Celebrities

အလှူလေးတွေ ဆက်တိုက်ပြုလုပ်မိနေတာကြောင့် ပီတိဖြစ်နေတဲ့ ကော်နီ

ပရိသတ်ကြီးရေ ကော်နီကတော့ လွန်ခဲ့တဲ့ နှစ်များစွာကတည်းက အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုရရှိပြီး အနုပညာလောကမှာ အောင်မြင်မှုတွေရရှိထားတဲ့ သူတစ်ယောက်ပါ။ ခပ်ဟော့ဟော့နေထိုင်ဝတ်စားပြီးခေတ်ရှေ့ပြေးတဲ့ ဒီဇိုင်းတွေကို ဝတ်ဆင်တတ်ပေမဲ့ ကော်နီကတော့ ဘာသာတရားကို ကိုင်းရှိုင်းလှတဲ့ သူတစ်ယောက်ပါ။

အလှူအတန်းတွေကိုလည်း တတ်နိုင်သလောက်ပြုလုပ်လေ့ရှိတဲ့ သူတစ်ယောက်ဖြစ်ပြီး ဒီရက်ပိုင်းထဲမှာလည်း အလှူအတန်းတွေကို ဆက်တိုက်ပြုလုပ်နေတာကြောင့် ပီတိဖြစ်နေခဲ့တဲ့အကြောင်းကို သူ့ရဲ့လူမှုကါန်ရက်စာမျက်နှာကနေမျှဝေဖော်ပြလာခဲ့ပါတယ်။ “ဒီရက်ထဲအလှုလေးတွေဆက်နေမိပါတယ်။ မွေးမိခင်မှအစပြုခဲ့တာမို့ ရဟန်းအမ၊ ကျောင်းအမ၊ ဘဝမှာအေးချမ်းနေခဲ့ရပါတယ်။ ရဟန်းအမဆိုလေတော့လည်း ကျောင်းမှာ အသေးသုံးကစလို့ လိုအပ်သမျှဝေယျာဝစ္စ အလှုဒါနများစွာကိုလှုဒါန်းပြုကျင့်ရပါတယ်။ ဆရာတော် ကိုရင်ဘဝမှစလို့ ယခု(၁၉)ဘွဲ့ရ၊ ဒွိတိပိဋကတ်ဘွဲ့ရပြီးသည့် တိုင်အောင် ဆွမ်း စာအုပ်ခဲတံလေးကအစပြုခဲ့တဲ့အလှု။

ယခုတော့ဆရာတော်ကိုယ်ပိုင်ကျောင်းထိုင် ပိဋကတ်စာသင်တိုက်,ဖြစ်သည်လာအထိ ဝေယျာဝစ္စလိုအပ်သမျှ တတ်အားသ၍ မ တည်ပါဝင်လှုဒါန်းခွင့်ရခဲ့လို့ ယနေ့တော့ကြည်နူးပီတိများစွာဖြင့်ပါရှင်” လှူတန်းမှုတွေကို မျှဝေဖော်ပြထားတာပါ။ CeleGabar ပရိသတ်ကြီးရေ ကော်နီရဲ့အလှူလေးအတွက် သာဓုခေါ်ဆိုပေးခဲ့ကြပါဦး။

#credit cele gabar