Celebrities

မေမေ့ဗိုက်ထဲက ကလေးလေးကိုခန့်မှန်းပေးကာ ပျော်ရွှင်နေတဲ့ Austin လေးရဲ့ ဗီဒီယိုလေးတင်လိုက်တဲ့ မိုးယုစံ

တစ်ခေတ်တစ်ချိန်ထဲက နာမည်ကြီးလူကြိုက်များခဲ့တဲ့ မင်းသမီးလေးမိုးယုစံကတော့ ခုချိန်ထိပရိသတ်တွေရဲ့ အားပေးမှုကိုအခိုင်မာရရှိနေဆဲ ဖြစ်ပါတယ် ။ မိုးယုစံက ရုပ်ရည်လေးကချောမောလှပသလို အသားအရည်လေးကလည်း ဖြူဖွေးဝင်းဥနေတဲ့ မိန်းမချောလေး ဖြစ်ပါတယ် ။ ဒါကြောင့်လည်း မိုးယုစံက အိမ်ထောင်ကျပြီး သားလေးတစ်ယောက်မွေးဖွားထားတာတောင်မှ အရွယ်တင်လှပနေဆဲ ဖြစ်ပါတယ် ။

လက်ရှိမှာတော့ မိုးယုစံက သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်းသာ လုပ်ကိုင်နေတဲ့ မိုးယုစံက သားလေးကို အချိန်ပြည့်ပြုစုစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ် ။ သားလေးရဲ့ ချစ်စရာ ဗီဒီယိုလေးတွေကိုလည်း မကြာခဏဖော်ပြလေ့ရှိတာ တွေ့ရပါတယ်

အခုမှာတော့ မေမေ့ဗိုက်ထဲက ကလေးလေးကို ညီလေးလား ညီမလေးလားခန့်မှန်းပေးကာ ပျော်ရွှင်နေတဲ့ Austin လေးရဲ့ ဗီဒီယိုလေးကို သူမရဲ့ဖေ့ဘွတ်အကောင့်မှာ ဖော်ပြထားတာတွေ့ရပါတယ်။ ဗီဒီယိုလေးထဲမှာ austin လေးတစ်ယောက် အရမ်းချစ်ဖို့ကောင်းနေတာလည်းဖြစ်ပါတယ် ။ ချစ်ပရိသတ်ကြီးတွက် သားသားလေးရဲ့ ဗီဒီယိုလေးကို ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

#credit