Celebrities

ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေကြောင့် လူအများရဲ့ချစ်ခြင်းမေတ္တာတွေကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်ပွင့်

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ပွင့်ကတော့ ဟိုးအရင်ကတည်းက ဗီဒီယိုဇာတ်ကားတွေအများအပြားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေကလည်း သူမကို အရမ်းချစ်ကြပါတယ်နော်။ပွင့်က ယခုချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပြီး ပရိသတ်တွေရဲ့မေတ္တာကိုခံယူနေဆဲဖြစ်ပါတယ်။ပွင့်ရဲ့ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ပရိသတ်တွေက အားပေးကြည့်ရှု့ကြပါတယ်နော်။ ပွင့်က အစားအသောက်လေးတွေကိုလည်း မျိုးစုံချက်ပြုတ်တတ်တာဖြစ်လို့ သူမကိုယ်တိုင်ချက်ပြုတ်ထားတဲ့ အစားအသောက်တွေကို အွန်လိုင်းပေါ်မှာ ရောင်းချနေတာဖြစ်ပါတယ်။ပွင့်ရောင်းချတဲ့ စားဖွယ်စုံလေးတွေကိုလည်း ပရိသတ်တွေက အားပေးကြပြီး အရမ်းစားကောင်းတယ်လို့လည်း ချီးကျူးနေကြတာဖြစ်ပါတယ်နော်။ပွင့်ကတော့ အမြဲပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး သဘောကောင်းလို့လည်း လူချစ်လူခင်ပေါများနေတာဖြစ်ပါတယ်။  ပွင့်ကတော့ တေးရေးဝေကြီးနဲ့လည်း မောင်နှမအရင်းတွေလို ခင်မင်ပြီး “ပြုံးပြုံးလေးပါပဲ”ဆိုတဲ့ သီချင်းလေးကို ဝေကြီးနဲ့အတူတူသီဆိုထားသေးတာဖြစ်ပါတယ်။ပွင့်က အခုချိန်ထိလည်း အရင်ပုံစံအတိုင်းလေးပဲဖြစ်ပြီး အရမ်းချစ်စရာကောင်းနေတာဖြစ်ပါတယ်။ပွင့်ကတော့ “ကျွန်မနှုတ်ခမ်းနီလည်းဆိုးထားတယ်၊ဘီးကုပ်လေးလည်းပန်ထားတယ်၊နားကပ်လေးလည်းပန်ထားတယ် ကျွန်မဘယ်လောက်လှလဲ မလှဘူးပြောရင်အစ်မတို့ပဲငရဲကြီးမှာပေါ့”ဆိုပြီး ရေးသားကာ သူမပုံရိပ်လေးကို မျှဝေလာတာဖြစ်ပါတယ်နော်။
#credit myanmar load