတယ်။သွေးမတော်သားမစပ်တဲ့ အဘွားကို ဂရုဏာစိတ်နဲ့ အလှူငွေ (၁) သိန်းကျပ် လှူဒါန်းပေးခဲ့တဲ့ မောင်ချိုလေးကိုချစ်ရင် ဒီပို့စ်လေးကို မျှဝေပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။#credit