Celebrities

မေမေအေသင်နဲ့ရုပ်ချင်းအရမ်းဆင်ပြီး ပါးဖောင်းဖောင်းလေးနဲ့ချစ်စရာကောင်းနေတဲ့ သမီးငယ်လေး ဗီးဗီး

ပရိသတ်ကြီးရေ…..အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းအေးအေးလေးတွေရော သီချင်းမြူးမြူးလေးတွေကိုပါ ပရိသတ်ရင်ထဲရောက်အောင်သီဆိုတတ်တဲ့ အေသင်ချိုဆွေကိုသိကြမယ်ထင်ပါတယ်နော်။ သူမရဲ့သီချင်းတွေဟာဆိုရင် တစ်ခတ်တခါက လူငယ်တွေကြားမှာရေပန်းစားခဲ့ပြီး အကြိုက်တွေ့ခဲ့တဲ့သီချင်းကောင်းလေးတွေပဲဖြစ်ပါတယ်။ အေသင်ဟာ အခုဆိုရင်ပါး‌ဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကိုပါပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

အေသင်ဟာ Single motherတစ်ယောက်အနေနဲ့ ရပ်တည်နေတာလည်းဖြစ်ပြီး သူချစ်တဲ့အနုပညာအလုပ်တွေကို ဆက်လက်ကြိုးစားလုပ်ကိုင်နေတာပါ။ အေသင့်ရဲ့သမီးဗီးဗီးလေးဟာလည်း အရွယ်နဲ့မလိုက်အောင်ကို လိမ္မာရေးခြားရှိပြီး စကားတတ်တဲ့ သမီးလေးဖြစ်ပါတယ်နော်။ ဒါ့ပြင် မေမေနဲ့လည်းအရမ်းရုပ်တူတာဖြစ်ပြီး ဆံပင်ကောက်ကောက်ပါးဖောင်းဖောင်းလေးနဲ့ ချစ်မွှေးပါတဲ့သူလေးပါ။

အေသင်ဟာ သမီးလေးရဲ့ပုံလေးတွေ၊ဗီဒီယိုလေးတွေကို မကြာခဏဆိုသလို social networkမှာတင်ပေးလေ့ရှိပါတယ်။ မကြာသေးမီကလည်း သူမရဲ့ Facebookစာမျက်နှာမှာ “Ivy in the green land” ဆိုတဲ့ captionလေးနဲ့ ဗီးဗီးလေးဆော့ကစားနေတဲ့ ပုံလေးတွေကို တင်ပေးလာပါတယ်။ ဗီးဗီးလေးဟာလည်း သနပ်ခါးလေးလိမ်းထားပြီးတော့ သူငယ်ချင်းတွေနဲ့ဆော့နေတာပါ။ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။#credit myanmar load